[ Unicode ]
Growth mindset နဲ့ Fixed mindsets အကြောင်း ရေးသားထားကြသူတွေ၊ ရှင်းပြထားသူတွေ အများကြီးရှိသလို အဓိပ္ပါယ်ကိုလည်း အမျိုးမျိုး ဘာသာပြန်ကြပါတယ်။ ကျွန်မကတော့ ဖွင့်ထားတဲ့ စိတ်တံခါးရှိတယ် (အဖွင့်စိတ်ထားရှိတယ်) ဆိုရင် Growth mindset လို့ ဘာသာပြန်ပြီး ပိတ်ထားတဲ့ စိတ်တံခါး ရှိတယ် (အပိတ်စိတ်ထားရှိတယ်) ဆိုရင် Fixed mindset လို့ ဘာသာပြန်ပါတယ်။ အဖွင့်စိတ်၊ အပိတ်စိတ် တွေက ဘာတွေလဲ၊ ကျွန်မတို့လို ဆရာ၊မတွေ မိဘတွေမှာ ဘယ်လို စိတ်ထားတွေ ရှိနေလဲ၊ ကလေးတွေအတွက်ရော ဘယ်လို စိတ်ထားမျိုး ရှိအောင် ပံ့ပိုးပေးရမလဲဆိုတာ ကျွန်မ နားလည်သလို အကျဉ်းချုပ်မျှဝေပါ့မယ်။
Growth mindset နဲ့ Fixed mindset အကြောင်းကို အမေရိကန်နိုင်ငံ Standford တက္ကသိုလ်က Dr. Carol S. Dweck ရဲ့ သုတေသနတွေ့ရှိချက်တွေကို အခြေခံပြီး ရေးထားတဲ့ mindset ဆိုတဲ့ စာအုပ်ကနေ အဓိက သင်ယူခဲ့တာပါ။ စိတ်ဝင်စားသူများ ဖတ်ရှုနိုင်ပါတယ်။
Growth mindset ဆိုတဲ့ အဖွင့်စိတ်ဆိုတာ “လူတွေဟာ ဇွဲရှိမယ်၊ ကြိုးစားမယ်၊ အားထုတ်ကြမယ်ဆိုရင် သင်ယူနိုင်စွမ်း၊ တိုးတက်နိုင်စွမ်းရှိတယ် ဆိုတဲ့ ယုံကြည်ချက်” ဖြစ်ပါတယ်။ အလွယ်ပြောရရင် သင်ယူဖို့ တိုးတက်ဖို့အတွက် စိတ်ကို ဖွင့်ထားကြသူတွေပေါ့။ ဥပမာ – အခက်အခဲ ကြုံလာရင် အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ ကြိုးစားတယ်။ လုပ်ဆောင်နိုင်မယ့် နည်းစနစ်သစ်တွေ ရှာဖွေတယ်။ အမှားကနေ သင်ယူစရာ ထုတ်ယူပြီး အကောင်းဆုံး ဆက်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ အလုပ်လုပ်တယ်။
Fixed mindset ဆိုတဲ့ အပိတ်စိတ်ဆိုတာ “လူတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ စွမ်းရည်တွေဟာ မွေးကတည်းက ပါလာပြီးသားဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်” ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် သင်ယူဖို့၊ တိုးတက်ဖို့အတွက် အခွင့်အလမ်းတွေမလာနိုင်အောင်၊ ရပ်တန့်နေအောင် စိတ်တံခါးပိတ်ထားကြသူတွေပေါ့။ ဥပမာ – အခက်အခဲ ကြုံလာရင် ဘယ်လို ခေါင်းရှောင်ရမလဲဆိုတာ စဉ်းစားကြတယ်။ အခြားသူတွေကို လက်ညှိုးထိုး အပြစ်တင်တယ်။ အမှားလုပ်မိတဲ့အခါ ရှောင်ပြေးတာမျိုး၊ မျက်ကွယ်ပြုတာမျိုး လုပ်ကြတယ်။
