Case Study (all inclusive about physical, emotional, spiritual, sexual, social)


ဆရာမ ဒေါ်ဝါသည် မူလတန်းပြ ဆရာမတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည် သူတို့၏ကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်တစ်ခုရှိပြီး ကျောင်းသားပေါင်း နှစ်ရာကျော်တက်ရောက်၍ ပညာသင်ကြားလျက်ရှိသည်။ ကျောင်းဆောင်သည် ဆောက်လက်စဖြစ်ပြီး အဆောက်အဦးအတွက် ပစ္စည်းများထားရှိပြီး ကျောင်း၏ လှေကားများ ဝရံတာများတွင် ကာရန်ထားခြင်းများလည်းမရှိပါ။ ကျောင်း၏ အိမ်သာများသည်လည်း ကျောင်းဝန်း၏ ထောင့်တနေရာ ကျောင်းဆောင်၏ အလှမ်းဝေးသော နေရာတွင် ရှိနေသည်။ ကျောင်းအုပ်ကြီးအနေဖြင့်လည်း ဘာသာရေး၊ လူမျိုးခွဲခြားတတ်သူလည်း ဖြစ်သည်။
တစ်နေ့တွင် ခန္ဓာကိုယ် ချို့ယွင်းချက်ရှိသော မောင်ကောင်းသည် ထိုကျောင်းသို့ ကျောင်းတက်ချင်သဖြင့် မိခင်နှင့်အတူ ကျောင်းအပ်သော်လည်း လက်ခံခြင်းမရှိပါ။

၁) ဤဖြစ်စဉ်တွင် ကလေးများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းနှင့် လူမှုရေးပိုင်း အတွက်ဘေးကင်းလုံခြုံမှုရှိသော ကျောင်းတစ်ကျောင်းဖြစ်ပါသလား။ ဘာကြောင့်လဲ။
၂) ဘေးကင်းလုံခြုသော သင်ယူမှုပတ်ဝန်းကျင် ဖြစ်အောင် သင့်အနေဖြင့် မည်သို့ သုံးသပ် အကြုံပြုချက်များ ပေးနိုင်မည်နည်း။