[Unicode]

ကျွန်မတို့နိုင်ငံမှာ ဗုဒ္ဓဘာသာလေ့လာဖို့အတွက် ဆရာတော်တွေ ဆရာလေးတွေအတွက် သာသနတက္ကသိုလ်တွေရှိတယ်။ အခြား ပုဂ္ဂလိက တက္ကသိုလ်တွေလည်းရှိတယ်။ အခုဆို ဓမ္မစကူးလ်တွေလည်း အများကြီးပါပဲ။  ကျွန်မ အခု မျှဝေချင်တာက ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ အပြည်ပြည်ဆိုင်ရာဗုဒ္ဓကောလိပ ် (International Buddhist College – IBC) အကြောင်းဖြစ်ပါတယ်။  ကျွန်မတို့နိုင်ငံတွင်းက ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ တက္ကသိုလ်တွေတင်မကဘူး၊ အခြားဘာသာကျောင်းတွေပဲဖြစ်ဖြစ်၊ ရိုးရိုးသာမာန်ကျောင်းတွေ၊ ဘော်ဒါတွေပဲဖြစ်ဖြစ် – သူတို့ ကျောင်းကနေ ကျွန်မတို့ သင်ယူလေ့လာနိုင်ဖို့အတွက် ကျွန်မ မျှဝေခြင်းဖြစ်ပါတယ်။

၁) ကောင်းသောပညာရေးဖြင့် သာသနာပြုခြင်း

ဦးဆောင်သော ဆရာတော်က မဟာယန ဗုဒ္ဓဘာသာဝင်  မလေးရှား ဘုန်းတော်ကြီး ဖြစ်ပါတယ်။ ဆရာတော်နဲ့တပည့်သာဝကတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ပြီး ပြန့်ပွါးဖို့ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ အပါအဝင် အခြား ဘာသာဝင်တွေအကြောင်းကို လေ့လာပါတယ်။ ပညာရေးကို အခြေခံတဲ့ ဘာသာရေး၊ အတွေးအခေါ်ကို အလေးအနက်ထားတဲ့ ကိုးကွယ်ယုံကြည်မှု၊ ခေတ်နဲ့အညီ ချိတ်ဆက် သင်ကြားပေးနိုင်တဲ့ ဘာသာတရား တွေက ပိုမို အဓွန့်ရှည်နိုင်တဲ့အကြောင်း သိရှိခဲ့တာကြောင့် မတူညီသော ဗုဒ္ဓဘာသာဂုဏ်းတွေက ဗုဒ္ဓဘာသာတွေအားလုံးကို မခွဲခြားပဲ သိသင့်၊ သိအပ်တဲ့ ဗုဒ္ဓဘာသာ အပြင် အခြား ခေတ်မီပညာရပ်တွေပါသင်ပေးဖို့ ကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဆိုပေမယ့် ဗုဒ္ဓဘာသာတက္ကသိုလ်က လက်ငါးချောင်းတောင် မပြည့်ဘဲ အခြားဘာသာဝင်တွေရဲ့ သာသနာပြုကျောင်းတွေကတော့ အောင်မြင်မှုများစွာနဲ့ ကျောင်းပေါင်းများစွာ ရှိနေပါတယ်။ ဆရာတော်က အခြား ဘာသာင်တွေဟာ ပညာရေးကို ဦးတည်ထားတာကို သင်ခန်းစာလည်း ယူပြီး နောက်ကောက်မကျအောင် ပညာရေးကို ဦါ်တည်ပြီး သာသနာပြုဖို့ ပိုပြီး အားတက်ခဲ့ပါတယ်။ IBCဟာ ထိုင်းနိုင်ငံ အစိုးရ အသိမှတ်ပြုထားတဲ့ ကောလိပ်အမည်ခံ တက္ကသိုလ်အဆင့်ရှိတဲ့ ကျောင်းဖြစ်ပါတယ်။ ဒါကြောင့် ကျောငး်ပြီးသွားသူတွေဟာ အခြားကျောင်းတွေနည်းတူ အသိမှတ်ပြုခံရပါတယ်။