Dr.Dweck က ဒီစိတ်နေသဘောထားတွေကို ကျောင်းသား၊သူတွေ သူတို့ရဲ့ ရှုံးနိမ့်မှု၊ အခက်အခဲတွေကို ကြုံတွေ့တဲ့အခါ ဘယ်လို ရင်ဆိုင်ကြသလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်ပြီးတော့ သုတေသနပြုခဲ့တာဖြစ်ပါတယ်။ အချို့ ကျောင်းသားတွေက အခက်အခဲတွေနဲ့ ကြုံတဲ့အခါ အကောင်းဆုံး ကျော်လွှားဖို့အတွက် ပြင်ဆင်ကြိုးစားပြီး လုပ်ဆောင်ကြတယ်၊ အချို့ကတော့ အခက်အခဲတွေကို ရှောင်လွှဲဖို့၊ ပုန်းရှောင်ဖို့ လုပ်ကြတယ်။ အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင် ကျော်လွှားတဲ့ ကလေးတွေဟာ အခက်အခဲတွေကို မျက်နှာလွှဲတတ်သူတွေထက် ပညာရေးရလဒ်တွေမှာ ပိုမို ကောင်းမွန်ကြတာကိုတွေ့ရတယ်။ ကလေးတွေ ဘယ်စိတ်နေသဘောထား ရှိသလဲဆိုတဲ့အပေါ် မူတည်ပြီး သူတို့ရဲ့ ရလဒ်တွေကလည်း ကွာသွားတယ်ဆိုတာ တွေ့ရှိခဲ့တယ်။
ကလေးတွေကို ကူညီပံ့ပိုးပေးမယ့် ကျွန်မတို့ မိဘတွေ၊ ဆရာ၊မတွေကရော ဘယ်လို စိတ်နေသဘောထားတွေနဲ့ နေထိုင်ရှင်သန်နေကြလဲ။ Dr.Dweck ပေးထားတဲ့ လွယ်ကူတဲ့ ဆန်းစစ်တဲ့ စာကြောင်းလေးတွေ မျှဝေပါ့မယ်။ ကိုယ့်အတွက် ဘယ်နံပါတ်က မှန်လဲဆိုတာ မှတ်ထားပါ။
၁) အချို့အရာတွေကို ငလုံးလုံး သင်ယူနိုင်စွမ်းမရှိဘူး/အချို့အရာတွေမှာ ကိုယ်ဟာ တော်တော် ညံ့တယ်။
၂) ကျရှုံးမှာ မစိုးရိမ်ပါဘူး။ အဲဒါက သင်ယူခွင့်ကို ပေးစွမ်းပါတယ်။
၃) အခြားသူတွေ ကိုယ့်ထက်ပိုကောင်းအောင် လုပ်နိုင်တဲ့အခါ ကိုယ့်ကို အားငယ်စေတယ်။
၄) အသစ်အသစ်တွေ လုပ်ကြည့်ရတာ ကြိုက်တယ်။ ကိုယ့်အရမ်းမကျွမ်းကျင်ရင်တောင်မှပေါ့။
၅) ကိုယ်တော်တဲ့အချက်တွေ အခြားသူကို မြင်အောင် ပြနိုင်တဲ့အခါ ကိုယ့်ကိုကိုယ် အောင်မြင်သူကြီးလို ခံစားရတယ်။
၆) အခြားသူတွေ အောင်မြင်ကြတဲ့အခါ လေးစားအတုယူတယ်။
၇) ကိုယ့်ပတ်ဝန်းကျင်ကလူတွေ မလုပ်နိုင်တဲ့အရာ လုပ်ပြနိုင်တဲ့အခါ စိတ်ထဲ နေလို့ကောင်းတယ်။
၈) ကိုယ်ဘယ်လောက် ဉာဏ်ရည် ထက်မြတ်မှုက ပြောင်းလဲလို့ရတယ်။
၉) လူတွေဟာ မွေးရာပါ ထူးချွန်ထက်မြတ်တွေ ပါလာပြီးသား၊ ဘာမှ သိပ်ပြောင်းလဲလို့ မရနိုင်ဘူး။
