[Unicode]
နွေရာသီ (၃)လ ကျောင်းပိတ်ထားတော့ ကလေးတွေကို ကျူရှင်တွေပို့၊ အင်္ဂလိပ်စာသင်တန်းတွေပို့၊ ပန်းချီတို့ အားကစားသင်တန်းတို့ စတာတွေကို ပို့ထားကြတယ်မလား။ ကလေးကို အိမ်မှာ မျက်စိနောက်မှာ စိုးလို့ပဲ ပို့ပို့၊ တစ်ကယ်ကို ပညာရပ်တစ်ခု ရစေချင်လို့ပဲပို့ပို့ ကောင်းပါတယ်။ ကလေးရဲ့ ဝါသနာနဲ့ ကိုက်ညီတဲ့အရာတော့ ဖြစ်ပါစေ။ ဒီနေ့ မိဘတွေအတွက် ကလေးတွေရဲ့ ကျန်နေသေးတဲ့ နွေကျောင်းပိတ်ရက်တွေကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ဖို့ လုပ်ငန်း (၅) ခုကို မျှဝေချင်ပါတယ်။
၁) ကလေးတွေနဲ့ အတူ အစီအစဉ်ဆွဲပါ။
ကျန်နေသေးတဲ့ ကာလတွေကို ထိရောက်စွာ အသုံးချဖို့ ကလေးတွေကိုပါ ပါဝင်စေပြီး အစီအစဉ်ဆွဲပါ။
ဘာတွေလုပ်ခွင့်ရှိတယ်ဆိုတာလည်း မိဘတွေ အနေနဲ့ စဉ်းစားထားဖို့လိုပါတယ်။ ကလေးကို ဘာတွေလုပ်ချင်လဲဆိုရင်တော့ ထွက်လာမှာတွေက အများကြီးပါပဲ။ အဲဒီ့အတွက် ကိုယ်တိုင်က ပံ့ပိုးပေးနိုင်မယ့် လုပ်ငန်းတွေအားလုံးစဉ်းစားထားပြီး ကလေးတွေကို ပြောပြပါ။ အဲဒီ့အထဲကမှ ဘယ်လုပ်ငန်းတွေကို ဘယ်အချိန်တွေမှာ ဘယ်လိုလုပ်ချင်တယ်ဆိုတာကို အစီအစဉ်ဆွဲခိုင်းပါ။ ဥပမာ – ပန်းချီဆွဲ၊ အပင်စိုက်၊ အပင်ရေလောင်း၊ ဟင်းချက်၊ စာဖတ်.. စတဲ့ လုပ်ငန်းတွေထဲကရွေးချယ်ပြီးလုပ်ခိုင်းမယ်ဆိုရင် ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဟင်းချက်မယ့်နေ့မှာ ဘယ်လို ဟင်းမျိုး ချက်ကြည့်ချင်တယ်၊ ဘယ်ဟင်းချက်နည်းသင်ချင်တယ်ဆိုတာကို သူတို့ကို မေးပြီး အတူတူ အစီအစဉ်ဆွဲပါ။ အချိန် စီမံခန့်ခွဲနိုင်လာမယ့်အပြင်၊ အလုပ်ချိန် ကစားချိန် သင်ယူချိန် စသည်ဖြင့် ကွဲပြားစွာ မြင်ပြီး ဘက်စုံ သေချာစွာ လုပ်နိုင်လာမယ်။ ရွေးချယ်ပိုင်ခွင့်ရှိတဲ့အတွက် လုပ်ရမယ့်လုပ်ငန်းကို ပိုပြီး တန်ဖိုးထားတတ်လာလိမ့်မယ်။
၂) အိမ်တွင်းမှုလုပ်ငန်းသင်ပေးပါ။
