[ Unicode ]

စာသင်တဲ့ ဆရာ၊မပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ် ကိုယ့်နဲ့ ဆက်စပ်တဲ့ ကလေးတွေကို တော်စေချင် တတ်စေချင်တာပါပဲ။

တော်တဲ့၊ အောင်မြင်တဲ့ လူကြီးတွေဖြစ်ဖို့အတွက် ငယ်ငယ်ကတည်းက ဘယ်လိုပြုစုပျိုးထောင်ခြင်းခံခဲ့ရသလဲ၊ ဘယ်လို စိတ်နေစိတ်ထားနဲ့ လုပ်ကိုင်ဆောင်ရွက်လဲ ဆိုတာတွေအပြင် အခက်အခဲတွေကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းကျော်လွှားသလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။ တော်တဲ့သူတွေအဖြစ် ကြီးပြင်းဖို့ လိုအပ်တဲ့ Growth Mindset (အဖွင့်စိတ်ထား)အကြောင်းကို ကျွန်မ အရင်အပတ်က မျှဝေခဲ့ပါတယ်။ ဒီအပတ်မှာတော့ ကလေးတွေကို Growth Mindset ရှိအောင် ဘယ်လို ပံ့ပိုးပေးနိုင်မလဲဆိုတာကို မျှဝေပေးပါ့မယ်။

Growth mindset ဆိုတဲ့ အဖွင့်စိတ်ရှိတဲ့ ကလေးတွေမှာ “လူတွေဟာ ဇွဲရှိမယ်၊ ကြိုးစားမယ်၊ အားထုတ်ကြမယ်ဆိုရင် သင်ယူနိုင်စွမ်း၊ တိုးတက်နိုင်စွမ်းရှိတယ် ဆိုတဲ့ ယုံကြည်ချက်” ရှိကြတယ်။ သင်ယူဖို့ တိုးတက်ဖို့အတွက် စိတ်ကို ဖွင့်ထားကြပြီး အခက်အခဲ ကြုံလာရင် အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးစားတယ်။ ပြဿနာတွေကို ကျော်လွှားဖြေရှင်းနိုင်မယ့် နည်းစနစ်သစ်တွေ ရှာဖွေတယ်။ အမှားကနေ သင်ယူစရာ ထုတ်ယူပြီး အကောင်းဆုံး ဆက်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ အလုပ်လုပ်တယ်။ အဲဒီ့အတွက် Growth mindset ရှိတဲ့သူတွေဟာ တိုးတက်ဖို့ လမ်းကြောင်းပေါ် အမြဲရောက်နေပြီး တော်တဲ့သူတွေအဖြစ် သတ်မှတ်ခြင်းခံကြရတယ်။

