[ Unicode ]
ကျွန်မတို့တွေဟာ တစ်ပါးသူပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ၊ အများပိုင် ရုပ်ဝတ္ထုပစ္စည်းတွေကို မခိုးယူဖို့၊ ခိုးယူရင် အပြစ်ဖြစ်တဲ့အကြောင်း သင်ယူခဲ့ကြတယ်။ ကိုယ်တိုင်လည်း ကလေးတွေကို ပြန်သင်ပေးကြတယ်။ ခိုးယူခြင်း အပြစ်လုပ်တဲ့အခါ အပြစ်ပေးနည်းအမျိုးမျိုး၊ ဆုံးမခြင်းအမျိုးမျိုးနဲ့ သွန်သင် ပြုပြင်ကြတယ်။ ဒီနေ့မျှဝေချင်တာကတော့ ရုပ်ဝတ္ထုပစ္စည်းမဟုတ်တဲ့ ဉာဏပစ္စည်းခိုးယူခြင်းအကြောင်းဖြစ်ပါတယ်။ ဒီအကြောင်းကို သင်ပြပေးခြင်း အားနည်းကြသလို၊ ဖောဖောသီသီ ကျူးလွန်ကြပါတယ်။ ခိုးခြင်းအမှုမြောက်တယ်ဆိုတာလည်း မသိကြတာပါပါတယ်။ ကျွန်မတို့ အနေနဲ့ ကိုယ်တိုင်ရော ကလေးတွေမှာပါ သိက္ခာရှိတဲ့ ပညာတတ်တွေအဖြစ် ရပ်တည်နိုင်ဖို့ ဉာဏပစ္စည်းဆိုတာဘာလဲ၊ ခိုးခြင်းဘယ်လိုဖြစ်တာလဲ၊ ခိုးခြင်းအမှုမဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ အကြမ်းဖျဉ်းမျှဝေပေးခြင်ပါတယ်။
ဉာဏပစ္စည်းဆိုတာ
အင်္ဂလိပ်လိုဆိုရင် Intellectual Property လို့ခေါ်ပါတယ်။ လူတစ်ယောက်ရဲ့ အကြံဉာဏ်၊ ဉာဏစွမ်းအားကို အသုံးပြုပြီး ပြုလုပ်ထားတဲ အနုပညာလက်ရာတွေ၊ စာပေတွေ၊ တီထွင်ဖန်တီးမှုတွေကို ဆိုလိုပါတယ်။ အများစုသိကြတဲ့ Copyrights, Trademarks စတာတွေက တစ်စုံတစ်ဦးရဲ့ ဉာဏပိုင်ဆိုင်မှုကို အသိမှတ်ပြုထားတာတွေဖြစ်ပါတယ်။ အဲဒီ့လိုပဲ လူတစ်ယောက်ရဲ့ အကြံဉာဏ်၊ အရေးအသား၊ တွေ့ရှိချက်၊ မျှဝေမှုတွေဟာလည်း သူ့ရဲ့ ဉာဏပစ္စည်းဖြစ်လို့ အသိမှတ်ပြုခြင်းမရှိဘဲ ကိုယ့်ဟာလိုလို ယူသုံးရင် ခိုးမှုမြောက်ပါတယ်။
ဉာဏပစ္စည်းခိုးယူခြင်း