အသက်အရွယ်ငယ်သေးပေမယ့် ကလေးတွေကို အိမ်တွင်းမှု အကြောင်းသင်ပေးပါ။ ဂျပန်မှာ ကျွန်မသွားခဲ့တဲ့ကျောင်းဆိုရင် အိမ်တွင်းမှုလုပ်ငန်းနဲ့ အိမ်သုံးပစ္စည်းတွေ အကြောင်းသီးသန့်သင်ပေးတယ်။ အခုနွေရာသီကျောင်းပိတ်ရက်မှာလည်း ကလေးတွေရဲ့ ရှေ့လာမယ့် အနာဂါတ်အတွက် အသုံးဝင်မယ့် အိမ်တွင်းမှုလုပ်ငန်းကို သင်ပေးပါ။ သူတို့နဲ့ ကိုက်ညီမယ့် လုပ်ငန်းလေးတွေကို စဉ်းစားပါ။ ကူညီခိုင်းပါ။ တစ်ခုခု ကွဲမှာ ပြုမှာ မစိုးရိိမ်ပါနဲ့။ နောက်တစ်ခါ အဲ့လို မဖြစ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာတွေကိုပါ ထပ်သင်ပေးလိုက်ပါ။
၃) သစ်ပင်စိုက်ခိုင်းပါ။
နွေရာသီဟာ ပူလောင်ပါတယ်။ အပင်နည်းလေလေ ပိုပူလေလေပါပဲ။ ဒါကြောင့် သူတို့ကြိုက်နှစ်သက်မယ့် အပင်လေးတွေရဲ့ အစေ့လေးတွေ ဝယ်ပေးပြီး အပင်စိုက်ခိုင်းပါ။ မြေကွက်လပ်မရှိရင် ပန်းအိုးလေးတွေကို သူတို့အတွက် သီးသန့်ထားပေးပါ။ ကျွန်မသိတဲ့ မိတ်ဆွေဆိုရင် အပင်လေးတွေကို နာမည်လေးတွေပေးတယ်။ ကျွန်မအိမ်က အပင်တွေကိုလည်း ကျွန်မက နာမည်လေးတွေပေးတယ်၊ ပြီးတော့ သူတို့ရဲ့ ဇာတ်လမ်းလေးတွေကို ကျွန်မက မှတ်တမ်းထားလေးရှိတယ်။ ကျွန်မအတွက်တော့ အပင်တွေက ကိုယ့်သားသမီးလိုခံစားရတယ်လေ။ ကလေးတွေကိုလည်း အပင်တွေနဲ့ သံယောဇာဉ်တွယ်အောင်ထားပါ။ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးတတ်လာပါလိမ့်မယ်။ အပင်လေးတွေရဲ့ ဖွံ့ဖြိုးမှုတွေအကြောင်း စာရေးခိုင်းတာဖြစ်ဖြစ်၊ အပင်နဲ့ ပတ်သတ်တာတွေ အကြောင်း စာဖတ်ခိုင်းတာဖြစ်ဖြစ်လည်း ချိတ်ဆက်ပြီးလုပ်ခိုင်းလို့ရပါတယ်။
၄) ပတ်ဝန်းကျင်လေ့လာရေးလုပ်ခိုင်းပါ။
ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေက သင်ယူစရာတွေပါ။ ဒါပေမယ့် ကျောင်းသွားမှ၊ စာသင်ခန်းထဲရောက်မှ၊ ဘွဲ့ရမှသာ သင်ယူခွင့်ရတယ်လို့ ထင်တတ်ကြတယ်။ အဲဒီ့တော့ စာသင်ခန်းပြင်ပရောက်တာနဲ့ မသင်ယူကြတော့ဘူး။ နွေရာသီ အားလပ်ရပ်မှာ ကလေးတွေကို ကိုယ့်ရဲ့ အိမ်ပတ်ဝန်းကျင်၊ ရပ်ကွက်၊ မြို့နယ်၊ တိုင်း အကြောင်းလေ့လာခိုင်းပါ။ ကိုယ့်အိမ်ပတ်ဝန်းကျင်က လူတွေရဲ့ အလုပ်အကိုင်တွေ၊ နေထိုင်မှုပုံစံတွေ၊ အိမ်တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေ စတာတွေကို ကလေးတွေကို အချက်အလက်စုပြီး သုံးသပ်ခိုင်းလို့ရပါတယ်။ ကိုယ့်ရပ်ရွာမှာရော ဘယ်လို လုပ်ကိုင်စားသောက်သူတွေပေါလဲ၊ ဘယ်လိုအခြေအနေတွေရှိကြလဲ စသည်ဖြင့် သိထားတော့ နောင်တစ်ချိန်လူကြီးဖြစ်တဲ့အခါ အထောက်အကူပြုမှာပါ။ အဲဒီ့အတွက် ရပ်ကွက်ထဲမှာ လမ်းလျှောက်ကြတာမျိုး၊ ရပ်ကွက်ထဲကလူကြီးတွေနဲ့ သွားပြီး စကားပြောခိုင်းတာမျိုးတွေ လုပ်ခိုင်းပါ။ အဲဒီ့အချိန်မှာ လူအမျိုးမျိုးနဲ့ ဘယ်လို ယဉ်ကျေးစွာ စကားပြောရမလဲဆိုတာကိုပါ သင်ပေးခွင့်ရမှာပါ။
၅) စာဖတ်ချိန် ပုံမှန် သတ်မှတ်ပေးပါ။
ကျွန်မ အမြဲ ပြောပါတယ်။ စာဖတ်တာကို စွဲ နေအောင် လုပ်ပေးပါလို့။ နွေရာသီဟာ စာဖတ်တာကိုစွဲနေအောင် လုပ်ဖို့ အကောင်းဆုံးပါ။ နေ့တိုင်း စာဖတ်ချိန် တိတိကျကျ သတ်မှတ်ပေးထားပါ။ တစ်နေ့ကို နာရီဝက် တစ်နာရီ အနည်းဆုံး ဖတ်ခိုင်းပါ။ ကြိုက်ရာစာအုပ်ဖတ်ပါစေ။ စာအုပ်အမျိုးအစား အစုံဖတ်ခိုင်းပါ။ ဒါမှ ကလေးက ဘယ်လို စာပေ အမျိုးအစားကို ဖတ်ရတာ ကြိုက်လဲ သိမှာပါ။ ကလေးတွေကို စာဖတ်ပြီးရင် ဖတ်တဲ့အကြောင်း ပြောပြခိုင်းပါ။ နားထောင်ဖို့ မအားရင် ရေးခိုင်းပါ။ ကလေးရဲ့ စာဖတ်ခြင်းကို အသိမှတ်ပြုတဲ့အနေနဲ့ နားထောင်ဖို့ဖြစ်ဖြစ် သူတို့ရေးတာကို ဖတ်ဖို့ဖြစ်ဖြစ် ၁၀ မိနစ်လောက်တော့ အချိန်ပေးပါ။ နွေရာသီမှာ စာအုပ်ဘယ်နှစ်အုပ်ဖတ်ခဲ့သလဲဆိုတာ ဂုဏ်ယူတတ်အောင် သင်ပေးပါ။
ကျွန်မတို့ မိဘတွေက ကလေးတွေကို တိုးတက်စေချင်တယ်၊ တော်စေချင်တယ်၊ ဒါပေမယ့် တစ်ခါတစ်လေမှာ သူတို့ရဲ့ စိတ်ဝင်စားမှုနဲ့ ဝါသနာတွေကို မေ့ထားကြတယ်။ နွေရာသီလည်း မနားရ – ကျူရှင်တစ်ခုပြီး တစ်ခု တက်ရတယ်၊ တစ်ကယ် ပညာတတ်သွားရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် စဉ်းစားစေချင်တာက ကလေးကို တစ်ခုခု လုပ်ခိုင်းတော့မယ်ဆိုရင် အဲဒီ့ အလုပ်က၊ အဲဒီ့အတန်းက ကလေးရဲ့ အနာဂါတ်ကို ဘယ်လို ပြင်ဆင်ပေးမလဲဆိုတာပါပဲ။ ကျွန်မတို့တစ်တွေ ကလေးတွေဖက်ကနေ စဉ်းစားပြီး သူတို့နဲ့ ကိုက်ညီသော၊ သူတို့ အနာဂါတ်အတွက် တစ်ကယ် လိုအပ်တဲ့ စွမ်းရည်တွေကို ရစေမယ့် လုပ်ငန်းတွေ ပေးပေးဖို့ မျှော်လင့်မိပါတယ်။ ကျွန်မ မျှဝေပေးခဲ့တဲ့ လုပ်ငန်း (၅)ခုက မိဘ တွေအတွက် အကျိုးများမယ်လို့ ယုံကြည်ပါတယ်။ သင်ယူမှုဖြင့် ပျော်မွေ့နိုင်ကြပါစေ။
မေတ္တာဖြင့်…….
