[Unicode]
အီတလီနိုင်ငံတွင်းက Reggio Emiliaဆိုတဲ့ မြို့ငယ်လေးကို ကျွန်မ သွားရောက်လေ့လာခဲ့ပါတယ်။ လေ့လာဖြစ်ခဲ့တဲ့ အကြောင်းအရင်းကတော့ Reggio Emiliaဆိုတဲ့ သဘောကျစရာ အသွင်ကွဲပညာရေးချဉ်းကပ်နည်းကို စတင်ဖေါ်ထုတ်ခဲ့တဲ့ မြို့မို့လို့ပါ။ Reggio Emilia နည်းလမ်းအသုံးပြုကြတဲ့ ကျောင်းတွေအကြောင်းကို ၂၀၁၄ ခုနှစ်လောက်က စတင်ပြီး စာတွေထဲမှာ စတင်ပြီး ရင်းနှီးခဲ့ပါတယ်။
Reggio Emilia ပညာရေးချဉ်းကပ်နည်းဆိုတာဘာလဲ၊ ဘယ်လိုသင်ကြားနည်းစနစ်တွေအသုံးပြုကြသလဲ စတဲ့ ကျွန်မလေ့လာတွေ့ရှိခဲ့ရတာတွေကို ဒီနေ့ မျှဝေပေးပါ့မယ်။ ကလေးငယ်တွေရှိတဲ့ မိဘတွေ၊ ကလေးငယ်တွေကို သင်နေတဲ့ ဆရာ၊မတွေ ဖတ်သင့်ပါတယ်။
Reggio Emilia ပညာရေး ချဉ်းကပ်ပုံဆိုတာ — မွေးခါစကနေ မူလတန်းအရွယ် ကလေးတွေအတွက် ထိရောက်မှုရှိအောင် ဖန်တီးထားတဲ့ ပညာရေး ချဉ်းကပ်ပုံတစ်မျိုးဖြစ်ပါတယ်။ ကလေးဗဟိုပြုချဉ်းကပ်နည်းတို့ အသိပညာတည်ဆောက်ခြင်း သီအိုရီတို့လိုမျိုး ကလေးတွေနဲ့ ပတ်ဝန်းကျင်၊ ကလေးတွေနဲ့ အခြားကလေးတွေ၊ ကလေးတွေနဲ့ လူကြီးတွေ၊ ကလေးတွေနဲ့ အခြားအရာဝတ္ထုတွေကို အသေးစိတ် ချိတ်ဆက်စေမှုကနေရတဲ့ အတွေ့အကြုံတွေကို အခြေပြုပြီး လိုအပ်တဲ့ စွမ်းရည်နဲ့ ဉာဏ်ရည်တွေကို ဖွံ့ဖြိုးစေတာပါ။
ဘာသာစကားနှင့် အနုပညာ
—————————–
ကလေးတွေမှာ လူကြီးတွေ ပြောဆိုသုံးဆွဲနေတဲ့ ဘာသာစကား အသုံးအနှုန်းတွေအပြင် အခြား သူတို့ဖာသာ ဖန်တီးတဲ့ ဘာသာစကားတွေ၊ ချိတ်ဆက်မှုတွေရှိကြပါတယ်။ Reggio Emilia ချဉ်းကပ်ပုံမှာတော့ ကလေးတွေရဲ့ ဘာသာစကားတွေနဲ့ အနုပညာတွေကို ချိတ်ဆက် အသုံးပြုပြီး နားလည်မှုတွေကို ဖေါ်ပြခိုင်းပါတယ်။
ဥပမာ – ၂ နှစ် အရွယ် ကလေးတစ်ယောက် ကို ကတ်ကြေးပေးထားတယ်ဆိုပါစို့။ ကတ်ကြေးဆိုတဲ့ စကားလုံးဆိုတာ လူကြီးတွေက ပေးထားတဲ့ နာမည်ပေါ့။ ကလေးအနေနဲ့ ကတ်ကြေးကို ကတ်ကြေးလို့ မသိပေမယ့် ကတ်ကြေးရဲ့ ပုံက သူတို့အတွက် ငါးနဲ့ တူပြီး ငါးလို့ ပြောချင်ပြောလိမ့်မယ်။ အဲဒါကို ကလေးကိုသွားပြီး ဒါဟာ ငါးမဟုတ်ဘူး၊ ကတ်ကြေးလို့ သင်ပေးတာထက် — ကလေးရဲ့ ငါးဆိုတဲ့ အမြင်ကို ပိုပီပြင်အောင် ပုံဖေါ်ခိုင်းတယ်။ ဆိုလိုချင်တာက ကတ်ကြေး ဘေးပတ်လည်မှာ ငါးတောင်ပံတပ်စေတာမျိုး၊ အမြီးလိုရင် အမြီးတပ်စေတာမျိုး လုပ်ခိုင်းတယ်။
