12. Reading – အိပ်စက်ခြင်းအကြောင်း

အိပ်စက်ခြင်းအကြောင်းလေ့လာရန် အောက်ပါစာပိုဒ်ကို ဖတ်ပါ။ 

(၆) အိပ်စက်ခြင်း 

ဘဝသက်တမ်း၏ လေးပုံတစ်ပုံမှ သုံးပုံတစ်ပုံအထိ အိပ်စက်ရင်းကုန်ဆုံးလေ့ရှိပါသည်။ အချို့သော သတ္တဝါများသည် တစ်ရက်လျှင် နာရီ(၂၀) အထိ အိပ်စက်တတ်ကြပါသည်။ လူကြီး၊ လူငယ်မရွေး အိပ်စက်မှုသည် နာရီ(၂၀)လောက် မများသော်လည်း လုံလောက်သော အိပ်စက်မှု၊ နှစ်ခြိုက်စွာအိပ်ပျော်မှုရှိရန် အထူးလိုအပ်  လှပါသည်။ လုံလောက်သော အိပ်စက်ခြင်းသည် လူအပါအဝင် သက်ရှိအားလုံးကို ကျန်းမာပျော်ရွှင် လန်းဆန်းစေပါသည်။ အိပ်ရေးပျက်ခြင်းကြောင့် နှလုံးခုန်နှုန်း မမှန်ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ပြီး အလုပ်လုပ်ရန်အားမရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မေ့မေ့လျော့လျော့ဖြစ်ခြင်း၊ သွေးပေါင်ချိန်မမှန်ခြင်းနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများဖြစ်စေပါသည်။  

ကောင်းမွန်သောအိပ်စက်မှုရှိစေရန် အောက်ပါအချက်များကို ကြိုးစားလိုက်နာရန် လိုအပ်ပါသည်။  

၁။ တိကျသော အိပ်ယာဝင်အချိန်ဇယားရှိရန်လိုအပ်ပါသည်။  

၂။ အိပ်ယာဝင်ခါနီး ချိုသောအစားအစာများကို ရှောင်ရန်လိုအပ်ပါသည်။  

၃။ ကာဗိုဟိုက်ဒရိတ်ပါသောအစားအစာများကိုလည်းရှောင်ရှားရန် လိုအပ်သည်။  

၄။ လျှပ်စစ်ပစ္စည်း ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ စသည်တို့ကို အိပ်ယာမဝင်မီ နာရီဝက်လို အချိန်ကတည်းက အသုံးမပြုရန် လိုအပ်ပါသည်။  

၅။ မနက်နှင့်နေ့ခင်းအချိန်တွင် သင့်လျော်သောလေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည်။ ကောင်းမွန်သော အနားယူအိပ်စက်ခြင်းသည် သက်ရှိအားလုံးအတွက် မရှိမဖြစ်လိုအပ်ခြင်းကြောင့် နေ့စဉ် မှန်ကန်တိကျသော အိပ်ရာဝင်အချိန်ဇယား စတင်ထားရှိရန် လိုအပ်ပါသည်။