စိတ်ဒဏ်ရာ ပျောက်ကင်းခြင်း ခရီးလမ်းကို သွားသည့်အခါ သယ်ဆောင်သွားရမယ့် အရာများကို ဖတ်ပါ။
ခရီးတစ်ခုသွားသည့်အခါတွင် တစ်ကိုယ်ရည်လိုအပ်သော ပစ္စည်းများသယ်ဆောင်သွားရသကဲ့သို့ သက်သာပျောက် ကင်းခြင်း ခရီးလမ်းကို သွားသည့်အခါတွင်လည်း သယ်ဆောင်သွားရမည့် အရာ(၄)ခုရှိပါသည်။
- ဘက်ပေါင်းစုံမှ အမှန်တရား။
- ကရုဏာတရား။
- တရားမျှတခြင်း။
- ငြိမ်းချမ်းခြင်း – တို့ဖြစ်ကြပါသည်။
အမှန်တရားဆိုသည်မှာ –
- သက်သာပျောက်ကင်းခြင်းကို ဖြစ်စေသောအမှန်တရားမှာ မေတ္တာပါသော အမှန်တရားဖြစ်သည်။
- အမှန်တရားဆိုသည်မှာ လက်ခံခြင်း၊ အသိအမှတ်ပြုခြင်းဖြစ်သည်။
- အမှန်တရားတစ်ခုတွင် တစ်ခုထက်မက ရှုထောင့်များစွာရှိသည်။
- သက်သာပျောက်ကင်းရန် ရှုထောင့်ပေါင်းစုံ အမှန်တရားကိုမြင်တက်ပြီး လက်မခံနိုင်မီ နားလည်ရန်လိုအပ် သည်။
- မိမိ၏အမှန်ကိုသာ လုံးဝအမှန်ဟုလက်ခံလျှင် အကြမ်းဖက်ခြင်းသို့ရောက်နိုင်သည်။ မိမိအမှန်သည် သူများ ထက် မှန်သည်၊ သာသည်ဟု လက်ခံလျှင် အကြမ်းဖက်ခြင်းသို့ ရောက်နိုင်သည်။
- အမှန်တရားကို လက်ခံသော အပြုအမူတချို့မှာ ငိုကြွေးခြင်း (စိတ်ဒဏ်ရာအင်အားကို ထုတ်လွှတ်ခြင်း၊ လျော့ချခြင်း)၊ ပူဆွေးမြည်တမ်းခြင်း၊ အထိမ်းအမှတ်အောင့်မေ့ဖွယ်များ ကျင်းပခြင်း၊ အခြားသူများကို ပြောပြခြင်း၊ သက်သာပျောက်ကင်းခြင်းနည်းလမ်းများကို လုပ်ဆောင်လာနိုင်ခြင်း။
မေတ္တာတရား (သို) ဂရုဏာတရား ဆိုသည်မှာ-
- သက်သာပျောက်ကင်းခြင်းနှင့် ပတ်သက်၍ မေတ္တာတရားသည် အဓိကကျပြီး မေတ္တာတရားတွင် အဓိက အကျဆုံးမှာ ခွင့်လွတ်ခြင်းဖြစ်သည်။
- ခွင့်လွတ်ရန်အတွက် မေ့ပစ်ရန်မလိုပါ။ တိုက်ဆိုင်မှုရှိသောအခါတိုင်း သတိရလာနိုင်သော်လည်း ခွင့်လွှတ်ပြီး သောအခါ နာကျင်မှုများ၊ ပြင်းထန်သော စိတ်ခံစားချက်များမရှိတော့ပါ။
- ခွင့်မလွှတ်သော သင်္ကေတများမှာ မိမိကိုယ်ကို ကြိုးဖြင့်ချည်နှောင်ထားခြင်း၊ လေးလံသောအရာကို မထားခြင်း၊ မိမိကအဆိပ်သောက်ပြီး မိမိအနားရှိလူများကိုသေစေလိုခြင်း။
- ခွင့်လွှတ်ခြင်းသည် သတ္တိရှိခြင်းဖြစ်သည်။ ဥပမာ- လူငယ်စားပွဲထိုးဥပမာ။
တရားမျှတမှုဆိုသည်မှာ-
- တရားမျှတခြင်းကို အများအားဖြင့် ချိန်ခွင်၊ ညီမျှခြင်း၊ တရားခွင်၊ တရားသူကြီး၊ တရားရုံးနှင့်သက်ဆိုင်သော ပစ္စည်းများဖြင့် ဖော်ပြကြသည်။ တရားမျှတခြင်းက တစ်ခါတစ်ရံ သက်သာပျောက်ကင်းခြင်းကို မဖြစ်စေနိုင်ပါ။ ယေဘုယျအားဖြင့် တရားမျှတခြင်း နှစ်မျိုးဟု ဖော်ပြနိုင်သည်။ စီရင်သောတရားမျှတခြင်း (Retributive Justice) နှင့် ပြန်လည်သင့်မြတ်စေသောတရားမျှတခြင်း (Restorative Justice)။
- စီရင်သောတရားမျှတခြင်း မေးခွန်းများမှာ – ဘာတွေဖြစ်လဲ။ ဘယ်သူ့မှာ အပြစ်ရှိလဲ။ ဘယ်လိုအပြစ်ပေးရ မလဲ။
- ပြန်လည်သင့်မြတ်စေသော တရားမျှတခြင်းတွင် မေးခွန်းများမှာ – ဘာတွေဖြစ်လဲ။ ဘယ်သူအပေါ် အကျိုး သက်ရောက်စေလဲ၊ သူတို့ဘာတွေလိုအပ်လဲ၊ လိုအပ်ချက်တွေ ဘယ်လိုပြန်ဖြည့်ဆည်းပေးရမလဲ။
ငြိမ်းချမ်းခြင်းဆိုသည်မှာ –
- ပဋိပက္ခနှင့် အကြမ်းဖက် ခြင်းသည်မတူညီပါ။ ပဋိပက္ခသည် ရှောင်လွဲနိုင်သော သာမန်ကိစ္စတစ်ခုဖြစ်ပါ သည်။
- အကြမ်းဖက်ခြင်းသည် သူတစ်ပါးကို နာကျင်စေသောလုပ်ဆောင်ချက်ဖြစ်သည်။
- ငြိမ်းချမ်းခြင်းအကြောင်းစဉ်းစားလျှင် ပဋိပက္ခကိုအသွင်ပြောင်းခြင်းသည် အဓိကဖြစ်သည်။
- ပဋိပက္ခကိုအသွင်ပြောင်းရန် ဆက်ဆံရေးလမ်းကြောင်းကို ဖွင့်ထားပြီး အကြမ်းဖက်ခြင်းကို စည်းတားထား ကာ စေ့စပ်ညှိနှိုင်းရန် လိုအပ်သည်။
- ငြိမ်းချမ်းရေးတစ်ခုတည်းဖြင့် အကြမ်းဖက်ခြင်းစက်ဝိုင်းမှ မလွတ်မြောက်နိုင်ပါ။ အခြား (၃)ခုနှင့် ဆက်စပ်နိုင်မှသာ လွတ်မြောက်နိုင်သည်။
သက်သာပျောက်ကင်းခြင်း ခရီးလမ်းကို လျောက်လှမ်းနိုင်ရန်အတွက် အမှန်တရား၊ ဂရုဏာတရား၊ တရားမျှတမှု နှင့် ငြိမ်းချမ်းခြင်း ခရီးလမ်းကို ဤအဖော်လေးယောက်နှင့် အတူခရီးသွားရမည်ဖြစ်သည်။