အထူးသဖြင့် အရမ်းငယ်တဲ့ကလေးတွေမှာ လူကြီးတွေသုံးတဲ့ စကားလုံးတွေ မကြွယ်ဝသေးဘူး။ ဒါပေမယ့် သူတို့ထွင်ထားတဲ့ စကားလုံးပေါင်းများစွာ ရှိတယ်။ အဲဒီ့ ထွင်ထားတဲ့ စကားလုံးတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောနိုင်အောင်ကူညီပေးဖို့လိုတယ်။
ကိုယ်က ပစ္စည်းတစ်ခုပြလိုက်ရင် ကလေးတွေက သူတို့ ပြောချင်တဲ့ အရာဝတ္ထုကို ပြောလိမ့်မယ်။ အဲဒီ့အခါ ဘာကြောင့် အဲဒီ့လို ပြောလဲဆိုတာ နားလည်အောင်လုပ်ပြီး သူပြောနေတဲ့ အရာနဲ့ ချိတ်ဆက်တဲ့ အနုပညာလုပ်ငန်းတစ်ခု လုပ်ပြခိုင်းတာမျိုးက ကလေးရဲ့ တီထွင်ကြံဆမှုကို အထောက်အကူပြုပါတယ်။
ကလေးတွေက ချိတ်ဆက်နိုင်စွမ်းအား အရမ်းမြင့်တယ်။ ချိတ်ဆက်တဲ့အခါ ကျွန်မတို့ လူကြီးတွေနဲ့သိပ်ကွာတယ်။ ကွာတဲ့အတွက် ကျွန်မတို့တစ်တွေက ဟဲ့ အဲဒါက အဲ့လိုမခေါ်ရဘူး ဆိုပြီး နောက်ကနေ ကိုယ်သိသလိုတွေ သင်ပေးလေ့ရှိတယ်။ Reggio Emilia မှာကတော့ ကလေးတွေရဲ့ စကားလုံးတွေ၊ အတွေးအခေါ်တွေ၊ ဖန်တီးနိုင်စွမ်းအားတွေကို သူတို့နည်း သူတို့ဟန်နဲ့ ပိုပြီး ဖန်တီးနိုင်အောင် ဆရာ၊မတွေ လူကြီးတွေက ပံ့ပိုးပေးရတယ်။ ဒါမှ အသက်ကြီးလာတဲ့အခါမှာတောင် သူတို့ရဲ့ ချိတ်ဆက် စဉ်းစားနိုင်စွမ်းနဲ့ တီထွင်ဖန်တီးနိုင်မှုက ခိုင်မာစွာ ကျန်ရှိနေမယ်။
ရပ်ရွာနှင့် မိဘ
———–
Reggio Emilia ကို Lorris Malaguzzi ဆိုတဲ့ မူလတန်းကျောင်းဆရာဟောင်း အီတလီ စိတ်ပညာရှင်က ဦးဆောင်ပြီး ဖေါ်ထုတ်ခဲ့တာပါ။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ အီတလီနိုင်ငံဟာလည်း အပြောင်းအလဲတွေကြားမှာ ဒုက္ခများစွာရောက်ခဲ့ရတယ်။ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားတဲ့နိုင်ငံကနေ စက်မှုဘက်ကို အပြောင်းမှာ တက်ကျွမ်းမှု၊ နားလည်မှုတွေကွာဟခဲ့လို့ လူမှုရေး၊ ပညာရေး၊ စီးပွါးရေး အဖက်ဖက်က နိမ့်ကျခဲ့တယ်လို့ သိမှတ်ရပါတယ်။ ဒီလို အဖက်ဖက်က နိမ့်ကျပြီး နောက် နိုင်ငံတစ်ခု ပြန်လည် ဦးမတ်နိုင်ဖို့ ကလေးတွေကနေတစ်ဆင့် စတင်ပြောင်းလဲဖို့လိုတယ်ဆိုတာ Lorr Malaguzzi နဲ့အတူ မြို့ရဲ့ အုပ်ချုပ်သူတွေကလည်း သဘောတူတဲ့အတွက် မွေးပြီးခါစ ကလေးတွေကနေစပြီး မူလတန်းအရွယ်ထိ အခြေခံကောင်းတဲ့ ပညာရေး အခွင့်အလမ်းတွေ ပေးဖို့ အားလုံး ပူးပေါင်းခဲ့ကြတယ်။ သမိုင်းအကျယ်ဖတ်ကြည့်ရင် ခက်ခက်ခဲခဲနဲ့ အားလုံး တစ်ဆင့်ချင်း ကြိုးစားခဲ့ကြတာ သိရမှာပါ။ အားလုံး အတူတူ ကြိုးစားခဲ့ကြလို့ Lorris Malaguzi က သူ့ရဲ့ ပညာရေးချဉ်းကပ်ပုံကို မြို့နာမည်နဲ့ ထားခဲ့တယ်။ အခုအချိန်ထိ မိဘတွေကလည်း