[ Unicode ]

ကျွန်မတို့ နေ့စဉ်ဘဝမှာ ပါရမီဖြည့်ဖက်ဆိုတဲ့ စကားလုံးလေးကို သုံးနှုန်းကြတယ်။ အိမ်ထောင်ပြုတဲ့အခါ ပါရမီဖြည့်ဖက်ကောင်းတွေဖြစ်အောင် နေကြဖို့ မှာကြားကြတယ်။ ကျွန်မတို့ဘဝမှာ၊ အခု စာဖတ်နေသူရဲ့ ဘဝမှာ ပါရမီ ဖြည့်ဖက်တွေရှိလား။ ကလေးတွေက ကျွန်မတို့တွေရဲ့ ပါရမီ ဖြည့်ဖက်တွေ ဖြစ်နိုင်တယ်ထင်လား။

ဒီနေ့ ဘာသာရေးရှုထောင့်ကမဟုတ်ဘဲ ပညာရေးရှုထောင့်ကနေ ပါရမီ ဖြည့်ဖက်အကြောင်း ကျွန်မ အတွေးကို ဝေမျှချင်ပါတယ်။
ပါရမီဖြည့်ဖက်ဆိုတာ – ကျွန်မအတွက်တော့ မြင့်မြတ်တဲ့အလုပ်/မြတ်သောအကျင့်ကို အတူတူ ပြုလုပ်ဖေါ် ပြုလုပ်ဖက်၊ ကျင့်ကြံဖေါ် ကျင့်ကြံဖက်ကို ဆိုလိုပါတယ်။ ပါဠိ-မြန်မာ အဘိဓာန်မှာတော့ ပါရမီဆိုတာ အထွတ်အမြတ်၊ မြတ်သောသူ၏အဖြစ်လို့ ညွှန်းပါတယ်။ ပါရမီဖြည့်ဖက်ဆိုတဲ့ စကားလုံးကို လွယ်လွယ်မသုံးဘဲ သေချာလေး စဉ်းစားကြည့်ရင်၊ ကောင်းတဲ့အလုပ်၊ မြင့်မြတ်တဲ့အလုပ်၊ မှန်ကန်သင့်လျော်တဲ့အကျင့်တွေကို အတူတူ လုပ်ကြသူတွေ၊ အပြန်အလှန် ပံ့ပိုးကြသူတွေလို့ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။

လူကြီးတွေပါရမီဖြည့်ဖက်ကောင်းဖြစ်ကြမှ ကလေးတွေလည်းသင်ယူနိုင်မယ်။

ကလေးတွေက လူကြီးတွေ (မိဘ၊ဆွေမျိုး၊ပတ်ဝန်းကျင်)ဆီကနေ အမြင်၊အကြား၊အထိအတွေ့ ပုံစံမျိုးစုံနဲ့ သင်ယူနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီကြ၊ ပံ့ပိုးကြတဲ့ ပုံရိပ်တွေကို မြင်ရတဲ့ ကလေးတွေက ကူညီပံ့ပိုးတတ်ဖို့ လမ်းစပိုများတယ်။ အမေနဲ့ အဖေက ကောင်းမွန်တဲ့ အကျင့်စရိုက်နဲ့ မှန်ကန်တဲ့ အတွေးအခေါ်အယူအဆတွေ ရှိဖို့ အပြန်အလှန် ဆွေးနွေး၊တိုင်ပင်၊ ကူညီ၊ရိုင်းပင်းကြရင် ကလေးတွေကလည်း မိဘတွေလို လိုက်ပြီးလုပ်ဖို့ သင်ယူနိုင်ကြမှာပါ။ ဒါကြောင့် ကလေးတွေကို မြင့်မြတ်တဲ့အကျင့်စရိုက်တွေ၊အတွေးအခေါ်တွေရှိဖို့ ကျွန်မတို့ လူကြီးတွေမှာလည်း တာဝန်ရှိပါတယ်။