၁၀) စိတ်ပျက်၊ စိတ်ရှုပ်ရတဲ့ အရာတွေကြုံတဲ့အခါ ကိုယ့်ကို ပိုပြီး ကြိုးစားဖို့ တွန်းအားတွေရတယ်။
ဖြေပြီးပါပြီလား။ နံပါတ် (၁)၊ (၃)၊ (၅)၊ (၇)၊ (၉) က fixed mindset ရှိတဲ့သူတွေ ယေဘူယျအားဖြင့် ကြုံတွေ့ရတဲ့ အချက်တွေဖြစ်ပြီး နံပါတ် (၂)၊ (၄)၊ (၆)၊ (၈)၊ (၁၀) တွေကတော့ growth mindset ရှိသူတွေမှာ ရှိတတ်တဲ့ အရာလေးတွေဖြစ်ပါတယ်။ ရွေးချယ်တဲ့အခါ Growth mindset ကိုယ်စားပြုတဲ့ နံပါတ်တွေ သီးသန့်မဟုတ်ဘဲ Fixed mindset ရဲ့ နံပါတ်အချို့လည်း ရောနေတာမျိုး ကြုံရလား။ ဒါဟာ ပုံမှန်ပါပဲ။ ကျွန်မတို့တွေမှာ စိတ်နေသဘောထား နှစ်မျိုးလုံး ရှိတတ်ပါတယ် ဒါပေမယ့် ဘယ်စိတ်နေသဘောထားက ပိုပြီး များများရှိလဲဆိုတဲ့ အပေါ်မှာ ကျွန်မတို့ရဲ့ အောင်မြင်မှု၊ ရလဒ်တွေ ကွာဟသွားတာပါ။
ကျွန်မတို့ရဲ့ ကလေးတွေမှာ Growth mindset တွေ ပိုရှိဖို့ ကျွန်မတို့ ကိုယ်တိုင် Growth mindset တွေနဲ့ လမ်းပြရှေ့ဆောင်လုပ်ဖို့ အရေးကြီးပါတယ်။
ဥပမာ – ဒီတစ်ခေါက် သင်ရမယ့်အတန်းက လူဆိုးလေးတွေကြည့်ပဲ။ သင်လို့ကို မရဘူးလို့ တွေးမယ့်အစား ကျောင်းသားတိုင်းက သင်ယူနိုင်ပါတယ်၊ သူတို့နဲ့ ကိုက်ညီတဲ့ နည်းစနစ်ကိုရှာဖွေပြီး တစ်ယောက်ချင်းစီကို ဂရုတစိုက်သင်ပေးရမယ်လို့ တွေးတာမျိုးပေါ့။
ကလေးတွေမှာ သင်ယူနိုင်စွမ်းရှိတယ်၊ တိုးတက်နိုင်စွမ်းရှိတယ်ဆိုတာကို ယုံကြည်ပြီး သူတို့ကို အကောင်းဆုံး ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ ဒါမှ ကလေးတွေကိုယ်တိုင်က သူတို့ဟာ သင်ယူနိုင်စွမ်းရှိတယ်၊ တိုးတက်နိုင်စွမ်းရှိတယ်ဆိုပြီး စိတ်ကို ဖွင့်ထားနိုင်မှာပါ။
နောက်အပတ်တွေမှာ ကလေးတွေကို growth mindset ရှိလာအောင်လုပ်ပေးနိုင်မယ့် နည်းစနစ်တွေ မျှဝေပေးသွားပါ့မယ်။ ဒီတစ်ပတ်တော့ ဖတ်တဲ့ မိဘတွေ၊ ဆရာ၊မတွေအနေနဲ့ ကိုယ်တိုင်က Growth mindset နဲ့ fixed mindset မှာ ဘယ်အပိုင်းမှာ ပိုအားသာနေလဲဆိုတာ ဆန်းစစ်ကြည့်ပါဦး။ ပြီးရင် ကိုယ့်ရဲ့ စိတ်တံခါးကို ဖွင့်နိုင်အောင် ဘယ်လို ကြိုးစားကြည့်မယ်ဆိုတာ စဉ်းစားပြီး ကျွန်မတို့နဲ့အတူ မျှဝေပေးပါဦးနော်။ အားလုံး သင်ယူခွင့်ရရှိကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Reference – Mindset – changing the way you think to fulfil your potential by Dr Carol S. Dweck