သူတို့ဟာ ကလေးတွေရဲ့ ပညာရေးအတွက် အဓိက ကျသူတွေဆိုတာ သိတဲ့အတွက် ကလေးတွေရဲ့ တိုးတက်မှု၊ ဖန်တီးနိုင်စွမ်းစ တာတွေကို ဆရာ၊မတွေနဲ့ တိုင်ပင်ကြတာတွေလုပ်တယ်။ ကလေးမှာ အဆင်မပြေတာတွေရှိနေရင် ဘယ်လို ပူးပေါင်းပြီး လုပ်မလဲဆိုတာကို ဆွေးနွေးကြတယ်။ အဓိကကတော့ ကလေးရဲ့ ကွန့်မြူးနေတဲ့ ဉာဏ်တွေကို မေးခွန်းတွေ မေးပြီး နားလည်လာအောင် လုပ်ပေးဖို့၊ တီထွင်ဖန်တီးမှုတွေကို အခြားသဏ္ဍာန်တစ်ခုခုနဲ့ ပြနိုင်အောင် ပံ့ပိုးဖို့ အိမ်မှာလည်း လုပ်ပေးဖို့ လိုပါတယ်။
ပတ်ဝန်းကျင်နှင့် ခံစားမှု
————————–
Reggio Emilia ချဉ်းကပ်ပုံက ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာဝတ္ထုတွေနဲ့ သဘာဝပစ္စည်းတွေကို အသေးစိတ်နားလည်အောင် ခံစားနိုင်စွမ်းရှိအောင် သင်ပေးတယ်။ ခံစားမှုဆိုတဲ့အခါ အထိအတွေ့တင်မကဘဲ အဲဒီ့အရာဝတ္ထုနဲ့ စိတ်ချင်းချိတ်ဆက်မှုကိုပါ အဓိကထားတယ်။ ကျွန်မ တွေ့ခဲ့တာဆိုရင် – ဆရာမက ကလေးတွေကို ပတ်ဝန်းကျင်မှာ အမြဲတွေ့နေရတဲ့ စာရွက်အမျိုးစားစုံကို ပြထားတယ်။ ကလေးတွေထဲက တစ်ယောက်က ကြည့်ပြီး “စာရွက်လေးတွေက အရည်ခွံမျိုးစုံရှိတယ်နော်။ အရည်ခွံပေါ်မှာ အမွှေးလေးတွေရှိတာလည်းရှိတယ်၊ အမွှေးမရှိတာလည်းရှိတယ်။” ဆိုပြီးပြောတယ်။ ဒီလိုပြောနိုင်ဖို့က ကလေးကိုယ်တိုင်က စာရွက်လေးတွေကို အသေးစိတ်ကြည့်ပြီး လေ့လာမှဖြစ်တယ်။ အသေးစိတ် လေ့လာပြီး အပြန်အလှန် ခံစားချက်တွေ တွေ့ရှိချက်တွေ ပြောတဲ့အခါ အဲဒီ့ပစ္စည်းနဲ့ ကလေးနဲ့ ပိုပြီး စိတ်ချင်းနီးစပ်သွားတယ်။ အဲဒီ့အခါ ပစ္စည်းကို ဖျက်ဆီးဖို့ ခဲရင်းပြီး ထိမ်းသိမ်းစောင့်ရှောက်လိုစိတ်ရှိလာသလို အကောင်းဆုံး ဖန်တီးမှုတွေ ပြုလုပ်ချင်စိတ်တွေရှိလာတယ်။
Reggio Emilia စည်းမျဉ်းအချို့
——————
• လူသားများနှင့် သဘာဝပတ်ဝန်းကျင်၏ ချိတ်ဆက်မှုကို အသေးစိတ်နားလည်ရန် လေ့လာခြင်း ပြုရမည်။
• ကလေးအချင်းချင်း (သို့) ကလေးနှင့် လူကြီးများအကြား လေးစားစွာ နားထောင်ပေးခြင်းဖြင့် တန်ဖိုးထားမှုကို ပြရမည်။
• သင်ကြားသင်ယူမှုသည် အားလုံး၏ တာဝန်ဖြစ်သဖြင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးမှုများ တိုင်ပင်မှုများ ရှိရမည်။
• ကလေးများ၏ ကိုယ်ပိုင်ဘာသာစကားကို အသုံးပြုခွင့်ပေးပြီး ထပ်မံ အကျယ်ချဲ့ ချိတ်ဆက်လေ့လာခွင့်ပေးရမည်။
• ကလေးများကို ခေါင်းစဉ်အလိုက် လုပ်ငန်းအစီအစဉ်များ လုပ်ခွင့်ပေးရမည် (Project work)။