Growth mindset ရှိတဲ့ ကလေးတွေဖြစ်ကြဖို့ –
၁) ဦးနှောက်အကြောင်း၊ သင်ယူကြပုံတွေအကြောင်း သင်ပေးပါ – အကောင်းဆုံး သင်ယူနိုင်မယ့် နည်းလမ်းတွေ၊ ဦးနှောက်ရဲ့ သင်ယူမှုကို လက်ခံတဲ့ပုံတွေ၊ ဖွံ့ဖြိုးပုံ အဆင့်ဆင့်တွေကို သင်ပေးပါ။ သင်ပေးတဲ့အခါ ကလေးတွေဟာ သူတို့ သင်ယူနိုင်တယ်ဆိုတာပိုသိလာနိုင်ပြီး သူတို့ရဲ့ သင်ယူမှုမှာ အထောက်ပံ့ဖြစ်စေပါတယ်။
၂) အဖွင့်စိတ်ရှိတဲ့ မိဘတွေအဖြစ် သိအောင် ပြပါ – ကလေးတွေကို အဖွင့်စိတ်ရှိဖို့ မိဘတွေ၊ အုပ်ထိန်းသူတွေနဲ့ ဆရာ၊မတွေကိုယ်တိုင်က အဖွင့်စိတ်ရှိဖို့လိုပါတယ်။ အဲဒီ့ အဖွင့်စိတ်နဲ့ ပြဿနာတွေဖြေရှင်းတာ၊ အခက်အခဲတွေ ကျော်လွှားတာ၊ သင်ယူလေ့လာကြတာတွေကို ကလေးတွေမြင်တဲ့အခါ အတုမြင် အတတ်သင်ရင်း တိုးတက်နိုင်ပါတယ်။
၃) “….သေးဘူး”ဆိုတဲ့ စကားလုံးကို သင်ပေးပါ – မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ ကလေးကို တွေးစေမယ့်အစား မလုပ်နိုင်သေးဘူး၊ မဖြစ်နိုင်သေးဘူး ဆိုတဲ့ သဘောတရားကို နားလည်အောင် သင်ပေးပါ။ မလုပ်နိုင်ဘူးဆိုတာ သင်ယူမှုကို မဖြစ်စေဘဲ၊ မလုပ်နိုင်သေးဘူးဆိုတာကတော့ ကြိုးစားရင်ရနိုင်တယ်၊ သင်ယူရင်ဖြစ်နိုင်တယ်ဆိုတဲ့ သဘောတရားကို သင်ယူစေနိုင်ပါတယ်။
၄) ကလေးတွေရဲ့ တစ်ဦးချင်းစီ ထူးခြားမှုကို သိအောင် လုပ်ပေးပါ – ကလေးတွေဟာ မတူညီကြပါဘူး၊ ဒါကြောင့် အခြား ကလေးတွေနဲ့ နှိုင်းယှဉ်တာမျိုး မဟုတ်ဘဲ သူတို့ တစ်ဦးချင်းစီရဲ့ မတူညီစွာ ထူးခြားကြပုံတွေကို သိဖို့လိုပါတယ်။ အခြားသူလုပ်နိုင်ပုံနဲ့ ကိုယ်လုပ်နိုင်ပုံ တူချင်မှ တူနိုင်မယ်ဆိုတာ သူတို့ သိရပါမယ်။ နှိုင်းယှဉ်မှုတွေမပါဘဲ ကလေးတစ်ဦးချင်းစီကို တန်ဖိုးထားပေးကြရင် ကလေးတွေကလည်း သူတို့ကိုယ်သူတို့ တန်ဖိုးရှိသူတွေအဖြစ် မြင်နိုင်ပြီး ကြိုးစားချင်စိတ်ရှိလာကြမှာပါ။
၅) ရလဒ်ထက် အားထုတ်မှု၊ ကြိုးစားမှုအပေါ် အသိမှတ်ပြုပေးပါ – “တော်လိုက်တာ” ဆိုတဲ့ စကားလုံးက ချီးကျူးစကားဆိုပေမယ့် မထိရောက်ပါဘူး။ ကလေးတွေရဲ့ ကြိုးစားအားထုတ်ခဲ့တဲ့ လုပ်ရပ်တွေကို သေချာစွာ မျှဝေ အသိမှတ်ပြုပေးမှ သူတို့က အဲဒီ့ လုပ်ရပ်တွေကို ဆက်ပြီး လုပ်ချင်သွားမှာပါ။ တော်လိုက်တာဆိုတာ သူတို့အတွက် စိတ်ကျေနပ်မှု တစ်ခုကလွဲရင် ဘာဆက်လုပ်ရမယ်ဆိုတဲ့ လမ်းပြမှု မပေးနိုင်ပါဘူး။