Photo credit to – https://brainart.co/2019/03/19/art-and-growth-mindset/
[ Zawgyi ]
Growth mindset နဲ႔ Fixed mindsets အေၾကာင္း ေရးသားထားၾကသူေတြ၊ ရွင္းျပထားသူေတြ အမ်ားႀကီးရွိသလို အဓိပၸါယ္ကိုလည္း အမ်ိဳးမ်ိဳး ဘာသာျပန္ၾကပါတယ္။ ကၽြန္မကေတာ့ ဖြင့္ထားတဲ့ စိတ္တံခါးရွိတယ္ (အဖြင့္စိတ္ထားရွိတယ္) ဆိုရင္ Growth mindset လို႔ ဘာသာျပန္ၿပီး ပိတ္ထားတဲ့ စိတ္တံခါး ရွိတယ္ (အပိတ္စိတ္ထားရွိတယ္) ဆိုရင္ Fixed mindset လို႔ ဘာသာျပန္ပါတယ္။ အဖြင့္စိတ္၊ အပိတ္စိတ္ ေတြက ဘာေတြလဲ၊ ကၽြန္မတို႔လို ဆရာ၊မေတြ မိဘေတြမွာ ဘယ္လို စိတ္ထားေတြ ရွိေနလဲ၊ ကေလးေတြအတြက္ေရာ ဘယ္လို စိတ္ထားမ်ိဳး ရွိေအာင္ ပံ့ပိုးေပးရမလဲဆိုတာ ကၽြန္မ နားလည္သလို အက်ဥ္းခ်ဳပ္မၽွေဝပါ့မယ္။
Growth mindset နဲ႔ Fixed mindset အေၾကာင္းကို အေမရိကန္နိုင္ငံ Standford တကၠသိုလ္က Dr. Carol S. Dweck ရဲ့ သုေတသနေတြ႕ရွိခ်က္ေတြကို အေျခခံၿပီး ေရးထားတဲ့ mindset ဆိုတဲ့ စာအုပ္ကေန အဓိက သင္ယူခဲ့တာပါ။ စိတ္ဝင္စားသူမ်ား ဖတ္ရႈနိုင္ပါတယ္။
Growth mindset ဆိုတဲ့ အဖြင့္စိတ္ဆိုတာ “လူေတြဟာ ဇြဲရွိမယ္၊ ႀကိဳးစားမယ္၊ အားထုတ္ၾကမယ္ဆိုရင္ သင္ယူနိုင္စြမ္း၊ တိုးတက္နိုင္စြမ္းရွိတယ္ ဆိုတဲ့ ယုံၾကည္ခ်က္” ျဖစ္ပါတယ္။ အလြယ္ေျပာရရင္ သင္ယူဖို႔ တိုးတက္ဖို႔အတြက္ စိတ္ကို ဖြင့္ထားၾကသူေတြေပါ့။ ဥပမာ – အခက္အခဲ ၾကဳံလာရင္ အေကာင္းဆုံး ေျဖရွင္းနိုင္ဖို႔ ႀကိဳးစားတယ္။ လုပ္ေဆာင္နိုင္မယ့္ နည္းစနစ္သစ္ေတြ ရွာေဖြတယ္။ အမွားကေန သင္ယူစရာ ထုတ္ယူၿပီး အေကာင္းဆုံး ဆက္လုပ္မယ္ဆိုတဲ့ စိတ္နဲ႔ အလုပ္လုပ္တယ္။
Fixed mindset ဆိုတဲ့ အပိတ္စိတ္ဆိုတာ “လူေတြရဲ့ ဉာဏ္ရည္ဉာဏ္ေသြးနဲ႔ စြမ္းရည္ေတြဟာ ေမြးကတည္းက ပါလာၿပီးသားျဖစ္တယ္ဆိုတဲ့ ယုံၾကည္ခ်က္” ျဖစ္ပါတယ္။ တနည္းအားျဖင့္ ေျပာရရင္ သင္ယူဖို႔၊ တိုးတက္ဖို႔အတြက္ အခြင့္အလမ္းေတြမလာနိုင္ေအာင္၊ ရပ္တန႔္ေနေအာင္ စိတ္တံခါးပိတ္ထားၾကသူေတြေပါ့။ ဥပမာ – အခက္အခဲ ၾကဳံလာရင္ ဘယ္လို ေခါင္းေရွာင္ရမလဲဆိုတာ စဥ္းစားၾကတယ္။ အျခားသူေတြကို လက္ညႇိုးထိုး အျပစ္တင္တယ္။ အမွားလုပ္မိတဲ့အခါ ေရွာင္ေျပးတာမ်ိဳး၊ မ်က္ကြယ္ျပဳတာမ်ိဳး လုပ္ၾကတယ္။