• ကလေးများ၏ လူမှု ပတ်ဝန်းကျင်၏ အခြေအနေနှင့် ဖြစ်ရပ်များကို အသိပေးပြီး အရှိအတိုင်းလက်ခံတတ်အောင်၊ ပိုမိုကောင်းမွန်သော လူနေမှုအသိုင်းအဝန်းဖြစ်စေရန် လိုအပ်မည့် သင်ယူမှုများရရှိစေရန် အခွင့်အလမ်းများ ဖန်တီးပေးရမည်။
• လူကြီးမိဘများနှင့် ဆရာ၊မများသည် ကလေး၏ အခြေအနေကို ပွင့်လင်းစွာ မျှဝေ၍ ကလေး၏ တိုးတက်မှုအတွက် လက်တွဲပူးပေါင်းဆောင်ရွက်ရမည်။
Reggio Emiliaပညာရေးချဉ်းကပ်ပုံက အခုဖေါ်ပြခဲ့သလောက်နဲ့တင် မလုံလောက်ပါဘူး။ နက်နက်နဲနဲ လေ့လာဖို့လည်း လိုသလို သေချာလည်း လေ့လာသင့်တဲ့ နည်းစနစ်တစ်ခုပါ။ အခုစာလေးကတော့ အားလုံးကို အမြည်းကျွေးတဲ့သဘောပေါ့။ ကျွန်မ မြင်ခဲ့ရတဲ့ Reggio Emilia မြို့လေးရဲ့ ချဉ်းကပ်ပုံကိုတော့ ကျွန်မက သဘောကျတယ်။ ကလေးတွေကို မွေးကတည်းက သဘာဝတရားနဲ့အနီးစပ်ဆုံးနေစေပြီး သဘာဝတရားထဲက အရာတွေအားလုံးအကြောင်းကို အသေးစိတ် စူးစမ်းစေတယ်၊ နေ့စဉ်မြင်နေရတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သေချာသိအောင်လုပ်ပြီး အသစ်ပုံသဏ္ဍာန်ဖန်တီးကြတယ်၊ မိဘနဲ့ ဆရာ၊မ ပူးပေါင်းပြီး ကလေးအတွက် အကောင်းဆုံး ပြင်ဆင် ဆောင်ရွက်ကြတယ်။ သဘောအကျဆုံးကတော့ ကလေးတွေရဲ့ ကွန့်မြူးနေနေတဲ့ ဉာဏ်ရည်နဲ့ အတွေးအခေါ်တွေကို တိမ်ငုတ်မသွားအောင် အမြဲနှိုးဆွပေးနေတဲ့အချက်ပဲ။ Reggio Emilia ရဲ့ ပညာရေး ချဉ်းကပ်မှုက အခုဆိုရင် နိုင်ငံပေါင်း ၁၄၄ နိုင်ငံမှာ ကျယ်ပြန့်စွာ အသုံးပြုနေကြသလို Reggio Emilia မြို့ကိုလည်း လာရောက်လေ့လာနေကြတဲ့ ဆရာ၊မတွေ ပညာရေးသမားတွေ အများကြီးရှိပါတယ်။ သို့ပေမယ့် အီတလီနိုင်ငံအနှံ့မှာ အများကြီးရှိမနေပါဘူး။ ကျွန်မမိတ်ဆွေတွေ ပြောပြသလောက် အီတလီရဲ့ ပညာရေးအပေါ် အသုံးစရိတ်က အလွန်နည်းပါးတယ်။ ဒါကြောင့် ပညာရေးတိုးတက်ချင်ရင် ရပ်ရွာ၊ မိဘ၊ ဆရာတွေ ပူးပေါင်းမှုရော၊ နည်းစနစ်ကောင်းတေတွရော ရှိနေရင်တောင်မှ ပညာရေးကို အလွန်တန်ဖိုးထားပြီး ပညာရေးမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ အစိုးရတစ်ရပ်တော့ အလွန်လိုအပ်တယ်ဆိုတာလည်း သင်ယူခွင့်ရခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း မိဘ၊ဆရာ ပူးပေါင်းပြီး သင်ကြားနည်းစနစ်ကောင်းတွေကို အသုံးပြုနိုင်သလို နိုင်ငံတော်အဆင့် ပညာရေးတိုးတက်မှုတွေအတွက်လုပ်ဆောင်မှုတွေလည်း ဒီ့ထက်မက စနစ်တကျ လုပ်နိုင်ကြပါစေ ဆုမွန်ခြွေလျက်………
မေတ္တာဖြင့်….
