(1.1) အက ကရာတွင် လိုက်နာရမည့် အခြေခံအချက်များ
အက ကရာတွင် လိုက်နာရမည့် အခြေခံအချက်များ
ကခုန်ခြင်းသည် ပျော်စရာကောင်းသော ခန္ဓာကိုယ်လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။
အက ကခြင်းပုံစံများသည် နိုင်ငံ၊ လူမျိုး၊ ယဉ်ကျေးမှု အလိုက် ကွဲပြားစွာရှိပါသည်။
အက ကခြင်းမပြုမီ ကိုယ် ခန္ဓာရှိ ကြွက်သားများ ဖြေလျော့ခြင်း (Stretching or warm up)လုပ်ဖို့လိုအပ်ပါသည်။
Stretching တစ်ခုစီကို အနည်းဆုံးစက္ကန့် ၃၀ ထားရပါမည်။
ထိုမှသာ အက ကရာတွင် ခြေလက်ကို ပျော့ပြောင်းစွာဖြင့်လှုပ်ရှားနိုင်မည်။
အကလေ့ကျင့်ရာတွင် ပေါ့ပါးပြီးသက်သောင့် သက်သာရှိသောအဝတ်များဝတ်ရမည်။
ကျယ်ဝန်းပြီး ကြမ်းပြင်ညီညာသော နေရာတွင် အက ကခြင်း သည် လွတ်လပ်စွာလှုပ်ရှားစေနိုင်ပါသည်။
အကလေ့ကျင့်စဉ်အတွင်း အသက်ကိုပုံမှန်ရှုရပါမည်။
အစားအစာများ ဗိုက်ပြည့်အောင်စားပြီး ကခြင်းက ဗိုက်အောင့်(သို့မဟုတ်)
ကိုယ်လက်မအီမသာစသည်တို့ဖြစ်စေသောကြောင့်
အနည်းငယ်သာစားသင့်သည်။
အကကပြီး(သို့) အနားယူချိန်အတွင်း ရေကို ဖြေးဖြေးနှင့်နည်းနည်းပဲသောက်သင့်ပါသည်။ အက ကခြင်းက
ကျန်းမာရေးကောင်းမွန်စေသောကြောင့်
လူတိုင်းပြုလုပ်သင့်သည်။
ပေးထားသောစာပိုဒ်ကိုဖတ်ပြီး မှား၊မှန်ဖြေဆိုပါ။