Dr.Dweck က ဒီစိတ္ေနသေဘာထားေတြကို ေက်ာင္းသား၊သူေတြ သူတို႔ရဲ့ ရႈံးနိမ့္မႈ၊ အခက္အခဲေတြကို ၾကဳံေတြ႕တဲ့အခါ ဘယ္လို ရင္ဆိုင္ၾကသလဲဆိုတဲ့ အခ်က္အေပၚမွာ မူတည္ၿပီးေတာ့ သုေတသနျပဳခဲ့တာျဖစ္ပါတယ္။ အခ်ိဳ႕ ေက်ာင္းသားေတြက အခက္အခဲေတြနဲ႔ ၾကဳံတဲ့အခါ အေကာင္းဆုံး ေက်ာ္လႊားဖို႔အတြက္ ျပင္ဆင္ႀကိဳးစားၿပီး လုပ္ေဆာင္ၾကတယ္၊ အခ်ိဳ႕ကေတာ့ အခက္အခဲေတြကို ေရွာင္လႊဲဖို႔၊ ပုန္းေရွာင္ဖို႔ လုပ္ၾကတယ္။ အခက္အခဲေတြကို အေကာင္းဆုံး ရင္ဆိုင္ ေက်ာ္လႊားတဲ့ ကေလးေတြဟာ အခက္အခဲေတြကို မ်က္ႏွာလႊဲတတ္သူေတြထက္ ပညာေရးရလဒ္ေတြမွာ ပိုမို ေကာင္းမြန္ၾကတာကိုေတြ႕ရတယ္။ ကေလးေတြ ဘယ္စိတ္ေနသေဘာထား ရွိသလဲဆိုတဲ့အေပၚ မူတည္ၿပီး သူတို႔ရဲ့ ရလဒ္ေတြကလည္း ကြာသြားတယ္ဆိုတာ ေတြ႕ရွိခဲ့တယ္။
ကေလးေတြကို ကူညီပံ့ပိုးေပးမယ့္ ကၽြန္မတို႔ မိဘေတြ၊ ဆရာ၊မေတြကေရာ ဘယ္လို စိတ္ေနသေဘာထားေတြနဲ႔ ေနထိုင္ရွင္သန္ေနၾကလဲ။ Dr.Dweck ေပးထားတဲ့ လြယ္ကူတဲ့ ဆန္းစစ္တဲ့ စာေၾကာင္းေလးေတြ မၽွေဝပါ့မယ္။ ကိုယ့္အတြက္ ဘယ္နံပါတ္က မွန္လဲဆိုတာ မွတ္ထားပါ။
၁) အခ်ိဳ႕အရာေတြကို ငလုံးလုံး သင္ယူနိုင္စြမ္းမရွိဘူး/အခ်ိဳ႕အရာေတြမွာ ကိုယ္ဟာ ေတာ္ေတာ္ ညံ့တယ္။
၂) က်ရႈံးမွာ မစိုးရိမ္ပါဘူး။ အဲဒါက သင္ယူခြင့္ကို ေပးစြမ္းပါတယ္။
၃) အျခားသူေတြ ကိုယ့္ထက္ပိုေကာင္းေအာင္ လုပ္နိုင္တဲ့အခါ ကိုယ့္ကို အားငယ္ေစတယ္။
၄) အသစ္အသစ္ေတြ လုပ္ၾကည့္ရတာ ႀကိဳက္တယ္။ ကိုယ့္အရမ္းမကၽြမ္းက်င္ရင္ေတာင္မွေပါ့။
၅) ကိုယ္ေတာ္တဲ့အခ်က္ေတြ အျခားသူကို ျမင္ေအာင္ ျပနိုင္တဲ့အခါ ကိုယ့္ကိုကိုယ္ ေအာင္ျမင္သူႀကီးလို ခံစားရတယ္။
၆) အျခားသူေတြ ေအာင္ျမင္ၾကတဲ့အခါ ေလးစားအတုယူတယ္။
၇) ကိုယ့္ပတ္ဝန္းက်င္ကလူေတြ မလုပ္နိုင္တဲ့အရာ လုပ္ျပနိုင္တဲ့အခါ စိတ္ထဲ ေနလို႔ေကာင္းတယ္။
၈) ကိုယ္ဘယ္ေလာက္ ဉာဏ္ရည္ ထက္ျမတ္မႈက ေျပာင္းလဲလို႔ရတယ္။
၉) လူေတြဟာ ေမြးရာပါ ထူးခၽြန္ထက္ျမတ္ေတြ ပါလာၿပီးသား၊ ဘာမွ သိပ္ေျပာင္းလဲလို႔ မရနိုင္ဘူး။
၁၀) စိတ္ပ်က္၊ စိတ္ရႈပ္ရတဲ့ အရာေတြၾကဳံတဲ့အခါ ကိုယ့္ကို ပိုၿပီး ႀကိဳးစားဖို႔ တြန္းအားေတြရတယ္။