ကလေးတွေလည်း ပါရမီဖြည့်ဖက်တွေဖြစ်နိုင်ပါတယ်။

ကျွန်မတို့လူကြီးတွေမှာ အတွေးတစ်ခုရှိတတ်တယ်။ အဲဒါက ကိုယ်တွေက ပိုသိ၊ပိုတွေ့ကြုံခဲ့ရလို့ ကိုယ်ကပဲ ငယ်တဲ့သူ၊ ကလေးတွေကို ပိုပြီးလမ်းပြပေးနိုင်မယ်၊ ပံ့ပိုးပေးနိုင်မယ်လို့ထင်ကြပါတယ်။ အရေးကြီးကိစ္စအချို့ ပြောရင် ကလေး၊ ကလေးနေရာနေ၊ လူကြီးတွေကြား ဝင်မရှုပ်နဲ့ ဆိုတဲ့ စကားတွေကို ကျွန်မတို့က သုံးလေ့ရှိပါတယ်။ ကျွန်မကတော့ ကလေးမှာလည်း ကလေးအမြင်၊ ကလေးအတွေး ရှိတတ်ကြပါတယ်။ ကျွန်မတို့က သူတို့လေးတွေကို နားထောင်ပေးဖို့၊ သူတို့ကို လူရာသွင်းဖို့လိုတာပါ။ နေရာတကာ သူတို့နဲ့ အတူတူလုပ်ရမယ်လို့မဆိုလိုပါဘူး ဒါပေမယ့် သူတို့ကို ကောင်းစေချင်ရင် သူတို့နဲ့အတူ ပါရမီဖြည့်ဖို့လိုပါတယ်။ သူတို့နဲ့ ကျွန်မတို့ လူကြီးတွေ အပြန်အလှန် ကူညီပံ့ပိုးရင်း ကောင်းတဲ့ အမူအကျင့်တွေကို ဖေါ်ဆောင်နိုင်ပါတယ်။
ကျွန်မကတော့ ပါရမီဖြည့်ဖက်လို့ တွေးလိုက်ရင် ကျွန်မတို့ စာသင်နေတဲ့ ကလေးတွေ၊ မိဘတွေနဲ့ ကလေးတွေကိုလည်း တွေးမြင်မိပါတယ်။ ကျွန်မတို့ ဆရာ၊မတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေ အတူတကွ မှန်ကန်ကောင်းမွန်မြင့်မြတ်တဲ့ အကျင့်တွေရှိအောင်၊ အတွေးတွေရှိအောင် အပြန်အလှန် ပံ့ပိုးကြ၊ ကူညီကြရင်ဖြင့် ကျွန်မတို့ ပတ်ဝန်းကျင်က ဘယ်လောက်ကောင်းလိုက်မလဲ။ ထို့အတူပဲ မိဘနဲ့ သားသမီးကြားမှာလည်း ပါရမီဖြည့်ဖက်တွေအဖြစ် အကောင်းဆုံး အပြန်အလှန် ပံ့ပိုးမှုတွေလည်း ပေးဖို့လိုတယ်လို့ထင်ပါတယ်။

ပါရမီဖြည့်ဖက်ဆိုတာ လုပ်ငန်းတစ်ခု ပူးပေါင်းလုပ်ကိုင်သလိုပါပဲ။ နှစ်ဦးကြားမှာ အပြန်အလှန် သိရှိနားလည်မှု၊ ယုံကြည်နေမှုတွေရှိရမယ်။ ဘယ်လို ပူးပေါင်းမှုမျိုးလဲ၊ ဘယ်ကို ဦးတည်နေတဲ့ လမ်းကြောင်းလဲဆိုတာ နှစ်ဦးနှစ်ဖက် ရှင်းလင်းရမယ်။ တစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်ကို တစ်ယောက်က သိရှိပြီး ကူညီပံ့ပိုးပေးနေရမယ်။ ဒါမှ ကောင်းမွန်သော ပူးပေါင်းမှုတစ်ခုပါပဲ။

ကလေးတွေ အမူအကျင့်ကောင်းလေးတွေ ဖြစ်လာဖို့၊ မြင့်မြတ်စွာ တွေးခေါ်တတ်လာဖို့ လမ်းညွှန် ပံ့ပိုးပေးချင်တယ်ဆိုရင်လည်း ကျွန်မတို့က ကလေးတွေကို သေချာ နားထောင်ဖို့၊ သူတို့ အတွေးတွေ ခံစားချက်တွေကို နားလည်ပေးဖို့လိုသလို၊ သူတို့နဲ့ ကိုယ့်အကြားမှာ အပြန်အလှန် ယုံကြည်နေဖို့လိုပါတယ်။ ကိုယ်ဖြစ်ချင်တာနဲ့ သူဖြစ်ချင်တာ သေချာ ရှင်းလင်းပြီး တစ်ယောက်ကိုယ်တစ်ယောက် လိုအပ်သလို ကူညီပံ့ပိုးပေးရမှာပါ။ လူကြီးဖြစ်လို့ လူကြီးဖြစ်စေချင်တာပဲ လုပ်ရပြီး၊ လူကြီးကပဲ ကလေးကို ပံ့ပိုးရမယ်ဆိုတာမျိုးမဟုတ်ပါဘူး။ တစ်ခါတစ်လေ ကလေးကြောင့် လူကြီးတွေ ပိုကောင်းလာနိုင်တယ်၊ အမြင်တွေပြောင်းလဲနိုင်တယ်ဆိုတာလည်း လက်ခံထားဖို့လိုပါတယ်။