သိ၍ပဲဖြစ်စေ၊ မသိ၍ဘဲဖြစ်စေ၊ ကျွန်မတို့က တစ်ပါးသူရဲ့ အမြင်တွေ၊ အိုင်ဒီယာတွေ၊ အရေးအသားတွေ၊ အကြံဉာဏ်တွေကို ၊ မူလပိုင်ရှင်ကို အသိမှတ်ပြုခြင်းမပြုဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင်အဖြစ် ယူသုံးတဲ့အခါ ခိုးယူမှု မြောက်တယ်လို့ပြောလို့ရပါတယ်။ အရိုးရှင်းဆုံး ဥပမာ တစ်ခုပြောပါ့မယ်။ ကျွန်မတို့အလုပ်မှာ တစ်ဖွဲ့ထဲသားတွေ အချင်းချင်း ဆွေးနွေးတိုင်ပင်လို့ ကိုယ့်မိတ်ဆွေ A က ပြောတဲ့ အကြံဉာဏ်တစ်ခုကို ကျွန်မက ကြိုက်တယ်ဆိုပါတော့။ ကြိုက်တဲ့အတွက် ကိုယ့်အထက် လူကြီးကို သွားပြီး တင်ပြတဲ့အခါ မိတ်ဆွေAရဲ့ မျှဝေမှုလို့ မပြောဘဲ ကျွန်မတွေးမိတဲ့ အကြံဉာဏ်၊ ကျွန်မရဲ့ ကိုယ်ပိုင် အတွေးအမြင်အဖြစ် တင်ပြလိုက်ရင် ကျွန်မက မိတ်ဆွေAရဲ့ ဉာဏပစ္စည်းကို ခိုးရာရောက်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက မိတ်ဆွေAရဲ့ အကြံဉာဏ်ကို ကျွန်မကိုယ်တိုင်ကလည်း ထောက်ခံသဘောတူတဲ့အတွက် တင်ပြခြင်းဖြစ်တယ်ဆိုတာမျိုးဆိုရင် အသိမှတ်ပြုပြီးသားလည်း ဖြစ်သလို ခိုးယူရာမရောက်တော့ပါဘူး။
အွန်လိုင်းပေါ်မှာ ဉာဏပစ္စည်းခိုးသူများ
ကျွန်မတို့တွေ အွန်လိုင်းပေါ်မှာတွေ့တဲ့ စာတွေ၊ ဓါတ်ပုံတွေကို မူရင်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ၊ မူရင်းပိုင်ရှင် နာမည်ကို အသိမှတ်ပြု ဖေါ်ပြခြင်းမပြုဘဲ ဒီအတိုင်း တင်လိုက်ခြင်းတွေဟာ ဉာဏပစ္စည်းခိုးရာရောက်ပါတယ်။ Credit – ဆိုပြီး နောက်မှာ ဘာမှ ပါမလာဘဲ ဒီတိုင်း တင်နေတာတွေဟာလည်း ဉာဏပစ္စည်းခိုးယူမှုကို အားပေးအားမြောက်ပြုပြီး သူခိုးအားပေးလုပ်တာနဲ့တူပါတယ်။ ပိုင်ရှင်ကိုယ်တိုင်က သူ့ကို credit မပေးပါနဲ့ လူမသိစေချင်လို့ပါဆိုရင် တစ်မျိုးပေါ့။ ကျွန်မတို့ ဆရာမ စာမျက်နှာက စာတွေကို အသိမှတ်မပြုဘဲ ကိုယ်ပိုင် စာတွေလိုလို ထိပ်ဖျက်၊ ခေါင်းဖျက်၊ နည်းနည်းလေး ပြောင်းလဲပြီး ပြန်တင်တာတွေလည်း မြင်ဘူးပါတယ်။ အဲဒါကလည်း ခိုးတာပါပဲ။ တိုက်ရိုက်ယူယူ၊ ပြုပြင်ပြောင်းလဲပြီးယူယူ၊ မူရင်း အိုင်ဒီယာပိုင်ရှင်က ရှိပြီးသားပဲလေ။ ရှိပြီးသား မူရင်းပိုင်ရှင်ရဲ့ အကြံဉာဏ်ကို ကိုးကားပြီး ရေးသားထားတယ်ဆိုတာမျိုး အသိမှတ်ပြု တင်ပြရမှာပါ။
