[Unicode]
ကျွန်မညနေက လမ်းလျှောက်ရင်း ဘေးပတ်ဝန်းကျင်က အပင်တွေ၊ အရွက်တွေ၊ ပိုးမွှားလေးတွေ၊ မြေအရောင် အမျိုးမျိုးကို သတိပြုမိတယ်၊ သတိပြုမိလို့ အခုတင်ထားတဲ့ ဓါတ်ပုံလေးကို ကျွန်မရိုက်ဖြစ်တယ်၊ ပြီးတော့ ကျွန်မတို့တစ်တွေဟာ လူတွေတင် မတူညီကွဲပြားကြတာမဟုတ်ဘဲ မတူညီစွာယှဉ်တွဲလှပနေတဲ့ သဘာဝတရားကြီးထဲမှာ ခြားနားလှတဲ့ ကျွန်မတို့တစ်တွေ ရှင်သန်နေရတဲ့ အကြောင်းကို ပိုပြီး စဉ်းစားလာမိတယ်။
စဉ်းစားကြည့်လေ။ ကျွန်မတို့ ရှူသွင်း၊ရှူထုတ်နေရတဲ့လေ၊ သောက်နေရတဲ့ ရေ၊ ဝတ်တဲ့အဝတ်အစားတွေ၊ စားနေကြတဲ့ အစားအစာတွေ အားလုံးရဲ့ အရင်းအမြစ်က ဘယ်ကရသလဲ။ ကျွန်မတို့နဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာ ကွန်ယက်တစ်ခုလို ချိတ်ဆက်ပြီး အပြန်အလှန် မှီတင်းနေထိုင်နေကြတာပဲ။ တစ်ကယ်ဆို ကျွန်မတို့ကတောင် သဘာဝ ပတ်ဝန်းကျင်ဆီက ပိုယူပြီး ကိုယ်ရတဲ့ အကျိုးအမြတ်လောက်တောင် ပြန် ဂရုမစိုက်ကြဘူးလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ ကျွန်မတို့ အနာဂါတ်မျိုးဆက်သစ်တွေ၊ ကျွန်မတို့တစ်တွေအတွက် မရှိမဖြစ် အရေးကြီးတဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းကို ကျွန်မဆွေးနွေးချင်ပါတယ်။
ကလေးတွေ ဘာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့သင့်သလဲ။
********************************
သဘာဝပတ်ဝန်းကျင်ဆိုတာ ကျွန်မတို့တွေအားလုံး ထိတွေ့နေရပြီး ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ အရာပါ။ သဘာဝပတ်ဝန်းကျင်ကနေ ကလေးတွေအတွက် တိုးတက်စေမယ့် အရာတွေ အများကြီးရှိပါတယ် အဲဒီ့အထဲက အကျိုးရလဒ် သုံးခုကတော့ –
၁) ကလေးတွေရဲ့
ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ကျမ်းမာရေးအတွက် အထောက်ကူပြုခြင်း – သန့်ရှင်းတဲ့လေကိုရှူရင် စိမ်းလန်းတဲ့နေရာ၊ မြေကွက်လပ်တွေမှာ ပြေးလွှား ဆော့ကစားရင် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို အထောက်ကူပြုတဲ့အပြင် စိတ်ဖိစီးမှု၊ အဝလွန်ရောဂါ စတာတွေကိုပါ ကာကွယ်ပြီးသားဖြစ်စေတယ်လို့ သုတေသနစာတမ်းတွေအရသိရပါတယ်။