အချုပ်မှာ ကျွန်မ မျှဝေချင်တာကတော့ ကျွန်မတို့ရဲ့ ကလေးတွေဟာ ပါရမီဖြည့်ဖက်ကောင်းတွေ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ကလည်း ကလေးတွေရဲ့ ဘဝပါရမီဖြည့်ဖက်ကောင်းတွေဖြစ်နိုင်ပါတယ်။ ကလေးတွေနဲ့ ကျွန်မတို့အကြားက ယုံကြည်မှု၊နားလည်မှု အခြေခံသော ပူးပေါင်းမှုကနေတစ်ဆင့် ကောင်းမွန်မှန်ကန်တဲ့ ကျင့်ကြံအားထုတ်မှု၊ တွေးတောကြံဆမှုတွေ ရလာအောင် အပြန်အလှန် ပံ့ပိုးကြရအောင်လေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo Credit to – https://odishabytes.com/beyond-pink-and-blue-the-quiet-rise-of-gender-neutral-parenting/?fbclid=IwAR0-s7xU3v16PekGgSIzoqv35DQ2uC5nZ1yvCgbOqJGzhnt5sQJ6TMzkgOI

[ Zawgyi ]

ကၽြန္မတို႔ ေန႔စဥ္ဘဝမွာ ပါရမီျဖည့္ဖက္ဆိုတဲ့ စကားလုံးေလးကို သုံးႏႈန္းၾကတယ္။ အိမ္ေထာင္ျပဳတဲ့အခါ ပါရမီျဖည့္ဖက္ေကာင္းေတြျဖစ္ေအာင္ ေနၾကဖို႔ မွာၾကားၾကတယ္။ ကၽြန္မတို႔ဘဝမွာ၊ အခု စာဖတ္ေနသူရဲ့ ဘဝမွာ ပါရမီ ျဖည့္ဖက္ေတြရွိလား။ ကေလးေတြက ကၽြန္မတို႔ေတြရဲ့ ပါရမီ ျဖည့္ဖက္ေတြ ျဖစ္နိုင္တယ္ထင္လား။

ဒီေန႔ ဘာသာေရးရႈေထာင့္ကမဟုတ္ဘဲ ပညာေရးရႈေထာင့္ကေန ပါရမီ ျဖည့္ဖက္အေၾကာင္း ကၽြန္မ အေတြးကို ေဝမၽွခ်င္ပါတယ္။
ပါရမီျဖည့္ဖက္ဆိုတာ – ကၽြန္မအတြက္ေတာ့ ျမင့္ျမတ္တဲ့အလုပ္/ျမတ္ေသာအက်င့္ကို အတူတူ ျပဳလုပ္ေဖၚ ျပဳလုပ္ဖက္၊ က်င့္ႀကံေဖၚ က်င့္ႀကံဖက္ကို ဆိုလိုပါတယ္။ ပါဠိ-ျမန္မာ အဘိဓာန္မွာေတာ့ ပါရမီဆိုတာ အထြတ္အျမတ္၊ ျမတ္ေသာသူ၏အျဖစ္လို႔ ညႊန္းပါတယ္။ ပါရမီျဖည့္ဖက္ဆိုတဲ့ စကားလုံးကို လြယ္လြယ္မသုံးဘဲ ေသခ်ာေလး စဥ္းစားၾကည့္ရင္၊ ေကာင္းတဲ့အလုပ္၊ ျမင့္ျမတ္တဲ့အလုပ္၊ မွန္ကန္သင့္ေလ်ာ္တဲ့အက်င့္ေတြကို အတူတူ လုပ္ၾကသူေတြ၊ အျပန္အလွန္ ပံ့ပိုးၾကသူေတြလို႔ အဓိပၸါယ္ဖြင့္ခ်င္ပါတယ္။