ဉာဏပစ္စည်း သူခိုးများ မဖြစ်အောင်
ဓါတ်ပုံရိုက်ရင်တောင် အခြားသူရိုက်ပေးရင် – Credit -ဘယ်သူ ဆိုတာ ရေးပါ။
ကိုယ်တိုင် ရေးသားခြင်း၊ ပြုလုပ်ခြင်း၊ တီထွင်ခြင်း မဟုတ်တဲ့ အရာတွေကို မူရင်း ပိုင်ရှင်ဆီကနေ ကိုးကားကြောင်း၊ ကူးယူကြောင်း ဖေါ်ပြပါ။
သူများ အကြံဉာဏ်ကြားပြီး တစ်ခုခုလုပ်ဖြစ်ရင်တောင် ပထမဆုံး အကြံပေးသူကို အသိမှတ်ပြုပါ။
အလုပ်ခွင်ထဲမှာ ကိုယ့်အိုင်ဒီယာမဟုတ်ဘဲ ကိုယ့်ဟာဆိုတာမျိုး မပြောပါနဲ့။
စာရေးသားတဲ့အခါ စာတစ်ပုဒ်ဖြစ်ဖို့ အကြံဉာဏ်ရစေတဲ့ စာအုပ်တွေ သုံး လေး အုပ်ဖတ်ခဲ့ရင် အဲဒီ့စာအုပ်တွေရဲ့ အချက်အလက်တွေကို ကိုးကားကြောင်းရေးပါ။
အချုပ်မှာ ကျွန်မ တစ်ခုမျှဝေချင်တာက – ကျွန်မတက္ကသိုလ်တက်တော့ ကျွန်မတို့ စာတမ်းတွေတင်ရင် ကိုးကားစာတွေအများကြီးထည့်ရတယ်။ ကျွန်မက ငါဘယ်စာအုပ်မှ ဖတ်ပြီးရေးတာမဟုတ်ဘူး ငါ့အမြင်ငါရေးတာလို့ပြောတော့ ဆရာက “ဘယ်အိုင်ဒီယာမှ ကိုယ်ပိုင်အိုင်ဒီယာမဟုတ်ဘူး”တဲ့။ ဆိုလိုချင်တာက ကျွန်မတို့ရဲ့ အတွေး အမြင်၊ လုပ်ဆောင်မှု၊ ဖန်တီးမှု တွေက ပတ်ဝန်းကျင်၊ စာအုပ်စာပေ၊ စကားဝိုင်း၊အတွေ့အကြုံ စတဲ့ အရာတွေအများကြီးကနေရတာပါ။ ဒီတော့ ကျွန်မတို့က အသိမှတ်ပြုထိုက်သူတွေ၊ ဉာဏအားဖြင့် ပံ့ပိုးစေခဲ့သူ၊ ကျွန်မတို့ကို သိမြင်စေခဲ့သူတွေကို အသိမှတ်ပြုခြင်းအားဖြင့် ဉာဏပစ္စည်းခိုးယူသူများအဖြစ်မှ ရှောင်နိုင်ပါတယ်။ ကျွန်မတို့ ကလေးတွေကို ရုပ်ဝတ္ထုပစ္စည်းတွေတင်သာမက၊ ဉာဏပစ္စည်းခိုးယူခြင်းဟာ ရှက်စရာ အမှုဖြစ်တယ်၊ ဆိုတာ သင်ပေးကြပါ။ သိက္ခာရှိသော လူကြီးတွေအဖြစ် ကြီးပြင်းလာနိုင်ကြပါစေ။
(စာဖတ်သူတို့ မြင်တွေ့ဖူးတဲ့ ဉာဏပစ္စည်း ခိုးယူမှု ဥပမာတွေနဲ့ အတွေ့အကြုံတွေ၊ ဖြေရှင်းတာတွေလည်း မျှဝေပေးပါဦး။)