၂) စာသင်ခြင်းထက်ပိုသော ပညာ

IBCမှာ တက်ရောက်သော ရဟန်း သီလရှင် လူပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ဘွဲ့နဲ့ဆိုင်တဲ့ ဘာသာရပ်ဆိုင်ရာ အတန်းတွေကိုပဲ တက်ရောက်ရတာမဟုတ်ပါဘူး၊ ကျောင်းလုပ်ငန်းတွေ၊ ဝေယျာဝစ္စတွေလည်းလုပ်ရပါတယ်။ အပင်စိုက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ထမင်းဟင်းချက်ခြင်း၊ ပြင်ပကျောင်းများတွင် လုပ်အားပေးလုပ်ခြင်း၊ ဘုရားရှိခိုးခြင်း စတဲ့လုပ်ငန်းတွေဟာလည်း ပညာရည် စစ်ဆေးမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ထည့်သွင်းထားပါတယ်။ သူတို့ရဲ့ ယုံကြည်မှုကတော့ ဗုဒ္ဓဘာသာခေါင်းဆောင်ကောင်းတွေဟာ စာတင်တော်လို့မရဘူး တာဝန်ယူမှု၊ တာဝန်ခံမှုတွေပါရှိမှရမယ်၊ ပူးပေါင်းလုပ်ဆောင်တတ်မှရမယ်၊ စတဲ့ စိတ်ဓါတ်ရေးရာမြင့်မားရေးကိုပါဦးစားပေးတဲ့အတွက် ကျောင်းသားတွေအတွက် စာသင်ချိန်အပြင်အခြားလုပ်ငန်းတွေပါ လုပ်ဆောင်ဖို့ ထည့်သွင်းပေးထားပါတယ်။ ဘုရားရှိခိုးတဲ့အခါ မဟာယန လို ရှိခိုးချင်သူကလည်း မဟာယန ဘုရားခန်းမှာ ရှိခိုးတယ်၊ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေလို ရှိခိုးသူကလည်း သီးသန့်ထားပေးတဲ့ ထေရဝါဒဘုရားရှိခိုးခန်းမှာ ရှိခိုးလို့ရတယ်၊ တိဗက်ဗုဒ္ဓဘာသာဝင်တွေလို ရှိခိုးဖို့လည်း နေရာလေးတွေသီးသန့်ထားတယ်။ 

၃) စနစ်ကျခြင်းနှင့် ချိတ်ဆက်မှုရှိခြင်း

IBCရဲ့ ထူးခြားချက်က စနစ်ကျခြင်းနဲ့ ချိတ်ဆက်မှုရှိခြင်းဖြစ်ပါတယ်။ စနစ်ကျတယ်ဆိုတာ လုပ်ငန်းတွေကို လုပ်ပြီဆိုရင် ဘုန်းကြီးမို့၊ သီလရှင်မို့ဆိုပြီး တပည့် ဒါယိကာတွေ ဒါယိကာမတွေကို ခိုင်းတာထကက် သူတို့ကိုယ်တိုင် ကြိုတင်ပြင်ဆင်တယ်၊ အားလုံး စနစ်တကျ စည်းဝေးပြီးမှ လုပ်ငန်းတွေကိုလုပ်ဆောင်တယ်။ ကျွန်မတို့သွားတဲ့ ဘွဲ့ယူတဲ့အစီအစဉ်တွေ၊ အစည်းအဝေးတွေ အားလုံးဟာ အနည်းဆုံး တစ်ပတ်လောက် ကြိုတင်ပြီး အစီအစဉ်တွေထွက်ပြီ၊ အားလုံး တာဝန်တွေခွဲပြီးသွားပြီ။  လုပ်ပြီးသွားတဲ့အခါ နေ့တစ်ပိုင်းအတွင်း အားလုံး ရှင်းသွားကြတယ်။ အစကောင်းပြီး အနှောင်းသေချာဖို့ လုပ်ငန်းတစ်ခုကိုကောင်းကောင်းစရုံတင်မကဘူး၊ ကောင်းကောင်း အဆုံးသတ်ဖို့အတွက်လည်း သင်ယူရတယ်လို့ ဆရာမကြီးတစ်ယောက်ကပြောပါတယ်။ ကျောင်းက စနစ်တကျရှိယုံတင်ဘယ်ကမလဲ၊ ဒေသခံအဖွဲ့အစည်း၊ ထိုင်းအစိုးရ၊ နယ်ပိုင်၊ အခြားနိုင်ငံမှ အဖွဲ့အစည်းတွေနဲ့လည်း သေချာချိတ်ဆက်ထားပါတယ်။ တစ်ခါတွေ့ပြီးသား အစည်းအဝေးကို နောက်ထပ် စာပို့ပြီး Follow upတွေသေချာလုပ်တယ်၊ ချိတ်ဆက်ထားတဲ့လုပ်ငန်းတွေ အားကောင်းဖို့ အမြဲ အဆင်သင့်ဖြစ်အောင်လုပ်ထားတယ်။