၂) ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ သင်ယူမှုစွမ်းရည်ကို မြင့်တက်စေခြင်း – အစိမ်းရောင်မြင်ကွင်းတွေဟာ အမြင်အာရုံကို တိုးတက်စေတယ်၊သဘာဝအတိုင်း ဆော့ကစားရခြင်းဟာ စူးစိုက်မှုကို အားကောင်းစေလို့ ADHD တို့ အာရုံစူးစိုက်မှုအားနည်းတဲ့ ပြဿနာတို့ကို ကာကွယ်ပေးနိုင်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ သင်ယူစရာတွေနဲ့ ပြည့်နက်နေတာကို လေ့လာဖြစ်ရင် သင်ယူမှုကို ပိုပြီး အလေးထားတတ်လာတဲ့အတွက် သင်ယူမှု စွမ်းရည်ကိုလည်း တိုးတက်လာတယ်။
၃) ဘဝအတွက် လိုအပ်မယ့် စွမ်းရည်များ သင်ယူတတ်မြောက်ခြင်း – စုပေါင်းလုပ်ဆောင်တတ်ခြင်း၊ မိမိပတ်ဝန်းကျင်က အရာတွေကို တန်ဖိုးထားတတ်ခြင်း၊ အပြန်အလှန် လေးစားတတ်ခြင်း၊ စည်းကမ်းကျနခြင်း၊ ပြသနာဖြေရှင်းနိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်းစတဲ့ ဘဝအတွက် ကျွမ်းကျင်ဖို့ လိုအပ်တဲ့ စွမ်းရည်တွေ တိုးတက်စေပါတယ်။
အထူးသဖြင့် ၂၁ရာစုမှာ ကလေးတွေဟာ ဖုန်းတွေ၊ကွန်ပြူတာတွေ၊ တီဗွီတွေနဲ့ပဲ အိမ်ထဲ၊ အခန်းထဲမှာ အချိန်ကုန်လာကြပါတယ်။ နေထိုင်မှု ပုံစံအပြင် အစားအသောက်ပိုင်းမှာလည်း အသင့်စားရတဲ့ အစားအစာတွေ၊ ကယ်လိုရီများတဲ့အစားအစာတွေ စတာတွေကို ပိုစားလာကြတယ်။ အဲဒီ့လို ပြောင်းလဲလာတဲ့ ဘဝနေထိုင်စားသောက်မှုပုံစံတွေကြောင့် သဘာဝပတ်ဝန်းကျင်မှာ ပြေးလွှားကစားတာ၊ လေကောင်းလေသန့်ရတဲ့နေရာတွေသွားတာစတာတွေက ပိုပြီး ကျမ်းမာရေးအတွက် အရေးပါလာပါတယ်။
ကဲ ဒါဆိုရင် ကျွန်မတိို့ ကလေးတွေကို ဘယ်လို သဘာဝပတ်ဝန်းကျင်နဲ့ရင်းနှီးလာအောင် လုပ်ပေးကြမလဲ။
*****************************
ဒီအပတ်မှာ ကျွန်မကတော့ နည်းလမ်း ၅ ခု ကို မျှဝေချင်ပါတယ်။