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo Retrieved from – https://tcrn.ch/34FKgtp
[ Zawgyi ]
ကၽြန္မတို႔ေတြဟာ တစ္ပါးသူပိုင္ဆိုင္တဲ့ ႐ုပ္ဝတၳဳပစၥည္းေတြ၊ အမ်ားပိုင္ ႐ုပ္ဝတၳဳပစၥည္းေတြကို မခိုးယူဖို႔၊ ခိုးယူရင္ အျပစ္ျဖစ္တဲ့အေၾကာင္း သင္ယူခဲ့ၾကတယ္။ ကိုယ္တိုင္လည္း ကေလးေတြကို ျပန္သင္ေပးၾကတယ္။ ခိုးယူျခင္း အျပစ္လုပ္တဲ့အခါ အျပစ္ေပးနည္းအမ်ိဳးမ်ိဳး၊ ဆုံးမျခင္းအမ်ိဳးမ်ိဳးနဲ႔ သြန္သင္ ျပဳျပင္ၾကတယ္။ ဒီေန႔မၽွေဝခ်င္တာကေတာ့ ႐ုပ္ဝတၳဳပစၥည္းမဟုတ္တဲ့ ဉာဏပစၥည္းခိုးယူျခင္းအေၾကာင္းျဖစ္ပါတယ္။ ဒီအေၾကာင္းကို သင္ျပေပးျခင္း အားနည္းၾကသလို၊ ေဖာေဖာသီသီ က်ဴးလြန္ၾကပါတယ္။ ခိုးျခင္းအမႈေျမာက္တယ္ဆိုတာလည္း မသိၾကတာပါပါတယ္။ ကၽြန္မတို႔ အေနနဲ႔ ကိုယ္တိုင္ေရာ ကေလးေတြမွာပါ သိကၡာရွိတဲ့ ပညာတတ္ေတြအျဖစ္ ရပ္တည္နိုင္ဖို႔ ဉာဏပစၥည္းဆိုတာဘာလဲ၊ ခိုးျခင္းဘယ္လိုျဖစ္တာလဲ၊ ခိုးျခင္းအမႈမျဖစ္ေအာင္ ဘယ္လို လုပ္ရမလဲဆိုတာ အၾကမ္းဖ်ဥ္းမၽွေဝေပးျခင္ပါတယ္။
ဉာဏပစၥည္းဆိုတာ
အဂၤလိပ္လိုဆိုရင္ Intellectual Property လို႔ေခၚပါတယ္။ လူတစ္ေယာက္ရဲ့ အႀကံဉာဏ္၊ ဉာဏစြမ္းအားကို အသုံးျပဳၿပီး ျပဳလုပ္ထားတဲ အႏုပညာလက္ရာေတြ၊ စာေပေတြ၊ တီထြင္ဖန္တီးမႈေတြကို ဆိုလိုပါတယ္။ အမ်ားစုသိၾကတဲ့ Copyrights, Trademarks စတာေတြက တစ္စုံတစ္ဦးရဲ့ ဉာဏပိုင္ဆိုင္မႈကို အသိမွတ္ျပဳထားတာေတြျဖစ္ပါတယ္။ အဲဒီ့လိုပဲ လူတစ္ေယာက္ရဲ့ အႀကံဉာဏ္၊ အေရးအသား၊ ေတြ႕ရွိခ်က္၊ မၽွေဝမႈေတြဟာလည္း သူ႔ရဲ့ ဉာဏပစၥည္းျဖစ္လို႔ အသိမွတ္ျပဳျခင္းမရွိဘဲ ကိုယ့္ဟာလိုလို ယူသုံးရင္ ခိုးမႈေျမာက္ပါတယ္။
ဉာဏပစၥည္းခိုးယူျခင္း