Sayarma-ဆရာမ
Photo Taken from https://www.goodstart.org.au/news-and-advice/highfields-harvest-their-own-veggie-garden
[Zawgyi]
ေႏြရာသီ (၃)လ ေက်ာင္းပိတ္ထားေတာ့ ကေလးေတြကို က်ဴရွင္ေတြပို႕၊ အဂၤလိပ္စာသင္တန္းေတြပို႕၊ ပန္းခ်ီတို႕ အားကစားသင္တန္းတုိ႕ စတာေတြကို ပို႕ထားၾကတယ္မလား။ ကေလးကို အိမ္မွာ မ်က္စိေနာက္မွာ စိုးလုိ႕ပဲ ပို႕ပို႕၊ တစ္ကယ္ကို ပညာရပ္တစ္ခု ရေစခ်င္လို႕ပဲပို႕ပို႕ ေကာင္းပါတယ္။ ကေလးရဲ႕ ဝါသနာနဲ႕ ကိုက္ညီတဲ့အရာေတာ့ ျဖစ္ပါေစ။ ဒီေန႕ မိဘေတြအတြက္ ကေလးေတြရဲ႕ က်န္ေနေသးတဲ့ ေႏြေက်ာင္းပိတ္ရက္ေတြကို ထိေရာက္စြာ ပံ့ပိုးေပးနုိင္ဖုိ႕ လုပ္ငန္း (၅) ခုကို မွ်ေဝခ်င္ပါတယ္။
၁) ကေလးေတြနဲ႕ အတူ အစီအစဥ္ဆြဲပါ။
က်န္ေနေသးတဲ့ ကာလေတြကို ထိေရာက္စြာ အသံုးခ်ဖို႕ ကေလးေတြကိုပါ ပါဝင္ေစျပီး အစီအစဥ္ဆြဲပါ။
ဘာေတြလုပ္ခြင့္ရွိတယ္ဆိုတာလည္း မိဘေတြ အေနနဲ႕ စဥ္းစားထားဖုိ႕လိုပါတယ္။ ကေလးကို ဘာေတြလုပ္ခ်င္လဲဆိုရင္ေတာ့ ထြက္လာမွာေတြက အမ်ားၾကီးပါပဲ။ အဲဒီ့အတြက္ ကိုယ္တိုင္က ပံ့ပိုးေပးနုိင္မယ့္ လုပ္ငန္းေတြအားလံုးစဥ္းစားထားျပီး ကေလးေတြကို ေျပာျပပါ။ အဲဒီ့အထဲကမွ ဘယ္လုပ္ငန္းေတြကို ဘယ္အခ်ိန္ေတြမွာ ဘယ္လိုလုပ္ခ်င္တယ္ဆိုတာကို အစီအစဥ္ဆြဲခိုင္းပါ။ ဥပမာ – ပန္းခ်ီဆြဲ၊ အပင္စိုက္၊ အပင္ေရေလာင္း၊ ဟင္းခ်က္၊ စာဖတ္.. စတဲ့ လုပ္ငန္းေတြထဲကေရြးခ်ယ္ျပီးလုပ္ခုိင္းမယ္ဆိုရင္ ဘယ္ေန့မွာ ဘာလုပ္မယ္၊ ဟင္းခ်က္မယ့္ေန့မွာ ဘယ္လို ဟင္းမ်ိဳး ခ်က္ၾကည့္ခ်င္တယ္၊ ဘယ္ဟင္းခ်က္နည္းသင္ခ်င္တယ္ဆိုတာကို သူတို႕ကို ေမးျပီး အတူတူ အစီအစဥ္ဆြဲပါ။ အခ်ိန္ စီမံခန္႕ခြဲနုိင္လာမယ့္အျပင္၊ အလုပ္ခ်ိန္ ကစားခ်ိန္ သင္ယူခ်ိန္ စသည္ျဖင့္ ကြဲျပားစြာ ျမင္ျပီး ဘက္စံု ေသခ်ာစြာ လုပ္နုိင္လာမယ္။ ေရြးခ်ယ္ပိုင္ခြင့္ရွိတဲ့အတြက္ လုပ္ရမယ့္လုပ္ငန္းကို ပိုျပီး တန္ဖိုးထားတတ္လာလိမ့္မယ္။
၂) အိမ္တြင္းမွဳလုပ္ငန္းသင္ေပးပါ။
အသက္အရြယ္ငယ္ေသးေပမယ့္ ကေလးေတြကို အိမ္တြင္းမွဳ အေၾကာင္းသင္ေပးပါ။ ဂ်ပန္မွာ ကၽြန္မသြားခဲ့တဲ့ေက်ာင္းဆိုရင္ အိမ္တြင္းမွဳလုပ္ငန္းနဲ႕ အိမ္သံုးပစၥည္းေတြ အေၾကာင္းသီးသန္႕သင္ေပးတယ္။ အခုေႏြရာသီေက်ာင္းပိတ္ရက္မွာလည္း ကေလးေတြရဲ႕ ေရွ႕လာမယ့္ အနာဂါတ္အတြက္ အသံုးဝင္မယ့္ အိမ္တြင္းမွဳလုပ္ငန္းကို သင္ေပးပါ။ သူတို႕နဲ႕ ကိုက္ညီမယ့္ လုပ္ငန္းေလးေတြကို စဥ္းစားပါ။ ကူညီခုိင္းပါ။ တစ္ခုခု ကြဲမွာ ျပဳမွာ မစိုးရိိမ္ပါနဲ႕။ ေနာက္တစ္ခါ အဲ့လို မျဖစ္ေအာင္ ဘယ္လို လုပ္ရမယ္ဆိုတာေတြကိုပါ ထပ္သင္ေပးလုိက္ပါ။
၃) သစ္ပင္စိုက္ခုိင္းပါ။
ေႏြရာသီဟာ ပူေလာင္ပါတယ္။ အပင္နည္းေလေလ ပိုပူေလေလပါပဲ။ ဒါေၾကာင့္ သူတို႕ၾကိဳက္ႏွစ္သက္မယ့္ အပင္ေလးေတြရဲ႕ အေစ့ေလးေတြ ဝယ္ေပးျပီး အပင္စိုက္ခုိင္းပါ။ ေျမကြက္လပ္မရွိရင္ ပန္းအိုးေလးေတြကို သူတို႕အတြက္ သီးသန္႕ထားေပးပါ။ ကၽြန္မသိတဲ့ မိတ္ေဆြဆိုရင္ အပင္ေလးေတြကို နာမည္ေလးေတြေပးတယ္။ ကၽြန္မအိမ္က အပင္ေတြကိုလည္း ကၽြန္မက နာမည္ေလးေတြေပးတယ္၊ ျပီးေတာ့ သူတို႕ရဲ႕ ဇာတ္လမ္းေလးေတြကို ကၽြန္မက မွတ္တမ္းထားေလးရွိတယ္။ ကၽြန္မအတြက္ေတာ့ အပင္ေတြက ကိုယ့္သားသမီးလိုခံစားရတယ္ေလ။ ကေလးေတြကိုလည္း အပင္ေတြနဲ႕ သံေယာဇာဥ္တြယ္ေအာင္ထားပါ။ သဘာဝပတ္ဝန္းက်င္ကို ျမတ္နုိးတတ္လာပါလိမ့္မယ္။ အပင္ေလးေတြရဲ႕ ဖြံ႕ျဖိဳးမွုေတြအေၾကာင္း စာေရးခုိင္းတာျဖစ္ျဖစ္၊ အပင္နဲ႕ ပတ္သတ္တာေတြ အေၾကာင္း စာဖတ္ခိုင္းတာျဖစ္ျဖစ္လည္း ခ်ိတ္ဆက္ျပီးလုပ္ခုိင္းလို႕ရပါတယ္။