Sayarma-ဆရာမ
[Zawgyi]
အီတလီနုိင္ငံတြင္းက Reggio Emiliaဆိုတဲ့ ျမို႕ငယ္ေလးကို ကၽြန္မ သြားေရာက္ေလ့လာခဲ့ပါတယ္။ ေလ့လာျဖစ္ခဲ့တဲ့ အေၾကာင္းအရင္းကေတာ့ Reggio Emiliaဆိုတဲ့ သေဘာက်စရာ အသြင္ကြဲပညာေရးခ်ဥ္းကပ္နည္းကို စတင္ေဖၚထုတ္ခဲ့တဲ့ ျမိဳ႕မို႕လို႕ပါ။ Reggio Emilia နည္းလမ္းအသံုးျပဳၾကတဲ့ ေက်ာင္းေတြအေၾကာင္းကို ၂၀၁၄ ခုႏွစ္ေလာက္က စတင္ျပီး စာေတြထဲမွာ စတင္ျပီး ရင္းႏွီးခဲ့ပါတယ္။
Reggio Emilia ပညာေရးခ်ဥ္းကပ္နည္းဆိုတာဘာလဲ၊ ဘယ္လိုသင္ၾကားနည္းစနစ္ေတြအသံုးျပဳၾကသလဲ စတဲ့ ကၽြန္မေလ့လာေတြ႕ရွိခဲ့ရတာေတြကို ဒီေန႕ မွ်ေဝေပးပါ့မယ္။ ကေလးငယ္ေတြရွိတဲ့ မိဘေတြ၊ ကေလးငယ္ေတြကို သင္ေနတဲ့ ဆရာ၊မေတြ ဖတ္သင့္ပါတယ္။
Reggio Emilia ပညာေရး ခ်ဥ္းကပ္ပံုဆိုတာ — ေမြးခါစကေန မူလတန္းအရြယ္ ကေလးေတြအတြက္ ထိေရာက္မွဳရွိေအာင္ ဖန္တီးထားတဲ့ ပညာေရး ခ်ဥ္းကပ္ပံုတစ္မ်ိဳးျဖစ္ပါတယ္။ ကေလးဗဟုိျပဳခ်ဥ္းကပ္နည္းတို႕ အသိပညာတည္ေဆာက္ျခင္း သီအိုရီတို႕လိုမ်ိဳး ကေလးေတြနဲ႕ ပတ္ဝန္းက်င္၊ ကေလးေတြနဲ႕ အျခားကေလးေတြ၊ ကေလးေတြနဲ႕ လူၾကီးေတြ၊ ကေလးေတြနဲ႕ အျခားအရာဝတၳဳေတြကို အေသးစိတ္ ခ်ိတ္ဆက္ေစမွဳကေနရတဲ့ အေတြ႕အၾကံဳေတြကို အေျချပဳျပီး လုိအပ္တဲ့ စြမ္းရည္နဲ႕ ဥာဏ္ရည္ေတြကို ဖြံ႕ျဖိဳးေစတာပါ။
ဘာသာစကားႏွင့္ အနုပညာ
—————————–
ကေလးေတြမွာ လူၾကီးေတြ ေျပာဆိုသံုးဆြဲေနတဲ့ ဘာသာစကား အသံုးအႏွုန္းေတြအျပင္ အျခား သူတို႕ဖာသာ ဖန္တီးတဲ့ ဘာသာစကားေတြ၊ ခ်ိတ္ဆက္မွဳေတြရွိၾကပါတယ္။ Reggio Emilia ခ်ဥ္းကပ္ပံုမွာေတာ့ ကေလးေတြရဲ႕ ဘာသာစကားေတြနဲ႕ အနုပညာေတြကို ခ်ိတ္ဆက္ အသံုးျပဳျပီး နားလည္မွဳေတြကုိ ေဖၚျပခုိင္းပါတယ္။
ဥပမာ – ၂ ႏွစ္ အရြယ္ ကေလးတစ္ေယာက္ ကို ကတ္ေၾကးေပးထားတယ္ဆိုပါစို႕။ ကတ္ေၾကးဆိုတဲ့ စကားလံုးဆိုတာ လူၾကီးေတြက ေပးထားတဲ့ နာမည္ေပါ့။ ကေလးအေနနဲ႕ ကတ္ေၾကးကို ကတ္ေၾကးလို႕ မသိေပမယ့္ ကတ္ေၾကးရဲ႕ ပံုက သူတို႕အတြက္ ငါးနဲ႕ တူျပီး ငါးလို႕ ေျပာခ်င္ေျပာလိမ့္မယ္။ အဲဒါကို ကေလးကိုသြားျပီး ဒါဟာ ငါးမဟုတ္ဘူး၊ ကတ္ေၾကးလို႕ သင္ေပးတာထက္ — ကေလးရဲ႕ ငါးဆိုတဲ့ အျမင္ကို ပိုပီျပင္ေအာင္ ပံုေဖၚခုိင္းတယ္။ ဆိုလိုခ်င္တာက ကတ္ေၾကး ေဘးပတ္လည္မွာ ငါးေတာင္ပံတပ္ေစတာမ်ိဳး၊ အျမီးလိုရင္ အျမီးတပ္ေစတာမ်ိဳး လုပ္ခုိင္းတယ္။