၄) အလေအလွင့်မရှိ စီမံခန့်ခွဲမှု

ကျောင်းက သားသတ်လွတ်အစားအစာတွေကိုပဲကျွေးပါတယ်။ အစားအသောက်တော်တော်များများကို ကျောင်းဝန်းထဲက စိုက်ခင်းကနေ ရနိုင်အောင် စိုက်ပျိုးထားပါတယ်။ ဘုန်းကြီး၊ သီလရှင်၊ လူကြီး၊ ပါမောက္ခ၊ ကထိက၊ ဒါရိုက်တာ တွေကအစ  ကိုယ်စားပြီးရင် ကိုယ့်ပန်းကန်ကို ဆေးရပါတယ်။ ပန်းကန်ထဲမှာ ကျန်နေတဲ့ စားကြွင်းစားကျန်တွေရယ်၊ မီးဖိုချောင်က အမှိုက်တွေရယ် အားလုံးကို မြေဆွေးလုပ်ဖို့ အသုံးပြုပါတယ်။ ကျောင်းခြံဝန်းထဲက သစ်ရွက်အမှိုက်တွေကိုလည်း မြေဆွေးလုပ်ဖို့အသုံးပြုပါတယ်။ ကျောင်းထဲမှာ အသုံးပြုတဲ့ အရာတွေ အလေအလွင့်မရှိအောင် စီမံနိုင်တာကိုတော့ သိပ်သဘောကျပါတယ်။

ကျွန်မအမြင်ကတော့ အခြားဘာသာတွေအကြောင်း မလေ့လာချင်သေးဘူးဆိုရင်တောင် ဗုဒ္ဓဘာသာထဲမှာတင်မတူညီတဲ့ အယူအဆလေးတွေအကြောင်းတွေ၊ ဘယ်လိုအကြောင်းကြောင့် ဒီလိုအယူအဆတွေဖြစ်လာသလဲဆိုတဲ့သမိုင်းတွေကို ကျွန်မတို့ သိသင့်တယ်။ ကိုယ့်ဘာသာဝင်တွေအကြောင်းမသိသေးဘဲ အခြား ဘာသာဝင်တွေအကြောင်း သိအောင်လုပ်ပါလို့လည်း ကျွန်မမတိုက်တွန်းလိုဘူး။ ပြီးတော့ ဘုန်းကြီးဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ – ခေါင်းဆောင်ပီသစွာ၊ စနစ်တကျ ပြင်ဆင်လေ့လာပြီး လုပ်တာမျိုးကို သဘောကျတယ်။ ငါက အကြီးဆုံးဆိုပြီး အခြားသူတွေကိုလည်း ပတ်ခိုင်းနေတဲ့ခေါင်းဆောင်ထက် အားလုံးရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး၊ တရားနည်းလမ်းအတိုင်း ကြိုးစားအုပ်ချုပ်တဲ့ ဗုဒ္ဓဘာသာ သာသနအာဇာနည်တွေ ကျွန်မမြင်လိုပါတယ်။ ကို်ယ်တက်ခဲ့တဲ့ ဗုဒ္ဓတက္ကသိုလ်က ဘွဲ့နဲ့ ဘာသာရပ်ကို အခြားတက္ကသိုလ်က အသိမှတ်မပြုလို့ အစကနေ ပြန်လေ့လာရတဲ့ အဖြစ်မျိုးတွေထပ် တက္ကသိုလ်တွေ အချင်းချင်း အချိတ်ဆက်မိမိနဲ့ အားလုံးရဲ့ အရည်သွေးက မြင့်မားနေအောင် စီမံခန့်ခွဲရေးပိုင်း ဦးစားပေးကြဖို့လည်း မျှော်လင့်မိပါတယ်။

IBC ဟာ အကောင်းဆုံးလို့ ပြောချင်တာမဟုတ်ပေမယ့် ကျွန်မတို့ နိုင်ငံက ဗုဒ္ဓဘာသာတက္ကသိုလ်တွေ၊ အခြားကျောင်းတွေအနေနဲ့ သင်ယူစရာတွေ ရှိေ နတဲ့ကျောင်းလို့မြင်ပါတယ်။  ်း ဗုဒ္ဓတက္ကသိုလ်တွေအချင်းချင်း အချိတ်အဆက်ကောင်းပြီး အရည်အသွေးမြင့်မားသော ပညာရေးပေးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်။

မေတ္တာဖြင့်..

