SECTION 1

3) “ဖြစ်ရပ်ကိုလေ့လာခြင်း”

ဖြစ်ရပ်ကိုလေ့လာခြင်း

——————–

သင်ကြားမှု အတွေ့အကြုံ(၁၂)နှစ်ရှိသော ဆရာတစ်ယောက်ဖြစ်သည်။ သင်ကြား၊ သင်ယူမှု ပြုလုပ်တိုင်း ကောင်းမွန်ထိရောက်သော သင်ထောက်ကူပစ္စည်းများကို အသုံးပြုသည်။ စာသင်ချိန်(၄၀)စာ ဥရောပသမိုင်း သင်ခန်းစာများကို သမိုင်းဦးမှသည် ယနေ့ခေတ်တိုင်အောင် Power Point များဖြင့် ပြင်ဆင်ထားသည်။ သင်ခန်းစာများကို သင်နေစဉ်နှင့် သင်ပြီးသည့် အချိန်များတွင် စစ်ဆေးအကဲဖြတ်ခြင်းများလည်း ပြုလုပ်သည်။ ကျောင်းသားများအားလည်း ပရောဂျက်လုပ်ငန်းများ လက်တွေ့လုပ်ငန်းများဖြင့် လက်တွေ့ ပြုလုပ်စေပါသည်။ ကျောင်းသားများသည် သင်ခန်းစာများကို သင်ကြားရခြင်းများကို ပျော်ရွှင်ကြသော်လည်း သင်ခန်းစာများသည် မှတ်သားရသည့် အချက်များ များပြားခြင်းကြောင့် စာမေးပွဲဖြေဆိုသည့်အခါတွင် ပြဿနာဖြစ်ခဲ့သည်။ သမိုင်းဖြစ်စဉ်များကို ခေတ်အလိုက် ခွဲခြားထားခြင်းကြောင့် မှတ်သားရလွယ်ကူကြောင်း ဆရာမှ တုံ့ပြန်ပြောဆို ခဲ့သော်လည်း ကျောင်းသားများသည် စာမေးပွဲတွင် အရေးပါသောအချက်များကိုပင် မေ့လျော့ကုန်ကြသည်။