၁) သဘာဝ ပြပွဲ – ကလေးတွေကို သူတို့ ကြိုက်တဲ့ ပစ္စည်းတွေကို မတူညီတဲ့နေရာတွေကနေ စုဆောင်းယူလာစေပြီး ပြသစေခြင်းဖြစ်ပါတယ်။ ဥပမာ – သစ်ရွက်တွေကို ယူခဲ့မယ်ဆိုရင်၊ အပင်စုံ နေရာစုံ အချိန်ကာလ အစုံက ဖြစ်နိုင်တဲ့အတွက် အရောင် အရွယ် အထိအတွေ့ စတာတွေလည်း မတူညီနိုင်ပါဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့ သဘာဝပစ္စည်းလေးတွေကို ယူလာပြီး သူတို့ ယူလာတဲ့ ပစ္စည်းလေးတွေနဲ့ ပတ်သတ်တာတွေ ဆက်လက် လေ့လာဖို့အတွက် ကူညီပေးပါ။ သူတို့ ပြသထားတာတွေကို ကြည့်ပြီး မတူညီမှု၊ ထူးခြားမှုတွေကို လေ့လာပြီး မတူညီမှုတွေရဲ့ အနောက်က မျိုးစေ့၊ အပင်သဘာဝ၊ ရာသီဥတု၊ မြေအနေအထား စတဲ့အကြောင်းအရာတွေကို ဆက်လက်ပြီး သင်ပေးလို့ရပါပြီ။
၂) အပင်များလက်တွေ့စိုက်ပျိုးခြင်း – ကလေးတွေကို ကိုယ်တိုင် အပင်စိုက်ခိုင်းတဲ့ လုပ်ငန်းပါ။ မျိုးစေ့ကနေပဲစိုက်စိုက်၊ အပင်ပေါက်ကနေပဲစိုက်စိုက်၊ ခြံထဲမှာပဲစိုက်စိုက်၊ ပန်းအိုးကိုယ်စီနဲ့စိုက်စိုက် စိုက်ခိုင်းပါ။ အပင်တွေရဲ့ သဘာဝကို သင်ပေးနိုင်သလို၊ အဖွဲ့လိုက်လုပ်ငန်းဖြစ်ခဲ့မယ်ဆိုရင် စုပေါင်းလုပ်ဆောင်တဲ့စွမ်းရည်၊ တာဝန်ယူတတ်တဲ့ စိတ်နဲ့ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးတတ်အောင်သင်ပေးလို့ရပါတယ်။ အပင်တွေစိုက်တဲ့အခါ ကလေးတွေကို ပုံစံအမျိုးမျိုးနဲ့လည်း စမ်းသပ်ပြီး စိုက်ခိုင်းလို့ရပါတယ်။ အဲဒီ့အပေါ်ကမှ တွေ့ရှိချက်တွေကို မှတ်တမ်းတင်ပြီး ဘယ်လိုအခြေအနေမှာ ဘယ်လိုစိုက်ရင် ဘယ်လိုအောင်မြင်နိုင်တယ် စတဲ့ အသိအမြင်တွေကို မျှဝေနိုင်သလို၊ အဲဒီ့လုပ်ငန်းကနေတစ်ဆင့် သုတေသနလုပ်တဲ့ စွမ်းရည်၊ အချက်အလက်တွေကို ခွဲခြမ်း သုံးသပ်တတ်တဲ့ စွမ်းရည်တွေကို ပျိုးထောင်ပေးနိုင်မှာပါ။
၃) ပတ်ဝန်းကျင်ကို လေ့လာခြင်း – မိမိပတ်ဝန်းကျင်က မြေကွက်လပ်သေးသေးလေး၊ သို့မဟုတ် ပန်းအိုးတစ်အိုး စတဲ့ အရာတွေကို အသေးစိတ်လေ့လာစေပါ။ ကျွန်မတို့ RWCT သင်တန်းတက်တုန်းက Biodiversityကို လေ့လာတဲ့လုပ်ငန်းမျိုးပေါ့။ တစ်ပေပတ်လည် အကွက်လေးအတွင်းမှာရှိတဲ့ မတူညီတဲ့ ပိုးမွှားတွေ၊ အပင်အမျိုးအစားတွေ၊ အရောင်တွေ စတာတွေကို အသေးစိတ်ကြည့်ရှုရင်းလေ့လာခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့ထဲလို မြေကွက်လပ်ရှာရခဲတဲ့ နေရာမျိုးဆိုရင် ပန်းအိုးကို အသုံးပြုလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်လတစ်ခါ၊ နှစ်ပတ်တစ်ခါ အနည်းဆုံး ကလေးတွေကို မြေပြင်ကျယ်ကျယ်ရှိတဲ့ ပန်းခြံတွေ၊ သစ်တောတွေဆီကို လိုက်ပို့ရင်း ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိတွေ အကြောင်း၊ အပင်တွေ အကြောင်းကိုသင်ပေးပါ။
၄) သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် နေပြပါ – ကလေးတွေဆိုတာ လူကြီးမိဘဆရာသမားတွေကို အမြဲ စောင့်ကြည့်ပြီး သင်ယူကြပါတယ်။ လူကြီးတွေကိုယ်တိုင်က သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့အပြုအမူတွေကို ကိုယ်တိုင်လုပ်ပြီး ကလေးတွေကို သင်ယူစေပါ။ ဥပမာ – ပလတ်စတစ်ကို လျှော့သုံးခြင်း(ဖြစ်နိုင်ရင် လုံးဝမသုံးပါနဲ့။)၊ စျေးသွားရင် စျေးခြင်းတောင်းယူသွားခြင်း၊ အမှိုက်ကို အမှိုက်တောင်းထဲထည့်ပစ်ခြင်း (အမှိုက်တောင်းမတွေ့ရင် ကိုယ့်အိတ်ထဲကိုယ်ပြန်ထည့်ပြီး အိမ်ကအမှိုက်ပုံးမှာ ပစ်တာမျိုး)၊ ကွမ်းသွေးကို ထင်သလို မထွေးခြင်း၊ မလိုအပ်ဘဲ ပစ္စည်းတွေကို မဝယ်ခြင်း စတဲ့ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းတဲ့ အပြုအမူတွေကို ရှေ့က ဦးဆောင်လုပ်ပြခြင်းအားဖြင့် သင်ယူစေပါ။
၅) မြေပေါ်ဆော့ကစားစေပါ – မြေပြင်ပေါ်၊ ပန်းခြံထဲ ကလေးတွေ ပြေးလွှားဆော့ကစားခြင်းဟာ ကလေးတွေရဲ့ မှတ်ဉာဏ်ဖွံ့ဖြိုးမှုအပြင် အာရုံစူးစိုက်နိုင်စွမ်းအတွက်ပါ ကောင်းပါတယ်။ အထူးသဖြင့် အာရုံမစူးစိုက်နိုင်တဲ့ကလေးတွေမှာ စွမ်းအင်တွေ အလွန်ရှိနေတတ်ကြပါတယ်။ သူတို့ရဲ့ စွမ်းအင်တွေကြောင့် တစ်ချိန်လုံး ငြိမ်ငြိမ်နေဖို့ခက်ခဲပြီး တစ်ခုခုကို အမြဲလုပ်နေတတ်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ စွမ်းအင်တွေအချို့ကို ပြေးလွှား ဆော့ကစားတဲ့နေရာမှာ အသုံးပြုလိုက်တယ်ဆိုရင် ငြိမ်ပြီး လုပ်ရမယ့်အလုပ်၊ အာရုံ စူးစိုက်ရတဲ့အလုပ်တွေမှာ ပိုပြီး တိုးတက်လာပါလိမ့်မယ်။