               Sayarma-ဆရာမ

ဓါတ်ပုံကတော့ ကျွန်မတို့ စက်တင်ဘာလထဲမှာ သွားပြီး လေ့လာတုန်းက ကျောင်းရှေ့မှာ ရိုက်ထားတဲ့ပုံပါ။  ဓါတ်ပုံရိုက်ပေးတဲ့ MyatMin Khant ကိုလည်းကျေးဇူးတင်ပါတယ်။

[Zawgyi]

ကၽြန္မတုိ႕နုိင္ငံမွာ ဗုဒၶဘာသာေလ့လာဖုိ႕အတြက္ ဆရာေတာ္ေတြ ဆရာေလးေတြအတြက္ သာသနတကၠသိုလ္ေတြရွိတယ္။ အျခား ပုဂၢလိက တကၠသိုလ္ေတြလည္းရွိတယ္။ အခုဆို ဓမၼစကူးလ္ေတြလည္း အမ်ားၾကီးပါပဲ။  ကၽြန္မ အခု မွ်ေဝခ်င္တာက ထုိင္းနိုင္ငံမွာ ဖြင့္လွစ္ထားတဲ့ အျပည္ျပည္ဆုိင္ရာဗုဒၶေကာလိပ ္ (International Buddhist College – IBC) အေၾကာင္းျဖစ္ပါတယ္။  ကၽြန္မတုိ႕နုိင္ငံတြင္းက ဗုဒၶဘာသာနဲ႕ဆိုင္တဲ့ တကၠသိုလ္ေတြတင္မကဘူး၊ အျခားဘာသာေက်ာင္းေတြပဲျဖစ္ျဖစ္၊ ရိုးရိုးသာမာန္ေက်ာင္းေတြ၊ ေဘာ္ဒါေတြပဲျဖစ္ျဖစ္ – သူတို႕ ေက်ာင္းကေန ကၽြန္မတို႕ သင္ယူေလ့လာနုိင္ဖုိ႕အတြက္ ကၽြန္မ မွ်ေဝျခင္းျဖစ္ပါတယ္။