လူႀကီးေတြပါရမီျဖည့္ဖက္ေကာင္းျဖစ္ၾကမွ ကေလးေတြလည္းသင္ယူနိုင္မယ္။

ကေလးေတြက လူႀကီးေတြ (မိဘ၊ေဆြမ်ိဳး၊ပတ္ဝန္းက်င္)ဆီကေန အျမင္၊အၾကား၊အထိအေတြ႕ ပုံစံမ်ိဳးစုံနဲ႔ သင္ယူေနပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ကူညီၾက၊ ပံ့ပိုးၾကတဲ့ ပုံရိပ္ေတြကို ျမင္ရတဲ့ ကေလးေတြက ကူညီပံ့ပိုးတတ္ဖို႔ လမ္းစပိုမ်ားတယ္။ အေမနဲ႔ အေဖက ေကာင္းမြန္တဲ့ အက်င့္စရိုက္နဲ႔ မွန္ကန္တဲ့ အေတြးအေခၚအယူအဆေတြ ရွိဖို႔ အျပန္အလွန္ ေဆြးေႏြး၊တိုင္ပင္၊ ကူညီ၊ရိုင္းပင္းၾကရင္ ကေလးေတြကလည္း မိဘေတြလို လိုက္ၿပီးလုပ္ဖို႔ သင္ယူနိုင္ၾကမွာပါ။ ဒါေၾကာင့္ ကေလးေတြကို ျမင့္ျမတ္တဲ့အက်င့္စရိုက္ေတြ၊အေတြးအေခၚေတြရွိဖို႔ ကၽြန္မတို႔ လူႀကီးေတြမွာလည္း တာဝန္ရွိပါတယ္။

ကေလးေတြလည္း ပါရမီျဖည့္ဖက္ေတြျဖစ္နိုင္ပါတယ္။

ကၽြန္မတို႔လူႀကီးေတြမွာ အေတြးတစ္ခုရွိတတ္တယ္။ အဲဒါက ကိုယ္ေတြက ပိုသိ၊ပိုေတြ႕ၾကဳံခဲ့ရလို႔ ကိုယ္ကပဲ ငယ္တဲ့သူ၊ ကေလးေတြကို ပိုၿပီးလမ္းျပေပးနိုင္မယ္၊ ပံ့ပိုးေပးနိုင္မယ္လို႔ထင္ၾကပါတယ္။ အေရးႀကီးကိစၥအခ်ိဳ႕ ေျပာရင္ ကေလး၊ ကေလးေနရာေန၊ လူႀကီးေတြၾကား ဝင္မရႈပ္နဲ႔ ဆိုတဲ့ စကားေတြကို ကၽြန္မတို႔က သုံးေလ့ရွိပါတယ္။ ကၽြန္မကေတာ့ ကေလးမွာလည္း ကေလးအျမင္၊ ကေလးအေတြး ရွိတတ္ၾကပါတယ္။ ကၽြန္မတို႔က သူတို႔ေလးေတြကို နားေထာင္ေပးဖို႔၊ သူတို႔ကို လူရာသြင္းဖို႔လိုတာပါ။ ေနရာတကာ သူတို႔နဲ႔ အတူတူလုပ္ရမယ္လို႔မဆိုလိုပါဘူး ဒါေပမယ့္ သူတို႔ကို ေကာင္းေစခ်င္ရင္ သူတို႔နဲ႔အတူ ပါရမီျဖည့္ဖို႔လိုပါတယ္။ သူတို႔နဲ႔ ကၽြန္မတို႔ လူႀကီးေတြ အျပန္အလွန္ ကူညီပံ့ပိုးရင္း ေကာင္းတဲ့ အမူအက်င့္ေတြကို ေဖၚေဆာင္နိုင္ပါတယ္။
ကၽြန္မကေတာ့ ပါရမီျဖည့္ဖက္လို႔ ေတြးလိုက္ရင္ ကၽြန္မတို႔ စာသင္ေနတဲ့ ကေလးေတြ၊ မိဘေတြနဲ႔ ကေလးေတြကိုလည္း ေတြးျမင္မိပါတယ္။ ကၽြန္မတို႔ ဆရာ၊မေတြနဲ႔ ေက်ာင္းသူ၊ေက်ာင္းသားေတြ အတူတကြ မွန္ကန္ေကာင္းမြန္ျမင့္ျမတ္တဲ့ အက်င့္ေတြရွိေအာင္၊ အေတြးေတြရွိေအာင္ အျပန္အလွန္ ပံ့ပိုးၾက၊ ကူညီၾကရင္ျဖင့္ ကၽြန္မတို႔ ပတ္ဝန္းက်င္က ဘယ္ေလာက္ေကာင္းလိုက္မလဲ။ ထို႔အတူပဲ မိဘနဲ႔ သားသမီးၾကားမွာလည္း ပါရမီျဖည့္ဖက္ေတြအျဖစ္ အေကာင္းဆုံး အျပန္အလွန္ ပံ့ပိုးမႈေတြလည္း ေပးဖို႔လိုတယ္လို႔ထင္ပါတယ္။