အထူးသျဖင့္ အရမ္းငယ္တဲ့ကေလးေတြမွာ လူၾကီးေတြသံုးတဲ့ စကားလံုးေတြ မၾကြယ္ဝေသးဘူး။ ဒါေပမယ့္ သူတုိ႕ထြင္ထားတဲ့ စကားလံုးေပါင္းမ်ားစြာ ရွိတယ္။ အဲဒီ့ ထြင္ထားတဲ့ စကားလံုးေတြကို ပိုျပီး က်ယ္က်ယ္ျပန္႕ျပန္႕ေျပာနုိင္ေအာင္ကူညီေပးဖုိ႕လိုတယ္။
ကိုယ္က ပစၥည္းတစ္ခုျပလုိက္ရင္ ကေလးေတြက သူတို႕ ေျပာခ်င္တဲ့ အရာဝတၳဳကို ေျပာလိမ့္မယ္။ အဲဒီ့အခါ ဘာေၾကာင့္ အဲဒီ့လို ေျပာလဲဆိုတာ နားလည္ေအာင္လုပ္ျပီး သူေျပာေနတဲ့ အရာနဲ႕ ခ်ိတ္ဆက္တဲ့ အနုပညာလုပ္ငန္းတစ္ခု လုပ္ျပခုိင္းတာမ်ိဳးက ကေလးရဲ႕ တီထြင္ၾကံဆမွဳကို အေထာက္အကူျပဳပါတယ္။
ကေလးေတြက ခ်ိတ္ဆက္နုိင္စြမ္းအား အရမ္းျမင့္တယ္။ ခ်ိတ္ဆက္တဲ့အခါ ကၽြန္မတို႕ လူၾကီးေတြနဲ႕သိပ္ကြာတယ္။ ကြာတဲ့အတြက္ ကၽြန္မတုိ႕တစ္ေတြက ဟဲ့ အဲဒါက အဲ့လိုမေခၚရဘူး ဆိုျပီး ေနာက္ကေန ကိုယ္သိသလိုေတြ သင္ေပးေလ့ရွိတယ္။ Reggio Emilia မွာကေတာ့ ကေလးေတြရဲ႕ စကားလံုးေတြ၊ အေတြးအေခၚေတြ၊ ဖန္တီးနုိင္စြမ္းအားေတြကို သူတုိ႕နည္း သူတို႕ဟန္နဲ႕ ပိုျပီး ဖန္တီးနုိင္ေအာင္ ဆရာ၊မေတြ လူၾကီးေတြက ပံ့ပိုးေပးရတယ္။ ဒါမွ အသက္ၾကီးလာတဲ့အခါမွာေတာင္ သူတုိ႕ရဲ႕ ခ်ိတ္ဆက္ စဥ္းစားနုိင္စြမ္းနဲ႕ တီထြင္ဖန္တီးနုိင္မွဳက ခုိင္မာစြာ က်န္ရွိေနမယ္။
ရပ္ရြာႏွင့္ မိဘ
———–
Reggio Emilia ကို Lorris Malaguzzi ဆိုတဲ့ မူလတန္းေက်ာင္းဆရာေဟာင္း အီတလီ စိတ္ပညာရွင္က ဦးေဆာင္ျပီး ေဖၚထုတ္ခဲ့တာပါ။ ဒုတိယကမာၻစစ္ၾကီးအျပီးမွာ အီတလီနုိင္ငံဟာလည္း အေျပာင္းအလဲေတြၾကားမွာ ဒုကၡမ်ားစြာေရာက္ခဲ့ရတယ္။ အထူးသျဖင့္ လယ္ယာစိုက္ပ်ိဳးေရးကို အဓိကထားတဲ့နုိင္ငံကေန စက္မွဳဘက္ကို အေျပာင္းမွာ တက္ကၽြမ္းမွဳ၊ နားလည္မွဳေတြကြာဟခဲ့လို႕ လူမွဳေရး၊ ပညာေရး၊ စီးပြါးေရး အဖက္ဖက္က နိမ့္က်ခဲ့တယ္လို႕ သိမွတ္ရပါတယ္။ ဒီလို အဖက္ဖက္က နိမ့္က်ျပီး ေနာက္ နုိင္ငံတစ္ခု ျပန္လည္ ဦးမတ္နုိင္ဖုိ႕ ကေလးေတြကေနတစ္ဆင့္ စတင္ေျပာင္းလဲဖုိ႕လိုတယ္ဆိုတာ Lorr Malaguzzi နဲ႕အတူ ျမိဳ႕ရဲ႕ အုပ္ခ်ဳပ္သူေတြကလည္း သေဘာတူတဲ့အတြက္ ေမြးျပီးခါစ ကေလးေတြကေနစျပီး မူလတန္းအရြယ္ထိ အေျခခံေကာင္းတဲ့ ပညာေရး အခြင့္အလမ္းေတြ ေပးဖုိ႕ အားလံုး ပူးေပါင္းခဲ့ၾကတယ္။ သမိုင္းအက်ယ္ဖတ္ၾကည့္ရင္ ခက္ခက္ခဲခဲနဲ႕ အားလံုး တစ္ဆင့္ခ်င္း ၾကိဳးစားခဲ့ၾကတာ သိရမွာပါ။ အားလံုး အတူတူ ၾကိဳးစားခဲ့ၾကလို႕ Lorris Malaguzi က သူ႕ရဲ႕ ပညာေရးခ်ဥ္းကပ္ပံုကို ျမိဳ႕နာမည္နဲ႕ ထားခဲ့တယ္။ အခုအခ်ိန္ထိ မိဘေတြကလည္း သူတို႕ဟာ ကေလးေတြရဲ႕ ပညာေရးအတြက္ အဓိက က်သူေတြဆိုတာ သိတဲ့အတြက္ ကေလးေတြရဲ႕ တိုးတက္မွဳ၊ ဖန္တီးနုိင္စြမ္းစ တာေတြကို ဆရာ၊မေတြနဲ႕ တုိင္ပင္ၾကတာေတြလုပ္တယ္။ ကေလးမွာ အဆင္မေျပတာေတြရွိေနရင္ ဘယ္လို ပူးေပါင္းျပီး လုပ္မလဲဆိုတာကို ေဆြးေႏြးၾကတယ္။ အဓိကကေတာ့ ကေလးရဲ႕ ကြန္႕ျမူးေနတဲ့ ဥာဏ္ေတြကို ေမးခြန္းေတြ ေမးျပီး နားလည္လာေအာင္ လုပ္ေပးဖုိ႕၊ တီထြင္ဖန္တီးမွဳေတြကို အျခားသ႑ာန္တစ္ခုခုနဲ႕ ျပနုိင္ေအာင္ ပံ့ပိုးဖို႕ အိမ္မွာလည္း လုပ္ေပးဖုိ႕ လုိပါတယ္။
ပတ္ဝန္းက်င္ႏွင့္ ခံစားမွဳ
————————–
Reggio Emilia ခ်ဥ္းကပ္ပံုက ပတ္ဝန္းက်င္မွာ ရွိေနတဲ့ အရာဝတၳဳေတြနဲ႕ သဘာဝပစၥည္းေတြကို အေသးစိတ္နားလည္ေအာင္ ခံစားနုိင္စြမ္းရွိေအာင္ သင္ေပးတယ္။ ခံစားမွဳဆိုတဲ့အခါ အထိအေတြ႕တင္မကဘဲ အဲဒီ့အရာဝတၳဳနဲ႕ စိတ္ခ်င္းခ်ိတ္ဆက္မွဳကိုပါ အဓိကထားတယ္။ ကၽြန္မ ေတြ႕ခဲ့တာဆိုရင္ – ဆရာမက ကေလးေတြကို ပတ္ဝန္းက်င္မွာ အျမဲေတြ႕ေနရတဲ့ စာရြက္အမ်ိဳးစားစံုကို ျပထားတယ္။ ကေလးေတြထဲက တစ္ေယာက္က ၾကည့္ျပီး “စာရြက္ေလးေတြက အရည္ခြံမ်ိဳးစံုရွိတယ္ေနာ္။ အရည္ခြံေပၚမွာ အေမႊးေလးေတြရွိတာလည္းရွိတယ္၊ အေမႊးမရွိတာလည္းရွိတယ္။” ဆိုျပီးေျပာတယ္။ ဒီလိုေျပာနုိင္ဖုိ႕က ကေလးကိုယ္တုိင္က စာရြက္ေလးေတြကို အေသးစိတ္ၾကည့္ျပီး ေလ့လာမွျဖစ္တယ္။ အေသးစိတ္ ေလ့လာျပီး အျပန္အလွန္ ခံစားခ်က္ေတြ ေတြ႕ရွိခ်က္ေတြ ေျပာတဲ့အခါ အဲဒီ့ပစၥည္းနဲ႕ ကေလးနဲ႕ ပိုျပီး စိတ္ခ်င္းနီးစပ္သြားတယ္။ အဲဒီ့အခါ ပစၥည္းကို ဖ်က္ဆီးဖုိ႕ ခဲရင္းျပီး ထိမ္းသိမ္းေစာင့္ေရွာက္လိုစိတ္ရွိလာသလို အေကာင္းဆံုး ဖန္တီးမွဳေတြ ျပဳလုပ္ခ်င္စိတ္ေတြရွိလာတယ္။
Reggio Emilia စည္းမ်ဥ္းအခ်ိဳ႕
——————
• လူသားမ်ားႏွင့္ သဘာဝပတ္ဝန္းက်င္၏ ခ်ိတ္ဆက္မွဳကို အေသးစိတ္နားလည္ရန္ ေလ့လာျခင္း ျပဳရမည္။
• ကေလးအခ်င္းခ်င္း (သို႕) ကေလးႏွင့္ လူၾကီးမ်ားအၾကား ေလးစားစြာ နားေထာင္ေပးျခင္းျဖင့္ တန္ဖိုးထားမွဳကို ျပရမည္။
• သင္ၾကားသင္ယူမွဳသည္ အားလံုး၏ တာဝန္ျဖစ္သျဖင့္ ပြင့္လင္းျမင္သာစြာ ေဆြးေႏြးမွုမ်ား တိုင္ပင္မွဳမ်ား ရွိရမည္။
• ကေလးမ်ား၏ ကိုယ္ပုိင္ဘာသာစကားကို အသံုးျပဳခြင့္ေပးျပီး ထပ္မံ အက်ယ္ခ်ဲ႕ ခ်ိတ္ဆက္ေလ့လာခြင့္ေပးရမည္။
• ကေလးမ်ားကို ေခါင္းစဥ္အလုိက္ လုပ္ငန္းအစီအစဥ္မ်ား လုပ္ခြင့္ေပးရမည္ (Project work)။
