Reading – ကူညီပံ့ပိုးခြင်း (Facilitation) ၏ အဓိပ္ပါယ်

ကူညီပံ့ပိုးခြင်း (Facilitation) ၏ အဓိပ္ပါယ်

အတူတူအလုပ်လုပ်ဆောင်သော အဖွဲ့အစည်းများ၊ အုပ်စုများအား ၎င်းတို့၏ ဦးတည်ချက်များပန်းတိုင်များသို့ရောက်ရှိစေပြီး ပိုမိုထိရောက်စွာအလုပ်လုပ်ကိုင်နိုင်စေရန် အစည်းအဝေးများ (သို့) ဆွေးနွေးပွဲများအဆင်ပြေချောမွေ့စေရေးအတွက် ထိန်းညှိကူညီလုပ်ဆောင်ပေးခြင်းကို ဆိုလိုသည်။ ထိုသို့ပြုလုပ်ရာတွင် ဘက်လိုက်ခြင်းမရှိဘဲကြားနေအဖြစ်ဆောင်ရွက်ရန်လိုအပ်သည်။ အတွေ့အကြုံအခြေခံသင်ယူမှုဖြစ်ပေါ်ဖို့ သင်ယူသူတွေကို ကူညီပံ့ပိုးတဲ့အခါမှာ ဆရာတွေကသင်ယူလေ့လာမှုကို အားပေးသည့် လုံခြုံသောပတ်ဝန်းကျင်ကိုဖန်တီးပေးခြင်း သင်ယူလေ့လာရန်အတွေ့အကြုံအခွင့်အလမ်းများရှာဖွေ/ ဖန်တီးပေးခြင်း ပြန်လည်သုံးသပ်ရန် စိန်ခေါ်မှုရှိသော မေးခွန်းများ/ လေ့ကျင့်ခန်းများပေးခြင်း အရင်းအမြစ်များနှင့် အခြားလေ့လာနိုင်ရန် နည်းလမ်းများကို ပံ့ပိုးပေးခြင်း/ ညွှန်ပြပေးခြင်း ဆွေးနွေးမှုများအဆင်ပြေချောမွေ့စေရန် စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်းနှင့် ကူညီပံ့ပိုး​ပေးခြင်းသင်ယူလေ့လာမှုပန်းတိုင်များကို ကူညီချမှတ်ပေးခြင်း သင်ယူလေ့လာမှုပန်းတိုင်သို့ ရောက်ရှိမှုရှိမရှိကို အကဲဖြတ်စစ်ဆေးကာ အကြံပြုချက်ပေးခြင်း တို့ကို ပြုလုပ်ရန်လိုအပ်သည်။