၁) ေကာင္းေသာပညာေရးျဖင့္ သာသနာျပဳျခင္း

ဦးေဆာင္ေသာ ဆရာေတာ္က မဟာယန ဗုဒၶဘာသာဝင္  မေလးရွား ဘုန္းေတာ္ၾကီး ျဖစ္ပါတယ္။ ဆရာေတာ္နဲ႕တပည့္သာဝကေတြရဲ႕ အဓိကရည္ရြယ္ခ်က္ကေတာ့ ဗုဒၶသာသနာ အဓြန္႕ရွည္တည္တံ့ျပီး ျပန္႕ပြါးဖုိ႕ျဖစ္ပါတယ္။ ဒါေၾကာင့္ ဗုဒၶဘာသာ အပါအဝင္ အျခား ဘာသာဝင္ေတြအေၾကာင္းကို ေလ့လာပါတယ္။ ပညာေရးကို အေျခခံတဲ့ ဘာသာေရး၊ အေတြးအေခၚကို အေလးအနက္ထားတဲ႕ ကိုးကြယ္ယံုၾကည္မွဳ၊ ေခတ္နဲ႕အညီ ခ်ိတ္ဆက္ သင္ၾကားေပးနုိင္တဲ့ ဘာသာတရား ေတြက ပိုမို အဓြန္႕ရွည္နုိင္တဲ့အေၾကာင္း သိရွိခဲ့တာေၾကာင့္ မတူညီေသာ ဗုဒၶဘာသာဂုဏ္းေတြက ဗုဒၶဘာသာေတြအားလံုးကို မခြဲျခားပဲ သိသင့္၊ သိအပ္တဲ့ ဗုဒၶဘာသာ အျပင္ အျခား ေခတ္မီပညာရပ္ေတြပါသင္ေပးဖုိ႕ ေကာလိပ္ကို စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ထုိင္းနုိင္ငံဟာ ဗုဒၶဘာသာနုိင္ငံဆိုေပမယ့္ ဗုဒၶဘာသာတကၠသိုလ္က လက္ငါးေခ်ာင္းေတာင္ မျပည့္ဘဲ အျခားဘာသာဝင္ေတြရဲ႕ သာသနာျပဳေက်ာင္းေတြကေတာ့ ေအာင္ျမင္မွဳမ်ားစြာနဲ႕ ေက်ာင္းေပါင္းမ်ားစြာ ရွိေနပါတယ္။ ဆရာေတာ္က အျခား ဘာသာင္ေတြဟာ ပညာေရးကို ဦးတည္ထားတာကို သင္ခန္းစာလည္း ယူျပီး ေနာက္ေကာက္မက်ေအာင္ ပညာေရးကို ဦၚတည္ျပီး သာသနာျပဳဖုိ႕ ပိုျပီး အားတက္ခဲ့ပါတယ္။ IBCဟာ ထုိင္းနုိင္ငံ အစိုးရ အသိမွတ္ျပဳထားတဲ့ ေကာလိပ္အမည္ခံ တကၠသိုလ္အဆင့္ရွိတဲ့ ေက်ာင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ေက်ာငး္ျပီးသြားသူေတြဟာ အျခားေက်ာင္းေတြနည္းတူ အသိမွတ္ျပဳခံရပါတယ္။

၂) စာသင္ျခင္းထက္ပိုေသာ ပညာ

IBCမွာ တက္ေရာက္ေသာ ရဟန္း သီလရွင္ လူပုဂၢိဳလ္ေတြဟာ သူတို႕ရဲ႕ ဘြဲ႕နဲ႕ဆုိင္တဲ့ ဘာသာရပ္ဆုိင္ရာ အတန္းေတြကိုပဲ တက္ေရာက္ရတာမဟုတ္ပါဘူး၊ ေက်ာင္းလုပ္ငန္းေတြ၊ ေဝယ်ာဝစၥေတြလည္းလုပ္ရပါတယ္။ အပင္စိုက္ျခင္း၊ သန္႕ရွင္းေရးလုပ္ျခင္း၊ ထမင္းဟင္းခ်က္ျခင္း၊ ျပင္ပေက်ာင္းမ်ားတြင္ လုပ္အားေပးလုပ္ျခင္း၊ ဘုရားရွိခုိးျခင္း စတဲ့လုပ္ငန္းေတြဟာလည္း ပညာရည္ စစ္ေဆးမွဳရဲ႕ အစိတ္အပုိင္းတစ္ခုအျဖစ္ထည့္သြင္းထားပါတယ္။ သူတို႕ရဲ႕ ယံုၾကည္မွဳကေတာ့ ဗုဒၶဘာသာေခါင္းေဆာင္ေကာင္းေတြဟာ စာတင္ေတာ္လို႕မရဘူး တာဝန္ယူမွဳ၊ တာဝန္ခံမွဳေတြပါရွိမွရမယ္၊ ပူးေပါင္းလုပ္ေဆာင္တတ္မွရမယ္၊ စတဲ့ စိတ္ဓါတ္ေရးရာျမင့္မားေရးကိုပါဦးစားေပးတဲ့အတြက္ ေက်ာင္းသားေတြအတြက္ စာသင္ခ်ိန္အျပင္အျခားလုပ္ငန္းေတြပါ လုပ္ေဆာင္ဖုိ႕ ထည့္သြင္းေပးထားပါတယ္။ ဘုရားရွိခိုးတဲ့အခါ မဟာယန လို ရွိခိုးခ်င္သူကလည္း မဟာယန ဘုရားခန္းမွာ ရွိခိုးတယ္၊ ေထရဝါဒဗုဒၶဘာသာဝင္ေတြလို ရွိခိုးသူကလည္း သီးသန္႕ထားေပးတဲ့ ေထရဝါဒဘုရားရွိခိုးခန္းမွာ ရွိခိုးလို႕ရတယ္၊ တိဗက္ဗုဒၶဘာသာဝင္ေတြလုိ ရွိခိုးဖုိ႕လည္း ေနရာေလးေတြသီးသန္႕ထားတယ္။ 

