Reading 2

စစ်ဆေးအကဲဖြတ်ရသည့်ရည်ရွယ်ချက်ပေါ်မူတည်၍ အမျိုးအစား (၃) မျိုးခွဲခြားနိုင်သည်။

စစ်ဆေးအကဲဖြတ်သည့်ပုံစံ(၃)မျိုး

  • သင်ယူမှုအတွက်စစ်ဆေးအကဲဖြတ်ခြင်း  (Assessment For Learning)
  • သင်ယူမှုအဖြစ်စစ်ဆေးအကဲဖြတ်ခြင်း (Assessment As Learning)
  • သင်ယူမှုကိုစစ်ဆေးအကဲဖြတ်ခြင်း (Assessment Of Learning)

သင်ယူမှုအတွက်စစ်ဆေးအကဲဖြတ်ခြင်း  (Assessment For Learning) – ဤအမျိုးအစားသည် ကလေးများ၏ သင်ယူမှု လိုအပ်ချက်နှင့် သင်ယူတိုးတက်မှုများကိုသိရှိရန် သင်ကြားသင်ယူမှုပြုလုပ်နေစဥ် တလျှောက်လုံးတွင် ဆရာ၊မ များနှင့် အတူကလေးများကိုယ်တိုင်ပါ၀င်ရသည့် စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းဖြစ်သည်။ ကလေးများ၏သင်ယူမှုပုံစံ၊ သင်ယူမှု အခြေအနေ စဥ်ဆက်မပြတ် လေ့လာကြည့်ရှု၍ ဆရာ၊မများမှ ကလေးများနှင့်ကိုက်ညီသော  သင်ကြားနည်း စနစ်များ ကိုအသုံးပြု သင်ကြား၍တစ်ဦးချင်းစီ၏ လိုအပ်ချက်များကိုတတ်နိုင်သလောက် ကူညီပံ့ပိုးပေးနိုင်သည့် နည်းလမ်း ဖြစ်သည်။ဥပမာ- အတန်းတွင်းပြုလုပ်သော သင်ယူမှုလုပ်ငန်းများ။

သင်ယူမှုအဖြစ်စစ်ဆေးအကဲဖြတ်ခြင်း (Assessment As Learning) – ဤနည်းသည်ဆရာ၊မ များမှ ကလေးများ  ကိုယ်တိုင် စစ်ဆေးအကဲဖြတ်ခြင်း၏သဘောသဘာ၀ကိုလေ့လာသိရှိ၍ စစ်ဆေးအကဲဖြတ်မှုဖြစ်စဥ်များတွင် တက်ကြွစွာပါ၀င်ခြင်း၊ကလေးများကိုယ်တိုင်သင်ယူမှုရလဒ်များကိုစစ်ဆေးနိုင်ရန်လမ်းညွှန်ပေးခြင်းတို့ကြောင့်ဤစစ်ဆေးအကဲဖြတ်ခြင်းသည် ကလေးများ၏စဥ်ဆက်မပြတ် ဖွံဖြိုးတိုးတက်မှုကိုအထောက်အကူပြုသောနည်းလဲဖြစ်သည်။ ဥပမာ- self-assessment checklistသင်ယူမှုကိုစစ်ဆေးအကဲဖြတ်ခြင်း (Assessment Of Learning) – သင်ယူမှုကိုစစ်ဆေးခြင်းသည်ကလေးများလေ့လာ သင်ယူခဲ့ရသည့်သင်ခန်းစာများအပေါ်နားလည်တတ်မြောက်မှု၊သင်ယူမှုရလဒ်များကိုသိရှိရန်သင်ခန်းစာပြီးဆုံးချိန်(သို့)သတ်မှတ်ထားသည့်စာမေးပွဲကာလများတွင်စစ်ဆေးအကဲဖြတ်သွားသည့်နည်းလမ်းဖြစ်သည်။ သင်ယူမှုကို စစ်ဆေး အကဲဖြတ်ရာတွင်စာမေးပွဲများကျင်းပပြုလုပ်ရာတွင်က‌ေလးများ၏စိတ်ပိုင်း ဆိုင်ရာဖွံဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေနိုင်သကဲ့သို့စာမေးပွဲရလဒ်များကြောင့်ကလေးများစိတ်ဓာတ်ကျခြင်းကိုဖြစ်စေနိုင်သည့်စစ်ဆေးအကဲဖြတ်သည့်နည်းလမ်းဖြစ်သည်။ဥပမာ-အတန်းတင်စာမေးပွဲများ။