• ကေလးမ်ား၏ လူမွဳ ပတ္ဝန္းက်င္၏ အေျခအေနႏွင့္ ျဖစ္ရပ္မ်ားကို အသိေပးျပီး အရွိအတုိင္းလက္ခံတတ္ေအာင္၊ ပိုမိုေကာင္းမြန္ေသာ လူေနမွဳအသိုင္းအဝန္းျဖစ္ေစရန္ လိုအပ္မည့္ သင္ယူမွဳမ်ားရရွိေစရန္ အခြင့္အလမ္းမ်ား ဖန္တီးေပးရမည္။
• လူၾကီးမိဘမ်ားႏွင့္ ဆရာ၊မမ်ားသည္ ကေလး၏ အေျခအေနကို ပြင့္လင္းစြာ မွ်ေဝ၍ ကေလး၏ တိုးတက္မွဳအတြက္ လက္တြဲပူးေပါင္းေဆာင္ရြက္ရမည္။
Reggio Emiliaပညာေရးခ်ဥ္းကပ္ပံုက အခုေဖၚျပခဲ့သေလာက္နဲ႕တင္ မလံုေလာက္ပါဘူး။ နက္နက္နဲနဲ ေလ့လာဖို႕လည္း လိုသလို ေသခ်ာလည္း ေလ့လာသင့္တဲ႕ နည္းစနစ္တစ္ခုပါ။ အခုစာေလးကေတာ့ အားလံုးကို အျမည္းေကၽြးတဲ့သေဘာေပါ့။ ကၽြန္မ ျမင္ခဲ့ရတဲ့ Reggio Emilia ျမိဳ႕ေလးရဲ႕ ခ်ဥ္းကပ္ပံုကိုေတာ့ ကၽြန္မက သေဘာက်တယ္။ ကေလးေတြကို ေမြးကတည္းက သဘာဝတရားနဲ႕အနီးစပ္ဆံုးေနေစျပီး သဘာဝတရားထဲက အရာေတြအားလံုးအေၾကာင္းကို အေသးစိတ္ စူးစမ္းေစတယ္၊ ေန႕စဥ္ျမင္ေနရတဲ့ အသံုးအေဆာင္ပစၥည္းေတြကို ေသခ်ာသိေအာင္လုပ္ျပီး အသစ္ပုံသ႑ာန္ဖန္တီးၾကတယ္၊ မိဘနဲ႕ ဆရာ၊မ ပူးေပါင္းျပီး ကေလးအတြက္ အေကာင္းဆံုး ျပင္ဆင္ ေဆာင္ရြက္ၾကတယ္။ သေဘာအက်ဆံုးကေတာ့ ကေလးေတြရဲ႕ ကြန္႕ျမဴးေနေနတဲ့ ဥာဏ္ရည္နဲ႕ အေတြးအေခၚေတြကို တိမ္ငုတ္မသြားေအာင္ အျမဲနွိဳးဆြေပးေနတဲ့အခ်က္ပဲ။ Reggio Emilia ရဲ႕ ပညာေရး ခ်ဥ္းကပ္မွဳက အခုဆိုရင္ နိုင္ငံေပါင္း ၁၄၄ နုိင္ငံမွာ က်ယ္ျပန္႕စြာ အသံုးျပဳေနၾကသလို Reggio Emilia ျမိဳ႕ကိုလည္း လာေရာက္ေလ့လာေနၾကတဲ့ ဆရာ၊မေတြ ပညာေရးသမားေတြ အမ်ားၾကီးရွိပါတယ္။ သို႕ေပမယ့္ အီတလီနုိင္ငံအႏွံ႕မွာ အမ်ားၾကီးရွိမေနပါဘူး။ ကၽြန္မမိတ္ေဆြေတြ ေျပာျပသေလာက္ အီတလီရဲ႕ ပညာေရးအေပၚ အသံုးစရိတ္က အလြန္နည္းပါးတယ္။ ဒါေၾကာင့္ ပညာေရးတိုးတက္ခ်င္ရင္ ရပ္ရြာ၊ မိဘ၊ ဆရာေတြ ပူးေပါင္းမွဳေရာ၊ နည္းစနစ္ေကာင္းေတတြေရာ ရွိေနရင္ေတာင္မွ ပညာေရးကို အလြန္တန္ဖိုးထားျပီး ပညာေရးမွာ ရင္းႏွီးျမွဳပ္ႏွံလိုတဲ့ အစိုးရတစ္ရပ္ေတာ့ အလြန္လိုအပ္တယ္ဆိုတာလည္း သင္ယူခြင့္ရခဲ့ပါတယ္။
ျမန္မာနုိင္ငံမွာလည္း မိဘ၊ဆရာ ပူးေပါင္းျပီး သင္ၾကားနည္းစနစ္ေကာင္းေတြကို အသံုးျပဳနုိင္သလို နုိင္ငံေတာ္အဆင့္ ပညာေရးတိုးတက္မွဳေတြအတြက္လုပ္ေဆာင္မွဳေတြလည္း ဒီ့ထက္မက စနစ္တက် လုပ္နိုင္ၾကပါေစ ဆုမြန္ေျခြလ်က္………
ေမတၱာျဖင့္…. Sayarma-ဆရာမ