၃) စနစ္က်ျခင္းႏွင့္ ခ်ိတ္ဆက္မွဳရွိျခင္း

IBCရဲ႕ ထူးျခားခ်က္က စနစ္က်ျခင္းနဲ႕ ခ်ိတ္ဆက္မွဳရွိျခင္းျဖစ္ပါတယ္။ စနစ္က်တယ္ဆိုတာ လုပ္ငန္းေတြကို လုပ္ျပီဆုိရင္ ဘုန္းၾကီးမို႕၊ သီလရွင္မုိ႕ဆိုျပီး တပည့္ ဒါယိကာေတြ ဒါယိကာမေတြကို ခိုင္းတာထကက္ သူတို႕ကိုယ္တုိင္ ၾကိဳတင္ျပင္ဆင္တယ္၊ အားလံုး စနစ္တက် စည္းေဝးျပီးမွ လုပ္ငန္းေတြကိုလုပ္ေဆာင္တယ္။ ကၽြန္မတုိ႕သြားတဲ့ ဘြဲ႕ယူတဲ့အစီအစဥ္ေတြ၊ အစည္းအေဝးေတြ အားလံုးဟာ အနည္းဆံုး တစ္ပတ္ေလာက္ ၾကိဳတင္ျပီး အစီအစဥ္ေတြထြက္ျပီ၊ အားလံုး တာဝန္ေတြခြဲျပီးသြားျပီ။  လုပ္ျပီးသြားတဲ့အခါ ေန႕တစ္ပိုင္းအတြင္း အားလံုး ရွင္းသြားၾကတယ္။ အစေကာင္းျပီး အေႏွာင္းေသခ်ာဖုိ႕ လုပ္ငန္းတစ္ခုကိုေကာင္းေကာင္းစရံုတင္မကဘူး၊ ေကာင္းေကာင္း အဆံုးသတ္ဖုိ႕အတြက္လည္း သင္ယူရတယ္လုိ႕ ဆရာမၾကီးတစ္ေယာက္ကေျပာပါတယ္။ ေက်ာင္းက စနစ္တက်ရွိယံုတင္ဘယ္ကမလဲ၊ ေဒသခံအဖြဲ႕အစည္း၊ ထုိင္းအစိုးရ၊ နယ္ပုိင္၊ အျခားနုိင္ငံမွ အဖြဲ႕အစည္းေတြနဲ႕လည္း ေသခ်ာခ်ိတ္ဆက္ထားပါတယ္။ တစ္ခါေတြ႕ျပီးသား အစည္းအေဝးကို ေနာက္ထပ္ စာပို႕ျပီး Follow upေတြေသခ်ာလုပ္တယ္၊ ခ်ိတ္ဆက္ထားတဲ့လုပ္ငန္းေတြ အားေကာင္းဖုိ႕ အျမဲ အဆင္သင့္ျဖစ္ေအာင္လုပ္ထားတယ္။

၄) အေလအလြင့္မရွိ စီမံခန္႕ခြဲမွဳ

ေက်ာင္းက သားသတ္လြတ္အစားအစာေတြကိုပဲေကၽြးပါတယ္။ အစားအေသာက္ေတာ္ေတာ္မ်ားမ်ားကို ေက်ာင္းဝန္းထဲက စိုက္ခင္းကေန ရနုိင္ေအာင္ စိုက္ပ်ိဳးထားပါတယ္။ ဘုန္းၾကီး၊ သီလရွင္၊ လူၾကီး၊ ပါေမာကၡ၊ ကထိက၊ ဒါရိုက္တာ ေတြကအစ  ကိုယ္စားျပီးရင္ ကိုယ့္ပန္းကန္ကို ေဆးရပါတယ္။ ပန္းကန္ထဲမွာ က်န္ေနတဲ့ စားၾကြင္းစားက်န္ေတြရယ္၊ မီးဖိုေခ်ာင္က အမွိဳက္ေတြရယ္ အားလံုးကို ေျမေဆြးလုပ္ဖုိ႕ အသံုးျပဳပါတယ္။ ေက်ာင္းျခံဝန္းထဲက သစ္ရြက္အမွိဳက္ေတြကိုလည္း ေျမေဆြးလုပ္ဖုိ႕အသံုးျပဳပါတယ္။ ေက်ာင္းထဲမွာ အသံုးျပဳတဲ့ အရာေတြ အေလအလြင့္မရွိေအာင္ စီမံနုိင္တာကိုေတာ့ သိပ္သေဘာက်ပါတယ္။