သိ၍ပဲျဖစ္ေစ၊ မသိ၍ဘဲျဖစ္ေစ၊ ကၽြန္မတို႔က တစ္ပါးသူရဲ့ အျမင္ေတြ၊ အိုင္ဒီယာေတြ၊ အေရးအသားေတြ၊ အႀကံဉာဏ္ေတြကို ၊ မူလပိုင္ရွင္ကို အသိမွတ္ျပဳျခင္းမျပဳဘဲ ကိုယ့္ရဲ့ ကိုယ္ပိုင္အျဖစ္ ယူသုံးတဲ့အခါ ခိုးယူမႈ ေျမာက္တယ္လို႔ေျပာလို႔ရပါတယ္။ အရိုးရွင္းဆုံး ဥပမာ တစ္ခုေျပာပါ့မယ္။ ကၽြန္မတို႔အလုပ္မွာ တစ္ဖြဲ႕ထဲသားေတြ အခ်င္းခ်င္း ေဆြးေႏြးတိုင္ပင္လို႔ ကိုယ့္မိတ္ေဆြ A က ေျပာတဲ့ အႀကံဉာဏ္တစ္ခုကို ကၽြန္မက ႀကိဳက္တယ္ဆိုပါေတာ့။ ႀကိဳက္တဲ့အတြက္ ကိုယ့္အထက္ လူႀကီးကို သြားၿပီး တင္ျပတဲ့အခါ မိတ္ေဆြAရဲ့ မၽွေဝမႈလို႔ မေျပာဘဲ ကၽြန္မေတြးမိတဲ့ အႀကံဉာဏ္၊ ကၽြန္မရဲ့ ကိုယ္ပိုင္ အေတြးအျမင္အျဖစ္ တင္ျပလိုက္ရင္ ကၽြန္မက မိတ္ေဆြAရဲ့ ဉာဏပစၥည္းကို ခိုးရာေရာက္ပါတယ္။ ဒါေၾကာင့္ အေကာင္းဆုံးက မိတ္ေဆြAရဲ့ အႀကံဉာဏ္ကို ကၽြန္မကိုယ္တိုင္ကလည္း ေထာက္ခံသေဘာတူတဲ့အတြက္ တင္ျပျခင္းျဖစ္တယ္ဆိုတာမ်ိဳးဆိုရင္ အသိမွတ္ျပဳၿပီးသားလည္း ျဖစ္သလို ခိုးယူရာမေရာက္ေတာ့ပါဘူး။
အြန္လိုင္းေပၚမွာ ဉာဏပစၥည္းခိုးသူမ်ား
ကၽြန္မတို႔ေတြ အြန္လိုင္းေပၚမွာေတြ႕တဲ့ စာေတြ၊ ဓါတ္ပုံေတြကို မူရင္းပိုင္ရွင္ရဲ့ ခြင့္ျပဳခ်က္မရဘဲ၊ မူရင္းပိုင္ရွင္ နာမည္ကို အသိမွတ္ျပဳ ေဖၚျပျခင္းမျပဳဘဲ ဒီအတိုင္း တင္လိုက္ျခင္းေတြဟာ ဉာဏပစၥည္းခိုးရာေရာက္ပါတယ္။ Credit – ဆိုၿပီး ေနာက္မွာ ဘာမွ ပါမလာဘဲ ဒီတိုင္း တင္ေနတာေတြဟာလည္း ဉာဏပစၥည္းခိုးယူမႈကို အားေပးအားေျမာက္ျပဳၿပီး သူခိုးအားေပးလုပ္တာနဲ႔တူပါတယ္။ ပိုင္ရွင္ကိုယ္တိုင္က သူ႔ကို credit မေပးပါနဲ႔ လူမသိေစခ်င္လို႔ပါဆိုရင္ တစ္မ်ိဳးေပါ့။ ကၽြန္မတို႔ ဆရာမ စာမ်က္ႏွာက စာေတြကို အသိမွတ္မျပဳဘဲ ကိုယ္ပိုင္ စာေတြလိုလို ထိပ္ဖ်က္၊ ေခါင္းဖ်က္၊ နည္းနည္းေလး ေျပာင္းလဲၿပီး ျပန္တင္တာေတြလည္း ျမင္ဘူးပါတယ္။ အဲဒါကလည္း ခိုးတာပါပဲ။ တိုက္ရိုက္ယူယူ၊ ျပဳျပင္ေျပာင္းလဲၿပီးယူယူ၊ မူရင္း အိုင္ဒီယာပိုင္ရွင္က ရွိၿပီးသားပဲေလ။ ရွိၿပီးသား မူရင္းပိုင္ရွင္ရဲ့ အႀကံဉာဏ္ကို ကိုးကားၿပီး ေရးသားထားတယ္ဆိုတာမ်ိဳး အသိမွတ္ျပဳ တင္ျပရမွာပါ။
