လူ့ဘောင်သို့ သွတ်သွင်းခြင်း စက်ဝန်း (Cycle of Socialization)

လူ့ဘောင်သို့ သွတ်သွင်းခြင်း စက်ဝန်း (Cycle of Socialization) 

လူ့ဘောင်သို့သွတ်သွင်းခြင်းစက်ဝန်း သီအိုရီအရ  အစတွင် လူများသည် နဂိုကတည်းက ဘက်လိုက်မှုများ၊ တစ်ဘက်သက်အမြင်စောင်းမှုများနှင့် ပြည့်နှက်နေသော ကမ္ဘာကြီးသို့ မွေးဖွားလာကြသည်။ 

ပထမအဆင့် လူ့ဘောင်သို့သွတ်သွင်းခြင်းမှာ မိမိနှင့်အနီးစပ်ဆုံးသူများ ဆရာ၊ မိဘ၊ ဆွေမျိုးများ၏ တစ်ဦးချင်းက ၎င်းတို့ယုံကြည်လက်ခံထားသော စံတန်ဖိုးများကို သွန်သင်ဆုံးမခြင်းဖြင့်စတင်သည်။ 

ဒုတိယအဆင့် အဖွဲ့အစည်းများနှင့် ယဉ်ကျေးမှုက ပိုမိုအားကောင်းစေသော အဆင့်တွင် ကျောင်း၊ ရုံး၊ ဘာသာရေးအဖွဲ့အစည်းစသည့် အဖွဲ့အစည်းများ၏ ပို့ချမှု၊ သတင်းမီဒီယာ၊ သီချင်းစာသား၊ စာပေ၊ ယဉ်ကျေးမှုစသည်တို့က ရရှိသော သတင်းစကားများကလည်း ပိုမိုအားကောင်းစေသည်။ 

အားပေးအားမြောက်ပြုခြင်းများတွင် ဆုပေးဒဏ်ပေးခြင်းများ၊ အခွင့်ထူးခံရခြင်း၊ အားပေးခံရခြင်း၊ ပိတ်ဆို့တားမြစ်ခြင်း၊ အရိုးစွဲနေခြင်းတို့ကြောင့် ပိုမိုအားကောင်းစေသည်။ 

ရလဒ်အနေဖြင့် ရေငုံနှုတ်ပိတ်နေခြင်း၊ ဖိနှိပ်မှုကို ဘဝင်ကျလက်ခံခြင်း၊ မသိကျိုးကျွံပြုခြင်း၊ မိမိကိုယ်ကိုယ် မုန်းတီးခြင်း၊ ဒေါသထွက်ခြင်း၊ အကြမ်းဖက်ခြင်း၊ လူမဟုတ်ဟု ပုံဖျက်ခြင်း စသည်တို့ဖြစ်ပေါ်လာစေသည်။ 

ရှိနှင့်ပြီးအခြေအနေကို ဆက်လက်အားပေးခြင်း၊ ဘာမှမလုပ်ခြင်းတို့က လူ့ဘောင်သို့ သွတ်သွင်းခြင်းစက်ဝန်းကို တစ်ပတ်လည်စေသည်။ 

ဤစက်ဝန်း၏ ပင်မအကြောင်းအရင်းခံများမှာ ကြောက်ခြင်း၊ မသိခြင်း၊ ရှုပ်ထွေးခြင်းနှင့် မလုံခြုံခြင်းတို့ဖြစ်သည်။ 

မေးခွန်းထုတ်ခြင်း၊ အသိပညာမြှင့်တင်ခြင်း၊ ပညာပေးခြင်း၊ ရပ်တည်ခြင်းတို့ဖြင့် စက်ဝန်းကို ရပ်တန့် ပြောင်းလဲစေနိုင်သည်။