ကၽြန္မအျမင္ကေတာ့ အျခားဘာသာေတြအေၾကာင္း မေလ့လာခ်င္ေသးဘူးဆိုရင္ေတာင္ ဗုဒၶဘာသာထဲမွာတင္မတူညီတဲ့ အယူအဆေလးေတြအေၾကာင္းေတြ၊ ဘယ္လိုအေၾကာင္းေၾကာင့္ ဒီလုိအယူအဆေတြျဖစ္လာသလဲဆိုတဲ့သမုိင္းေတြကို ကၽြန္မတုိ႕ သိသင့္တယ္။ ကိုယ့္ဘာသာဝင္ေတြအေၾကာင္းမသိေသးဘဲ အျခား ဘာသာဝင္ေတြအေၾကာင္း သိေအာင္လုပ္ပါလို႕လည္း ကၽြန္မမတိုက္တြန္းလုိဘူး။ ျပီးေတာ့ ဘုန္းၾကီးျဖစ္ေစ၊ လူပုဂၢိဳလ္ျဖစ္ေစ – ေခါင္းေဆာင္ပီသစြာ၊ စနစ္တက် ျပင္ဆင္ေလ့လာျပီး လုပ္တာမ်ိဳးကို သေဘာက်တယ္။ ငါက အၾကီးဆံုးဆိုျပီး အျခားသူေတြကိုလည္း ပတ္ခုိင္းေနတဲ့ေခါင္းေဆာင္ထက္ အားလံုးေရွ႕ကေန မားမားမတ္မတ္ရပ္ျပီး၊ တရားနည္းလမ္းအတိုင္း ၾကိဳးစားအုပ္ခ်ဳပ္တဲ့ ဗုဒၶဘာသာ သာသနအာဇာနည္ေတြ ကၽြန္မျမင္လိုပါတယ္။ ကို္ယ္တက္ခဲ့တဲ့ ဗုဒၶတကၠသိုလ္က ဘြဲ႕နဲ႕ ဘာသာရပ္ကို အျခားတကၠသိုလ္က အသိမွတ္မျပဳလို႕ အစကေန ျပန္ေလ့လာရတဲ့ အျဖစ္မ်ိဳးေတြထပ္ တကၠသိုလ္ေတြ အခ်င္းခ်င္း အခ်ိတ္ဆက္မိမိနဲ႕ အားလံုးရဲ႕ အရည္ေသြးက ျမင့္မားေနေအာင္ စီမံခန္႕ခြဲေရးပုိင္း ဦးစားေပးၾကဖုိ႕လည္း ေမွ်ာ္လင့္မိပါတယ္။

IBC ဟာ အေကာင္းဆံုးလို႕ ေျပာခ်င္တာမဟုတ္ေပမယ့္ ကၽြန္မတုိ႕ နုိင္ငံက ဗုဒၶဘာသာတကၠသိုလ္ေတြ၊ အျခားေက်ာင္းေတြအေနနဲ႕ သင္ယူစရာေတြ ရွိေ နတဲ့ေက်ာင္းလို႕ျမင္ပါတယ္။  ္း ဗုဒၶတကၠသိုလ္ေတြအခ်င္းခ်င္း အခ်ိတ္အဆက္ေကာင္းျပီး အရည္အေသြးျမင့္မားေသာ ပညာေရးေပးနုိင္ၾကပါေစလုိ႕ ဆုမြန္ေကာင္းေတာင္းလ်က္။

ေမတၱာျဖင့္..

               Sayarma-ဆရာမ ဓါတ္ပံုကေတာ့ ကၽြန္မတုိ႕ စက္တင္ဘာလထဲမွာ သြားျပီး ေလ့လာတုန္းက ေက်ာင္းေရွ႕မွာ ရိုက္ထားတဲ့ပံုပါ။  ဓါတ္ပံုရိုက္ေပးတဲ့ MyatMin Khant​ ကိုလည္းေက်းဇူးတင္ပါတယ္။