Reading

ငြိမ်းချမ်းရေးပညာရပ်အကြောင်းစာပိုဒ်ဖတ်ပါ။

ငြိမ်းချမ်းရေးပညာရပ်ဟုသည် အကြမ်းဖက်မှုကို ငြိမ်းချမ်းမှုအသွင်သို့ကူးပြောင်းနိုင်မည့် အသိပညာဗဟု သုတများ တိုးပွားလာစေရန် ၎င်းနှင့်သက်ဆိုင်သော နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများမြှင့်တင်ပေးနိုင် ရန်နှင့် စံတန်ဖိုးထားမှုများ အားပေးပျိုးထောင်ပေးနိုင်စေရန် ရည်ရွယ်ပါသည်။ ငြိမ်းချမ်းရေးသင်ရိုးကို သင်ကြားပို့ချသော ဆရာများက လူတို့သည် ငြိမ်းချမ်းစွာရှင်သန်နေထိုင်ရမှုကို ပိုမိုနှစ်ခြိုက်ကြသည်။ အကြမ်းဖက်မှုသည် သဘာဝကျသောအရာမဟုတ်သလို ရှောင်လွဲမရသော အခြင်းအရာတစ်ခုလည်း မဟုတ်ကြောင်း ယုံကြည်လက်ခံထားသူများဖြစ်သည်။ ငြိမ်းချမ်းရေးဘာသာရပ်ကို သင်ကြားပို့ချသော ဆရာများသည် ငြိမ်းချမ်းရေးက လူတိုင်းအတွက် ဖြစ်နိုင်သည်ဆိုသည်ကို ယုံကြည်လက်ခံထားရမည်ဖြစ် သည်။ 
ငြိမ်းချမ်းရေးဘာသာရပ်သည် အခြားဘာသာရပ်များကဲ့သို့ အသိပညာဗဟုသုတတိုးပွားစေရုံးသာ အာရုံစိုက်သော ဘာသာရပ်မျိုးမဟုတ်ပေ။ ပဋိပက္ခကိုကိုင်တွယ်ရခြင်း၊ ဆန့်ကျင်ဘက်အမြင်ရှုထောင့်များ နှင့် ပြင်းထန်သောစိတ်ခံစားမှုများ ထုတ်ဖော်ကြရခြင်းတို့ကြောင့် ငြိမ်းချမ်းရေးဘာသာရပ်သည် အခြား သောဘာသာရပ်များထက် ပို၍ ထိလွယ် ရှလွယ်ဖြစ်တတ်သည်။ ငြိမ်းချမ်းရေးဘာသာရပ်ကို လေ့လာသင် ယူလိုသော သင်ယူများသည် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး သီအိုရီဆိုင်ရာ ဗဟုသုတကိုသာ ရရှိမည်မဟုတ်ဘဲ အကြမ်းဖက်မှုကိုငြိမ်းချမ်းမှုအသွင်သို့ ကူးပြောင်းနိုင်သည့် နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် မိမိတို့ ရရှိသော အသိပညာဗဟုသုတအပေါ်အခြေခံ၍ လက်တွေ့ပြုလုပ်ဆောင်ရွက်လိုသော ခံယူချက်များကို လည်းရရှိစေမည်ဖြစ်သည်။ ငြိမ်းချမ်းရေးပညာရပ်သည် ငြိမ်းချမ်းသောအပြောင်းအလဲကို ဖော်ဆောင်လို သောသတ္တိကို သင်ကြားပေးသလို၊ မတရားမှု၊ မညီမျှမှုနှင့် အကြမ်းဖက်မှုသံသရာများကို အဆုံးသတ်စေနိုင် မည့် စွမ်းရည်များ မြှင့်တင်ပေးရန်ဖြစ်သည်။ 


ကိုးကား – ပဋိပက္ခနှင့် ငြိမ်းချမ်းရေး အတွဲ (၁) (မုခ်ဦးပညာရေး)