၄) ပတ္ဝန္းက်င္ေလ့လာေရးလုပ္ခုိင္းပါ။
ကၽြန္မတို႕ ပတ္ဝန္းက်င္မွာ ျဖစ္ပ်က္ေနတဲ့ အရာေတြက သင္ယူစရာေတြပါ။ ဒါေပမယ့္ ေက်ာင္းသြားမွ၊ စာသင္ခန္းထဲေရာက္မွ၊ ဘြဲ႕ရမွသာ သင္ယူခြင့္ရတယ္လို႕ ထင္တတ္ၾကတယ္။ အဲဒီ့ေတာ့ စာသင္ခန္းျပင္ပေရာက္တာနဲ႕ မသင္ယူၾကေတာ့ဘူး။ ေႏြရာသီ အားလပ္ရပ္မွာ ကေလးေတြကို ကိုယ့္ရဲ႕ အိမ္ပတ္ဝန္းက်င္၊ ရပ္ကြက္၊ ျမိဳ႕နယ္၊ တုိင္း အေၾကာင္းေလ့လာခုိင္းပါ။ ကိုယ့္အိမ္ပတ္ဝန္းက်င္က လူေတြရဲ႕ အလုပ္အကိုင္ေတြ၊ ေနထုိင္မွဳပံုစံေတြ၊ အိမ္ေတြရဲ႕ ဖြဲ႕စည္းတည္ေဆာက္ပံုေတြ စတာေတြကို ကေလးေတြကို အခ်က္အလက္စုျပီး သံုးသပ္ခုိင္းလို႕ရပါတယ္။ ကိုယ့္ရပ္ရြာမွာေရာ ဘယ္လို လုပ္ကိုင္စားေသာက္သူေတြေပါလဲ၊ ဘယ္လိုအေျခအေနေတြရွိၾကလဲ စသည္ျဖင့္ သိထားေတာ့ ေနာင္တစ္ခ်ိန္လူၾကီးျဖစ္တဲ့အခါ အေထာက္အကူျပဳမွာပါ။ အဲဒီ့အတြက္ ရပ္ကြက္ထဲမွာ လမ္းေလွ်ာက္ၾကတာမ်ိဳး၊ ရပ္ကြက္ထဲကလူၾကီးေတြနဲ႕ သြားျပီး စကားေျပာခုိင္းတာမ်ိဳးေတြ လုပ္ခိုင္းပါ။ အဲဒီ့အခ်ိန္မွာ လူအမ်ိဳးမ်ိဳးနဲ႕ ဘယ္လို ယဥ္ေက်းစြာ စကားေျပာရမလဲဆိုတာကိုပါ သင္ေပးခြင့္ရမွာပါ။
၅) စာဖတ္ခ်ိန္ ပံုမွန္ သတ္မွတ္ေပးပါ။
