စစ်ဆေးအကဲဖြတ်ခြင်းဆိုသည်မှာ – စစ်ဆေးခြင်းနှင့်အကဲဖြတ်ခြင်းကိုပေါင်းစပ်ထားသောစကားလုံးဖြစ်သည်။ စစ်ဆေးခြင်းသည်ကလေးများ၏သင်ယူမှုအခြေအနေ၊သင်ခန်းစာနှင့်ကလေးကိုက်ညီမှုရှိမရှိနှင့်ကလေးများ၏လိုအပ်ချက်များနှင့်တတ်မြောက်မှုအခြေအနေစသည်တို့ကိုသိရှိရန်လုပ်ဆောင်သည့်လုပ်ငန်းများဖြစ်သည်။အကဲဖြတ်ခြင်းသည်ကလေး၏တတ်မြောက်ထားမှု၊ရောက်ရှိနေသည့်အခြေအနေနှင့်ဆက်လက်လုပ်ဆောင်သင့်သည်ကိုညွှန်းဆိုသောလုပ်ငန်းများဖြစ်သည်။စစ်ဆေးအကဲဖြတ်ခြင်းကိုသင်ယူမှုအဆင့်များစွာတွင်ပြုလုပ်ရန်လိုအပ်ပြီးကလေး၊မိဘ၊ဆရာ၊ဆရာမ ကိုယ်တိုင်လည်းပါ၀င်လုပ်ဆောင်ရမည်ဖြစ်သည်။ ကလေး၏သင်ယူမှုအပေါ် စစ်ဆေးခြင်း ဖြစ်သည့် အလျောက်ကလေး၏အခန်းကဏ္ဍသည်အရေးကြီးသည်။