အချုပ်မှာ ကျွန်မ မျှဝေချင်တာကတော့ ကျွန်မတို့တစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဟာ အမြဲ ထိတွေ့ရမယ့် အရာတွေ ဖြစ်တယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်အကြောင်းနားလည်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်စေဖို့၊ အရေးကြီးဆုံးကတော့ သဘာဝပတ်ဝန်းကျင်နဲ့အတူ အပြန်အလှန်အန္တရာယ်မပြုဘဲ ကောင်းမွန်စွာ နေနိုင်ဖို့ သင်ပေးဖို့လိုပါ တယ်။ ပတ်ဝန်းကျင်အကြောင်းကနေ ကျွန်မတို့သင်ပေးချင်တဲ့ ကျွမ်းကျင်မှုတွေ၊ စိတ်နေသဘောထားတွေ၊ ဘာသာရပ်ဆိုင်ရာ ဗဟုသုတတွေလည်း အများကြီး ချိတ်ဆက်ပြီး သင်ပေးလို့ရပါတယ်။ ဆရာ၊မတို့ မေမေ၊ဖေဖေတို့ အသုံးပြုတဲ့ အခြား နည်းလမ်းကောင်းတွေရှိရင် လည်း မျှဝေပေးပါဦး။ အခု မြင်တဲ့ ဓါတ်ပုံထဲမှာရော ဘာတွေ တွေ့မိလဲ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
စာညွှန်းအနေနဲ့တော့မဟုတ်ပါဘူး၊ ထပ်ပြီးလေ့လာသူလိုသူတွေ စိတ်ဝင်စားရင် ဖတ်လို့ရအောင် အချို့ လင့်ခ်တွေ ရှာပေးထားတာပါ။
[Zawgyi]
ကၽြန္မညေနက လမ္းေလွ်ာက္ရင္း ေဘးပတ္ဝန္းက်င္က အပင္ေတြ၊ အရြက္ေတြ၊ ပိုးမႊားေလးေတြ၊ ေျမအေရာင္ အမ်ိဳးမ်ိဳးကို သတိျပဳမိတယ္၊ သတိျပဳမိလုိ႕ အခုတင္ထားတဲ့ ဓါတ္ပံုေလးကို ကၽြန္မရိုက္ျဖစ္တယ္၊ ျပီးေတာ့ ကၽြန္မတို႕တစ္ေတြဟာ လူေတြတင္ မတူညီကြဲျပားၾကတာမဟုတ္ဘဲ မတူညီစြာယွဥ္တြဲလွပေနတဲ့ သဘာဝတရားၾကီးထဲမွာ ျခားနားလွတဲ့ ကၽြန္မတို႕တစ္ေတြ ရွင္သန္ေနရတဲ့ အေၾကာင္းကို ပိုျပီး စဥ္းစားလာမိတယ္။
စဥ္းစားၾကည့္ေလ။ ကၽြန္မတို႕ ရွဴသြင္း၊ရွဴထုတ္ေနရတဲ့ေလ၊ ေသာက္ေနရတဲ့ ေရ၊ ဝတ္တဲ့အဝတ္အစားေတြ၊ စားေနၾကတဲ့ အစားအစာေတြ အားလံုးရဲ႕ အရင္းအျမစ္က ဘယ္ကရသလဲ။ ကၽြန္မတို႕နဲ႕ သဘာဝပတ္ဝန္းက်င္ဆိုတာ ကြန္ယက္တစ္ခုလို ခ်ိတ္ဆက္ျပီး အျပန္အလွန္ မွီတင္းေနထုိင္ေနၾကတာပဲ။ တစ္ကယ္ဆို ကၽြန္မတို႕ကေတာင္ သဘာဝ ပတ္ဝန္းက်င္ဆီက ပိုယူျပီး ကိုယ္ရတဲ့ အက်ိဳးအျမတ္ေလာက္ေတာင္ ျပန္ ဂရုမစိုက္ၾကဘူးလို႕ ေျပာရင္ ပိုမွန္မယ္ထင္တယ္။ ကၽြန္မတို႕ အနာဂါတ္မ်ိဳးဆက္သစ္ေတြ၊ ကၽြန္မတို႕တစ္ေတြအတြက္ မရွိမျဖစ္ အေရးၾကီးတဲ့ သဘာဝပတ္ဝန္းက်င္အေၾကာင္းကို ကၽြန္မေဆြးေႏြးခ်င္ပါတယ္။