အဖွင့်စိတ် (Growth mindset) ရှိတဲ့ ကလေးတွေ လူကြီးဖြစ်လာတဲ့အခါ လူတော် တွေအဖြစ် ရပ်တည်နိုင်ပြီး သူတို့ကိုယ်တိုင်ရဲ့ ဘဝတွေအတွက်သာမက ကျွန်မတို့ရဲ့ အသိုင်းအဝန်းအတွက်၊ ကျွန်မတို့ နိုင်ငံအတွက်ပါ အရေးကြီးပါတယ်။ စဉ်းစားကြည့်ပါ – သင်ယူဖို့၊ အခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းဖို့၊ အသစ်အသစ်တွေ လုပ်ဆောင်ကြဖို့ အမြဲ စဉ်းစား စွမ်းဆောင်နေကြမယ့် လူတွေသာ များလာရင် ကျွန်မတို့ရဲ့ နိုင်ငံ ဘယ်လောက်တိုးတက်လာမယ်ဆိုတာကို။ ကိုယ်တိုင်လည်း Growth mindset ရှိသူတွေနိုင်အောင် ကြိုးစားရင်း ကလေးတွေကို Growth mindset ရှိတဲ့ သူတွေအဖြစ် ကြီးပြင်အောင် သင်ပေးနိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

References
Book – Mindset – Changing the way you think to fulfil your potential – by Dr Carol S. Dweck

https://www.6seconds.org/2019/02/18/9-ways-to-teach-a-growth-mindset-to-kids/
https://biglifejournal.com/blogs/blog/teach-growth-mindset-kids-activities?fbclid=IwAR22tu6soFC66WcNgjzNX_fLEbCJLwWDSlxwa77AWD44NKfx-Cnkz9KyzPg

Photo – မောင်လေး စာလုပ်နေတဲ့အချိန် အမှတ်တရ ဓါတ်ပုံ ရိုက်ထားတာပါ။

[ Zawgyi ]

စာသင္တဲ့ ဆရာ၊မပဲျဖစ္ျဖစ္၊ မိဘေတြပဲျဖစ္ျဖစ္ ကိုယ့္နဲ႔ ဆက္စပ္တဲ့ ကေလးေတြကို ေတာ္ေစခ်င္ တတ္ေစခ်င္တာပါပဲ။

ေတာ္တဲ့၊ ေအာင္ျမင္တဲ့ လူႀကီးေတြျဖစ္ဖို႔အတြက္ ငယ္ငယ္ကတည္းက ဘယ္လိုျပဳစုပ်ိဳးေထာင္ျခင္းခံခဲ့ရသလဲ၊ ဘယ္လို စိတ္ေနစိတ္ထားနဲ႔ လုပ္ကိုင္ေဆာင္ရြက္လဲ ဆိုတာေတြအျပင္ အခက္အခဲေတြၾကဳံလာတဲ့အခါ ဘယ္လို ေျဖရွင္းေက်ာ္လႊားသလဲဆိုတဲ့အေပၚမွာ အမ်ားႀကီးမူတည္ပါတယ္။ ေတာ္တဲ့သူေတြအျဖစ္ ႀကီးျပင္းဖို႔ လိုအပ္တဲ့ Growth Mindset (အဖြင့္စိတ္ထား)အေၾကာင္းကို ကၽြန္မ အရင္အပတ္က မၽွေဝခဲ့ပါတယ္။ ဒီအပတ္မွာေတာ့ ကေလးေတြကို Growth Mindset ရွိေအာင္ ဘယ္လို ပံ့ပိုးေပးနိုင္မလဲဆိုတာကို မၽွေဝေပးပါ့မယ္။

Growth mindset ဆိုတဲ့ အဖြင့္စိတ္ရွိတဲ့ ကေလးေတြမွာ “လူေတြဟာ ဇြဲရွိမယ္၊ ႀကိဳးစားမယ္၊ အားထုတ္ၾကမယ္ဆိုရင္ သင္ယူနိုင္စြမ္း၊ တိုးတက္နိုင္စြမ္းရွိတယ္ ဆိုတဲ့ ယုံၾကည္ခ်က္” ရွိၾကတယ္။ သင္ယူဖို႔ တိုးတက္ဖို႔အတြက္ စိတ္ကို ဖြင့္ထားၾကၿပီး အခက္အခဲ ၾကဳံလာရင္ အေကာင္းဆုံး ေျဖရွင္းနိုင္ဖို႔ ႀကိဳးစားတယ္။ ျပႆနာေတြကို ေက်ာ္လႊားေျဖရွင္းနိုင္မယ့္ နည္းစနစ္သစ္ေတြ ရွာေဖြတယ္။ အမွားကေန သင္ယူစရာ ထုတ္ယူၿပီး အေကာင္းဆုံး ဆက္လုပ္မယ္ဆိုတဲ့ စိတ္နဲ႔ အလုပ္လုပ္တယ္။ အဲဒီ့အတြက္ Growth mindset ရွိတဲ့သူေတြဟာ တိုးတက္ဖို႔ လမ္းေၾကာင္းေပၚ အျမဲေရာက္ေနၿပီး ေတာ္တဲ့သူေတြအျဖစ္ သတ္မွတ္ျခင္းခံၾကရတယ္။