ကၽြန္မ အျမဲ ေျပာပါတယ္။ စာဖတ္တာကို စြဲ ေနေအာင္ လုပ္ေပးပါလို႕။ ေႏြရာသီဟာ စာဖတ္တာကိုစြဲေနေအာင္ လုပ္ဖုိ႕ အေကာင္းဆံုးပါ။ ေန႕တုိင္း စာဖတ္ခ်ိန္ တိတိက်က် သတ္မွတ္ေပးထားပါ။ တစ္ေန႕ကို နာရီဝက္ တစ္နာရီ အနည္းဆံုး ဖတ္ခုိင္းပါ။ ၾကိုက္ရာစာအုပ္ဖတ္ပါေစ။ စာအုပ္အမ်ိဳးအစား အစံုဖတ္ခုိင္းပါ။ ဒါမွ ကေလးက ဘယ္လို စာေပ အမ်ိဳးအစားကို ဖတ္ရတာ ၾကိဳက္လဲ သိမွာပါ။ ကေလးေတြကို စာဖတ္ျပီးရင္ ဖတ္တဲ့အေၾကာင္း ေျပာျပခုိင္းပါ။ နားေထာင္ဖုိ႕ မအားရင္ ေရးခုိင္းပါ။ ကေလးရဲ႕ စာဖတ္ျခင္းကို အသိမွတ္ျပဳတဲ့အေနနဲ႕ နားေထာင္ဖုိ႕ျဖစ္ျဖစ္ သူတို႕ေရးတာကို ဖတ္ဖို႕ျဖစ္ျဖစ္ ၁၀ မိနစ္ေလာက္ေတာ့ အခ်ိန္ေပးပါ။ ေႏြရာသီမွာ စာအုပ္ဘယ္ႏွစ္အုပ္ဖတ္ခဲ့သလဲဆိုတာ ဂုဏ္ယူတတ္ေအာင္ သင္ေပးပါ။
ကၽြန္မတုိ႕ မိဘေတြက ကေလးေတြကို တိုးတက္ေစခ်င္တယ္၊ ေတာ္ေစခ်င္တယ္၊ ဒါေပမယ့္ တစ္ခါတစ္ေလမွာ သူတို႕ရဲ႕ စိတ္ဝင္စားမွဳနဲ႕ ဝါသနာေတြကို ေမ့ထားၾကတယ္။ ေႏြရာသီလည္း မနားရ – က်ဴရွင္တစ္ခုျပီး တစ္ခု တက္ရတယ္၊ တစ္ကယ္ ပညာတတ္သြားရင္ေတာ့ ေကာင္းပါတယ္။ ဒါေပမယ့္ စဥ္းစားေစခ်င္တာက ကေလးကို တစ္ခုခု လုပ္ခုိင္းေတာ့မယ္ဆိုရင္ အဲဒီ့ အလုပ္က၊ အဲဒီ့အတန္းက ကေလးရဲ႕ အနာဂါတ္ကို ဘယ္လို ျပင္ဆင္ေပးမလဲဆုိတာပါပဲ။ ကၽြန္မတို႕တစ္ေတြ ကေလးေတြဖက္ကေန စဥ္းစားျပီး သူတို႕နဲ႕ ကိုက္ညီေသာ၊ သူတုိ႕ အနာဂါတ္အတြက္ တစ္ကယ္ လိုအပ္တဲ့ စြမ္းရည္ေတြကို ရေစမယ့္ လုပ္ငန္းေတြ ေပးေပးဖုိ႕ ေမွ်ာ္လင့္မိပါတယ္။ ကၽြန္မ မွ်ေဝေပးခဲ့တဲ့ လုပ္ငန္း (၅)ခုက မိဘ ေတြအတြက္ အက်ိဳးမ်ားမယ္လို႕ ယံုၾကည္ပါတယ္။ သင္ယူမွဳျဖင့္ ေပ်ာ္ေမြ႕နုိင္ၾကပါေစ။
ေမတၱာျဖင့္…….
Sayarma-ဆရာမ Photo Taken from https://www.goodstart.org.au/news-and-advice/highfields-harvest-their-own-veggie-garden