ကေလးေတြ ဘာေၾကာင့္ သဘာဝပတ္ဝန္းက်င္နဲ႕ ထိေတြ႕သင့္သလဲ။
********************************
သဘာဝပတ္ဝန္းက်င္ဆိုတာ ကၽြန္မတို႕ေတြအားလံုး ထိေတြ႕ေနရျပီး ဘယ္လိုမွ ေရွာင္လႊဲလို႕မရတဲ့ အရာပါ။ သဘာဝပတ္ဝန္းက်င္ကေန ကေလးေတြအတြက္ တိုးတက္ေစမယ့္ အရာေတြ အမ်ားၾကီးရွိပါတယ္ အဲဒီ့အထဲက အက်ိဳးရလဒ္ သံုးခုကေတာ့ –
၁) ကေလးေတြရဲ႕
ကိုယ္ခႏၶာဖြံ႕ျဖိဳးမွဳနဲ႕ က်မ္းမာေရးအတြက္ အေထာက္ကူျပဳျခင္း – သန္႕ရွင္းတဲ့ေလကိုရွဴရင္ စိမ္းလန္းတဲ့ေနရာ၊ ေျမကြက္လပ္ေတြမွာ ေျပးလႊား ေဆာ့ကစားရင္ ကိုယ္ခႏၶာဖြံ႕ျဖိဳးမွဳကို အေထာက္ကူျပဳတဲ့အျပင္ စိတ္ဖိစီးမွဳ၊ အဝလြန္ေရာဂါ စတာေတြကိုပါ ကာကြယ္ျပီးသားျဖစ္ေစတယ္လို႕ သုေတသနစာတမ္းေတြအရသိရပါတယ္။
၂) ကေလးေတြရဲ႕ ဥာဏ္ရည္နဲ႕ သင္ယူမွဳစြမ္းရည္ကို ျမင့္တက္ေစျခင္း – အစိမ္းေရာင္ျမင္ကြင္းေတြဟာ အျမင္အာရံုကို တိုးတက္ေစတယ္၊သဘာဝအတုိင္း ေဆာ့ကစားရျခင္းဟာ စူးစိုက္မွဳကို အားေကာင္းေစလို႕ ADHD တို႕ အာရံုစူးစိုက္မွဳအားနည္းတဲ့ ျပႆနာတို႕ကို ကာကြယ္ေပးနုိင္တယ္။ ပတ္ဝန္းက်င္တစ္ခုလံုးမွာ သင္ယူစရာေတြနဲ႕ ျပည့္နက္ေနတာကို ေလ့လာျဖစ္ရင္ သင္ယူမွဳကို ပိုျပီး အေလးထားတတ္လာတဲ့အတြက္ သင္ယူမွဳ စြမ္းရည္ကိုလည္း တိုးတက္လာတယ္။
၃) ဘဝအတြက္ လိုအပ္မယ့္ စြမ္းရည္မ်ား သင္ယူတတ္ေျမာက္ျခင္း – စုေပါင္းလုပ္ေဆာင္တတ္ျခင္း၊ မိမိပတ္ဝန္းက်င္က အရာေတြကို တန္ဖိုးထားတတ္ျခင္း၊ အျပန္အလွန္ ေလးစားတတ္ျခင္း၊ စည္းကမ္းက်နျခင္း၊ ျပသနာေျဖရွင္းနုိင္ျခင္း၊ တီထြင္ဖန္တီးနုိင္ျခင္းစတဲ့ ဘဝအတြက္ ကၽြမ္းက်င္ဖုိ႕ လိုအပ္တဲ့ စြမ္းရည္ေတြ တိုးတက္ေစပါတယ္။
အထူးသျဖင့္ ၂၁ရာစုမွာ ကေလးေတြဟာ ဖုန္းေတြ၊ကြန္ျပဴတာေတြ၊ တီဗြီေတြနဲ႕ပဲ အိမ္ထဲ၊ အခန္းထဲမွာ အခ်ိန္ကုန္လာၾကပါတယ္။ ေနထုိင္မွု ပံုစံအျပင္ အစားအေသာက္ပိုင္းမွာလည္း အသင့္စားရတဲ့ အစားအစာေတြ၊ ကယ္လိုရီမ်ားတဲ့အစားအစာေတြ စတာေတြကို ပိုစားလာၾကတယ္။ အဲဒီ့လို ေျပာင္းလဲလာတဲ့ ဘဝေနထုိင္စားေသာက္မွဳပံုစံေတြေၾကာင့္ သဘာဝပတ္ဝန္းက်င္မွာ ေျပးလႊားကစားတာ၊ ေလေကာင္းေလသန္႕ရတဲ့ေနရာေတြသြားတာစတာေတြက ပိုျပီး က်မ္းမာေရးအတြက္ အေရးပါလာပါတယ္။