ပါရမီျဖည့္ဖက္ဆိုတာ လုပ္ငန္းတစ္ခု ပူးေပါင္းလုပ္ကိုင္သလိုပါပဲ။ ႏွစ္ဦးၾကားမွာ အျပန္အလွန္ သိရွိနားလည္မႈ၊ ယုံၾကည္ေနမႈေတြရွိရမယ္။ ဘယ္လို ပူးေပါင္းမႈမ်ိဳးလဲ၊ ဘယ္ကို ဦးတည္ေနတဲ့ လမ္းေၾကာင္းလဲဆိုတာ ႏွစ္ဦးႏွစ္ဖက္ ရွင္းလင္းရမယ္။ တစ္ေယာက္ရဲ့ အားသာခ်က္၊ အားနည္းခ်က္ကို တစ္ေယာက္က သိရွိၿပီး ကူညီပံ့ပိုးေပးေနရမယ္။ ဒါမွ ေကာင္းမြန္ေသာ ပူးေပါင္းမႈတစ္ခုပါပဲ။

ကေလးေတြ အမူအက်င့္ေကာင္းေလးေတြ ျဖစ္လာဖို႔၊ ျမင့္ျမတ္စြာ ေတြးေခၚတတ္လာဖို႔ လမ္းညႊန္ ပံ့ပိုးေပးခ်င္တယ္ဆိုရင္လည္း ကၽြန္မတို႔က ကေလးေတြကို ေသခ်ာ နားေထာင္ဖို႔၊ သူတို႔ အေတြးေတြ ခံစားခ်က္ေတြကို နားလည္ေပးဖို႔လိုသလို၊ သူတို႔နဲ႔ ကိုယ့္အၾကားမွာ အျပန္အလွန္ ယုံၾကည္ေနဖို႔လိုပါတယ္။ ကိုယ္ျဖစ္ခ်င္တာနဲ႔ သူျဖစ္ခ်င္တာ ေသခ်ာ ရွင္းလင္းၿပီး တစ္ေယာက္ကိုယ္တစ္ေယာက္ လိုအပ္သလို ကူညီပံ့ပိုးေပးရမွာပါ။ လူႀကီးျဖစ္လို႔ လူႀကီးျဖစ္ေစခ်င္တာပဲ လုပ္ရၿပီး၊ လူႀကီးကပဲ ကေလးကို ပံ့ပိုးရမယ္ဆိုတာမ်ိဳးမဟုတ္ပါဘူး။ တစ္ခါတစ္ေလ ကေလးေၾကာင့္ လူႀကီးေတြ ပိုေကာင္းလာနိုင္တယ္၊ အျမင္ေတြေျပာင္းလဲနိုင္တယ္ဆိုတာလည္း လက္ခံထားဖို႔လိုပါတယ္။

အခ်ဳပ္မွာ ကၽြန္မ မၽွေဝခ်င္တာကေတာ့ ကၽြန္မတို႔ရဲ့ ကေလးေတြဟာ ပါရမီျဖည့္ဖက္ေကာင္းေတြ ျဖစ္နိုင္ပါတယ္။ ကၽြန္မတို႔ကလည္း ကေလးေတြရဲ့ ဘဝပါရမီျဖည့္ဖက္ေကာင္းေတြျဖစ္နိုင္ပါတယ္။ ကေလးေတြနဲ႔ ကၽြန္မတို႔အၾကားက ယုံၾကည္မႈ၊နားလည္မႈ အေျခခံေသာ ပူးေပါင္းမႈကေနတစ္ဆင့္ ေကာင္းမြန္မွန္ကန္တဲ့ က်င့္ႀကံအားထုတ္မႈ၊ ေတြးေတာႀကံဆမႈေတြ ရလာေအာင္ အျပန္အလွန္ ပံ့ပိုးၾကရေအာင္ေလ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

Photo Credit to – https://odishabytes.com/beyond-pink-and-blue-the-quiet-rise-of-gender-neutral-parenting/?fbclid=IwAR0-s7xU3v16PekGgSIzoqv35DQ2uC5nZ1yvCgbOqJGzhnt5sQJ6TMzkgOI