Growth mindset ရွိတဲ့ ကေလးေတြျဖစ္ၾကဖို႔ –
၁) ဦးေႏွာက္အေၾကာင္း၊ သင္ယူၾကပုံေတြအေၾကာင္း သင္ေပးပါ – အေကာင္းဆုံး သင္ယူနိုင္မယ့္ နည္းလမ္းေတြ၊ ဦးေႏွာက္ရဲ့ သင္ယူမႈကို လက္ခံတဲ့ပုံေတြ၊ ဖြံ့ၿဖိဳးပုံ အဆင့္ဆင့္ေတြကို သင္ေပးပါ။ သင္ေပးတဲ့အခါ ကေလးေတြဟာ သူတို႔ သင္ယူနိုင္တယ္ဆိုတာပိုသိလာနိုင္ၿပီး သူတို႔ရဲ့ သင္ယူမႈမွာ အေထာက္ပံ့ျဖစ္ေစပါတယ္။
၂) အဖြင့္စိတ္ရွိတဲ့ မိဘေတြအျဖစ္ သိေအာင္ ျပပါ – ကေလးေတြကို အဖြင့္စိတ္ရွိဖို႔ မိဘေတြ၊ အုပ္ထိန္းသူေတြနဲ႔ ဆရာ၊မေတြကိုယ္တိုင္က အဖြင့္စိတ္ရွိဖို႔လိုပါတယ္။ အဲဒီ့ အဖြင့္စိတ္နဲ႔ ျပႆနာေတြေျဖရွင္းတာ၊ အခက္အခဲေတြ ေက်ာ္လႊားတာ၊ သင္ယူေလ့လာၾကတာေတြကို ကေလးေတြျမင္တဲ့အခါ အတုျမင္ အတတ္သင္ရင္း တိုးတက္နိုင္ပါတယ္။
၃) “….ေသးဘူး”ဆိုတဲ့ စကားလုံးကို သင္ေပးပါ – မလုပ္နိုင္ဘူး၊ မျဖစ္နိုင္ဘူးလို႔ ကေလးကို ေတြးေစမယ့္အစား မလုပ္နိုင္ေသးဘူး၊ မျဖစ္နိုင္ေသးဘူး ဆိုတဲ့ သေဘာတရားကို နားလည္ေအာင္ သင္ေပးပါ။ မလုပ္နိုင္ဘူးဆိုတာ သင္ယူမႈကို မျဖစ္ေစဘဲ၊ မလုပ္နိုင္ေသးဘူးဆိုတာကေတာ့ ႀကိဳးစားရင္ရနိုင္တယ္၊ သင္ယူရင္ျဖစ္နိုင္တယ္ဆိုတဲ့ သေဘာတရားကို သင္ယူေစနိုင္ပါတယ္။
၄) ကေလးေတြရဲ့ တစ္ဦးခ်င္းစီ ထူးျခားမႈကို သိေအာင္ လုပ္ေပးပါ – ကေလးေတြဟာ မတူညီၾကပါဘူး၊ ဒါေၾကာင့္ အျခား ကေလးေတြနဲ႔ ႏွိုင္းယွဥ္တာမ်ိဳး မဟုတ္ဘဲ သူတို႔ တစ္ဦးခ်င္းစီရဲ့ မတူညီစြာ ထူးျခားၾကပုံေတြကို သိဖို႔လိုပါတယ္။ အျခားသူလုပ္နိုင္ပုံနဲ႔ ကိုယ္လုပ္နိုင္ပုံ တူခ်င္မွ တူနိုင္မယ္ဆိုတာ သူတို႔ သိရပါမယ္။ ႏွိုင္းယွဥ္မႈေတြမပါဘဲ ကေလးတစ္ဦးခ်င္းစီကို တန္ဖိုးထားေပးၾကရင္ ကေလးေတြကလည္း သူတို႔ကိုယ္သူတို႔ တန္ဖိုးရွိသူေတြအျဖစ္ ျမင္နိုင္ၿပီး ႀကိဳးစားခ်င္စိတ္ရွိလာၾကမွာပါ။
၅) ရလဒ္ထက္ အားထုတ္မႈ၊ ႀကိဳးစားမႈအေပၚ အသိမွတ္ျပဳေပးပါ – “ေတာ္လိုက္တာ” ဆိုတဲ့ စကားလုံးက ခ်ီးက်ဴးစကားဆိုေပမယ့္ မထိေရာက္ပါဘူး။ ကေလးေတြရဲ့ ႀကိဳးစားအားထုတ္ခဲ့တဲ့ လုပ္ရပ္ေတြကို ေသခ်ာစြာ မၽွေဝ အသိမွတ္ျပဳေပးမွ သူတို႔က အဲဒီ့ လုပ္ရပ္ေတြကို ဆက္ၿပီး လုပ္ခ်င္သြားမွာပါ။ ေတာ္လိုက္တာဆိုတာ သူတို႔အတြက္ စိတ္ေက်နပ္မႈ တစ္ခုကလြဲရင္ ဘာဆက္လုပ္ရမယ္ဆိုတဲ့ လမ္းျပမႈ မေပးနိုင္ပါဘူး။