ကဲ ဒါဆိုရင္ ကၽြန္မတိုိ႕ ကေလးေတြကို ဘယ္လို သဘာဝပတ္ဝန္းက်င္နဲ႕ရင္းႏွီးလာေအာင္ လုပ္ေပးၾကမလဲ။
*****************************
ဒီအပတ္မွာ ကၽြန္မကေတာ့ နည္းလမ္း ၅ ခု ကို မွ်ေဝခ်င္ပါတယ္။
၁) သဘာဝ ျပပြဲ – ကေလးေတြကို သူတို႕ ၾကိဳက္တဲ့ ပစၥည္းေတြကို မတူညီတဲ့ေနရာေတြကေန စုေဆာင္းယူလာေစျပီး ျပသေစျခင္းျဖစ္ပါတယ္။ ဥပမာ – သစ္ရြက္ေတြကို ယူခဲ့မယ္ဆိုရင္၊ အပင္စံု ေနရာစံု အခ်ိန္ကာလ အစံုက ျဖစ္နုိင္တဲ့အတြက္ အေရာင္ အရြယ္ အထိအေတြ႕ စတာေတြလည္း မတူညီနုိင္ပါဘူး။ ကိုယ္ၾကိဳက္ႏွစ္သက္တဲ့ သဘာဝပစၥည္းေလးေတြကို ယူလာျပီး သူတို႕ ယူလာတဲ့ ပစၥည္းေလးေတြနဲ႕ ပတ္သတ္တာေတြ ဆက္လက္ ေလ့လာဖို႕အတြက္ ကူညီေပးပါ။ သူတို႕ ျပသထားတာေတြကို ၾကည့္ျပီး မတူညီမွဳ၊ ထူးျခားမွဳေတြကို ေလ့လာျပီး မတူညီမွဳေတြရဲ႕ အေနာက္က မ်ိဳးေစ့၊ အပင္သဘာဝ၊ ရာသီဥတု၊ ေျမအေနအထား စတဲ့အေၾကာင္းအရာေတြကို ဆက္လက္ျပီး သင္ေပးလို႕ရပါျပီ။
၂) အပင္မ်ားလက္ေတြ႕စိုက္ပ်ိဳးျခင္း – ကေလးေတြကို ကိုယ္တိုင္ အပင္စိုက္ခိုင္းတဲ့ လုပ္ငန္းပါ။ မ်ိဳးေစ့ကေနပဲစိုက္စိုက္၊ အပင္ေပါက္ကေနပဲစိုက္စုိက္၊ ျခံထဲမွာပဲစိုက္စိုက္၊ ပန္းအိုးကိုယ္စီနဲ႕စိုက္စိုက္ စိုက္ခိုင္းပါ။ အပင္ေတြရဲ႕ သဘာဝကို သင္ေပးနုိင္သလို၊ အဖြဲ႕လုိက္လုပ္ငန္းျဖစ္ခဲ့မယ္ဆိုရင္ စုေပါင္းလုပ္ေဆာင္တဲ့စြမ္းရည္၊ တာဝန္ယူတတ္တဲ့ စိတ္နဲ႕ သဘာဝပတ္ဝန္းက်င္ကုိ ျမတ္နိုးတတ္ေအာင္သင္ေပးလို႕ရပါတယ္။ အပင္ေတြစိုက္တဲ့အခါ ကေလးေတြကို ပံုစံအမ်ိဳးမ်ိဳးနဲ႕လည္း စမ္းသပ္ျပီး စိုက္ခုိင္းလို႕ရပါတယ္။ အဲဒီ့အေပၚကမွ ေတြ႕ရွိခ်က္ေတြကို မွတ္တမ္းတင္ျပီး ဘယ္လိုအေျခအေနမွာ ဘယ္လိုစိုက္ရင္ ဘယ္လိုေအာင္ျမင္နုိင္တယ္ စတဲ့ အသိအျမင္ေတြကို မွ်ေဝနုိင္သလို၊ အဲဒီ့လုပ္ငန္းကေနတစ္ဆင့္ သုေတသနလုပ္တဲ့ စြမ္းရည္၊ အခ်က္အလက္ေတြကို ခြဲျခမ္း သံုးသပ္တတ္တဲ့ စြမ္းရည္ေတြကို ပ်ိဳးေထာင္ေပးနုိင္မွာပါ။