ေျဖၿပီးပါၿပီလား။ နံပါတ္ (၁)၊ (၃)၊ (၅)၊ (၇)၊ (၉) က fixed mindset ရွိတဲ့သူေတြ ေယဘူယ်အားျဖင့္ ၾကဳံေတြ႕ရတဲ့ အခ်က္ေတြျဖစ္ၿပီး နံပါတ္ (၂)၊ (၄)၊ (၆)၊ (၈)၊ (၁၀) ေတြကေတာ့ growth mindset ရွိသူေတြမွာ ရွိတတ္တဲ့ အရာေလးေတြျဖစ္ပါတယ္။ ေရြးခ်ယ္တဲ့အခါ Growth mindset ကိုယ္စားျပဳတဲ့ နံပါတ္ေတြ သီးသန႔္မဟုတ္ဘဲ Fixed mindset ရဲ့ နံပါတ္အခ်ိဳ႕လည္း ေရာေနတာမ်ိဳး ၾကဳံရလား။ ဒါဟာ ပုံမွန္ပါပဲ။ ကၽြန္မတို႔ေတြမွာ စိတ္ေနသေဘာထား ႏွစ္မ်ိဳးလုံး ရွိတတ္ပါတယ္ ဒါေပမယ့္ ဘယ္စိတ္ေနသေဘာထားက ပိုၿပီး မ်ားမ်ားရွိလဲဆိုတဲ့ အေပၚမွာ ကၽြန္မတို႔ရဲ့ ေအာင္ျမင္မႈ၊ ရလဒ္ေတြ ကြာဟသြားတာပါ။
ကၽြန္မတို႔ရဲ့ ကေလးေတြမွာ Growth mindset ေတြ ပိုရွိဖို႔ ကၽြန္မတို႔ ကိုယ္တိုင္ Growth mindset ေတြနဲ႔ လမ္းျပေရွ႕ေဆာင္လုပ္ဖို႔ အေရးႀကီးပါတယ္။
ဥပမာ – ဒီတစ္ေခါက္ သင္ရမယ့္အတန္းက လူဆိုးေလးေတြၾကည့္ပဲ။ သင္လို႔ကို မရဘူးလို႔ ေတြးမယ့္အစား ေက်ာင္းသားတိုင္းက သင္ယူနိုင္ပါတယ္၊ သူတို႔နဲ႔ ကိုက္ညီတဲ့ နည္းစနစ္ကိုရွာေဖြၿပီး တစ္ေယာက္ခ်င္းစီကို ဂ႐ုတစိုက္သင္ေပးရမယ္လို႔ ေတြးတာမ်ိဳးေပါ့။
ကေလးေတြမွာ သင္ယူနိုင္စြမ္းရွိတယ္၊ တိုးတက္နိုင္စြမ္းရွိတယ္ဆိုတာကို ယုံၾကည္ၿပီး သူတို႔ကို အေကာင္းဆုံး ပံ့ပိုးေပးဖို႔ လိုအပ္ပါတယ္။ ဒါမွ ကေလးေတြကိုယ္တိုင္က သူတို႔ဟာ သင္ယူနိုင္စြမ္းရွိတယ္၊ တိုးတက္နိုင္စြမ္းရွိတယ္ဆိုၿပီး စိတ္ကို ဖြင့္ထားနိုင္မွာပါ။
ေနာက္အပတ္ေတြမွာ ကေလးေတြကို growth mindset ရွိလာေအာင္လုပ္ေပးနိုင္မယ့္ နည္းစနစ္ေတြ မၽွေဝေပးသြားပါ့မယ္။ ဒီတစ္ပတ္ေတာ့ ဖတ္တဲ့ မိဘေတြ၊ ဆရာ၊မေတြအေနနဲ႔ ကိုယ္တိုင္က Growth mindset နဲ႔ fixed mindset မွာ ဘယ္အပိုင္းမွာ ပိုအားသာေနလဲဆိုတာ ဆန္းစစ္ၾကည့္ပါဦး။ ၿပီးရင္ ကိုယ့္ရဲ့ စိတ္တံခါးကို ဖြင့္နိုင္ေအာင္ ဘယ္လို ႀကိဳးစားၾကည့္မယ္ဆိုတာ စဥ္းစားၿပီး ကၽြန္မတို႔နဲ႔အတူ မၽွေဝေပးပါဦးေနာ္။ အားလုံး သင္ယူခြင့္ရရွိၾကပါေစ။
ေမတၱာျဖင့္…
Sayarma-ဆရာမ
Reference – Mindset – changing the way you think to fulfil your potential by Dr Carol S. Dweck
Photo credit to – https://brainart.co/2019/03/19/art-and-growth-mindset/