အဖြင့္စိတ္ (Growth mindset) ရွိတဲ့ ကေလးေတြ လူႀကီးျဖစ္လာတဲ့အခါ လူေတာ္ ေတြအျဖစ္ ရပ္တည္နိုင္ၿပီး သူတို႔ကိုယ္တိုင္ရဲ့ ဘဝေတြအတြက္သာမက ကၽြန္မတို႔ရဲ့ အသိုင္းအဝန္းအတြက္၊ ကၽြန္မတို႔ နိုင္ငံအတြက္ပါ အေရးႀကီးပါတယ္။ စဥ္းစားၾကည့္ပါ – သင္ယူဖို႔၊ အခက္အခဲေတြကို အေကာင္းဆုံး ေျဖရွင္းဖို႔၊ အသစ္အသစ္ေတြ လုပ္ေဆာင္ၾကဖို႔ အျမဲ စဥ္းစား စြမ္းေဆာင္ေနၾကမယ့္ လူေတြသာ မ်ားလာရင္ ကၽြန္မတို႔ရဲ့ နိုင္ငံ ဘယ္ေလာက္တိုးတက္လာမယ္ဆိုတာကို။ ကိုယ္တိုင္လည္း Growth mindset ရွိသူေတြနိုင္ေအာင္ ႀကိဳးစားရင္း ကေလးေတြကို Growth mindset ရွိတဲ့ သူေတြအျဖစ္ ႀကီးျပင္ေအာင္ သင္ေပးနိုင္ၾကပါေစ။

ေမတၱာျဖင့္…
Sayarma-ဆရာမ

References
Book – Mindset – Changing the way you think to fulfil your potential – by Dr Carol S. Dweck

https://www.6seconds.org/2019/02/18/9-ways-to-teach-a-growth-mindset-to-kids/
https://biglifejournal.com/blogs/blog/teach-growth-mindset-kids-activities?fbclid=IwAR22tu6soFC66WcNgjzNX_fLEbCJLwWDSlxwa77AWD44NKfx-Cnkz9KyzPg

Photo – ေမာင္ေလး စာလုပ္ေနတဲ့အခ်ိန္ အမွတ္တရ ဓါတ္ပုံ ရိုက္ထားတာပါ။