ဉာဏပစၥည္း သူခိုးမ်ား မျဖစ္ေအာင္
ဓါတ္ပုံရိုက္ရင္ေတာင္ အျခားသူရိုက္ေပးရင္ – Credit -ဘယ္သူ ဆိုတာ ေရးပါ။
ကိုယ္တိုင္ ေရးသားျခင္း၊ ျပဳလုပ္ျခင္း၊ တီထြင္ျခင္း မဟုတ္တဲ့ အရာေတြကို မူရင္း ပိုင္ရွင္ဆီကေန ကိုးကားေၾကာင္း၊ ကူးယူေၾကာင္း ေဖၚျပပါ။
သူမ်ား အႀကံဉာဏ္ၾကားၿပီး တစ္ခုခုလုပ္ျဖစ္ရင္ေတာင္ ပထမဆုံး အႀကံေပးသူကို အသိမွတ္ျပဳပါ။
အလုပ္ခြင္ထဲမွာ ကိုယ့္အိုင္ဒီယာမဟုတ္ဘဲ ကိုယ့္ဟာဆိုတာမ်ိဳး မေျပာပါနဲ႔။
စာေရးသားတဲ့အခါ စာတစ္ပုဒ္ျဖစ္ဖို႔ အႀကံဉာဏ္ရေစတဲ့ စာအုပ္ေတြ သုံး ေလး အုပ္ဖတ္ခဲ့ရင္ အဲဒီ့စာအုပ္ေတြရဲ့ အခ်က္အလက္ေတြကို ကိုးကားေၾကာင္းေရးပါ။
အခ်ဳပ္မွာ ကၽြန္မ တစ္ခုမၽွေဝခ်င္တာက – ကၽြန္မတကၠသိုလ္တက္ေတာ့ ကၽြန္မတို႔ စာတမ္းေတြတင္ရင္ ကိုးကားစာေတြအမ်ားႀကီးထည့္ရတယ္။ ကၽြန္မက ငါဘယ္စာအုပ္မွ ဖတ္ၿပီးေရးတာမဟုတ္ဘူး ငါ့အျမင္ငါေရးတာလို႔ေျပာေတာ့ ဆရာက “ဘယ္အိုင္ဒီယာမွ ကိုယ္ပိုင္အိုင္ဒီယာမဟုတ္ဘူး”တဲ့။ ဆိုလိုခ်င္တာက ကၽြန္မတို႔ရဲ့ အေတြး အျမင္၊ လုပ္ေဆာင္မႈ၊ ဖန္တီးမႈ ေတြက ပတ္ဝန္းက်င္၊ စာအုပ္စာေပ၊ စကားဝိုင္း၊အေတြ႕အၾကဳံ စတဲ့ အရာေတြအမ်ားႀကီးကေနရတာပါ။ ဒီေတာ့ ကၽြန္မတို႔က အသိမွတ္ျပဳထိုက္သူေတြ၊ ဉာဏအားျဖင့္ ပံ့ပိုးေစခဲ့သူ၊ ကၽြန္မတို႔ကို သိျမင္ေစခဲ့သူေတြကို အသိမွတ္ျပဳျခင္းအားျဖင့္ ဉာဏပစၥည္းခိုးယူသူမ်ားအျဖစ္မွ ေရွာင္နိုင္ပါတယ္။ ကၽြန္မတို႔ ကေလးေတြကို ႐ုပ္ဝတၳဳပစၥည္းေတြတင္သာမက၊ ဉာဏပစၥည္းခိုးယူျခင္းဟာ ရွက္စရာ အမႈျဖစ္တယ္၊ ဆိုတာ သင္ေပးၾကပါ။ သိကၡာရွိေသာ လူႀကီးေတြအျဖစ္ ႀကီးျပင္းလာနိုင္ၾကပါေစ။
(စာဖတ္သူတို႔ ျမင္ေတြ႕ဖူးတဲ့ ဉာဏပစၥည္း ခိုးယူမႈ ဥပမာေတြနဲ႔ အေတြ႕အၾကဳံေတြ၊ ေျဖရွင္းတာေတြလည္း မၽွေဝေပးပါဦး။)
ေမတၱာျဖင့္…
Sayarma-ဆရာမ
Photo Retrieved from – https://tcrn.ch/34FKgtp