၃) ပတ္ဝန္းက်င္ကို ေလ့လာျခင္း – မိမိပတ္ဝန္းက်င္က ေျမကြက္လပ္ေသးေသးေလး၊ သို႕မဟုတ္ ပန္းအိုးတစ္အိုး စတဲ့ အရာေတြကို အေသးစိတ္ေလ့လာေစပါ။ ကၽြန္မတို႕ RWCT သင္တန္းတက္တုန္းက Biodiversityကို ေလ့လာတဲ့လုပ္ငန္းမ်ိဳးေပါ့။ တစ္ေပပတ္လည္ အကြက္ေလးအတြင္းမွာရွိတဲ့ မတူညီတဲ့ ပိုးမႊားေတြ၊ အပင္အမ်ိဳးအစားေတြ၊ အေရာင္ေတြ စတာေတြကို အေသးစိတ္ၾကည့္ရွဳရင္းေလ့လာျခင္းျဖစ္ပါတယ္။ ရန္ကုန္ျမိဳ႕ထဲလို ေျမကြက္လပ္ရွာရခဲတဲ့ ေနရာမ်ိဳးဆိုရင္ ပန္းအိုးကို အသံုးျပဳလုိ႕ရပါတယ္။ ျဖစ္နုိင္ရင္ေတာ့ တစ္လတစ္ခါ၊ ႏွစ္ပတ္တစ္ခါ အနည္းဆံုး ကေလးေတြကို ေျမျပင္က်ယ္က်ယ္ရွိတဲ့ ပန္းျခံေတြ၊ သစ္ေတာေတြဆီကို လုိက္ပို႕ရင္း ပတ္ဝန္းက်င္မွာရွိတဲ့ သက္ရွိေတြ အေၾကာင္း၊ အပင္ေတြ အေၾကာင္းကိုသင္ေပးပါ။
၄) သဘာဝပတ္ဝန္းက်င္ကို မထိခုိက္ေအာင္ ေနျပပါ – ကေလးေတြဆိုတာ လူၾကီးမိဘဆရာသမားေတြကို အျမဲ ေစာင့္ၾကည့္ျပီး သင္ယူၾကပါတယ္။ လူၾကီးေတြကိုယ္တုိင္က သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစတဲ့အျပဳအမူေတြကို ကိုယ္တုိင္လုပ္ျပီး ကေလးေတြကို သင္ယူေစပါ။ ဥပမာ – ပလတ္စတစ္ကို ေလွ်ာ႕သံုးျခင္း(ျဖစ္နုိင္ရင္ လံုးဝမသံုးပါနဲ႕။)၊ ေစ်းသြားရင္ ေစ်းျခင္းေတာင္းယူသြားျခင္း၊ အမွိဳက္ကို အမွိဳက္ေတာင္းထဲထည့္ပစ္ျခင္း (အမိွဳက္ေတာင္းမေတြ႕ရင္ ကိုယ့္အိတ္ထဲကိုယ္ျပန္ထည့္ျပီး အိမ္ကအမိွဳက္ပံုးမွာ ပစ္တာမ်ိဳး)၊ ကြမ္းေသြးကို ထင္သလို မေထြးျခင္း၊ မလိုအပ္ဘဲ ပစၥည္းေတြကို မဝယ္ျခင္း စတဲ့ သဘာဝပတ္ဝန္းက်င္အတြက္ ေကာင္းတဲ့ အျပဳအမူေတြကို ေရွ႕က ဦးေဆာင္လုပ္ျပျခင္းအားျဖင့္ သင္ယူေစပါ။
၅) ေျမေပၚေဆာ့ကစားေစပါ – ေျမျပင္ေပၚ၊ ပန္းျခံထဲ ကေလးေတြ ေျပးလႊားေဆာ့ကစားျခင္းဟာ ကေလးေတြရဲ႕ မွတ္ဥာဏ္ဖြံ႕ျဖိဳးမွဳအျပင္ အာရံုစူးစိုက္နုိင္စြမ္းအတြက္ပါ ေကာင္းပါတယ္။ အထူးသျဖင့္ အာရုံမစူးစိုက္နုိင္တဲ့ကေလးေတြမွာ စြမ္းအင္ေတြ အလြန္ရွိေနတတ္ၾကပါတယ္။ သူတို႕ရဲ႕ စြမ္းအင္ေတြေၾကာင့္ တစ္ခ်ိန္လံုး ျငိမ္ျငိမ္ေနဖို႕ခက္ခဲျပီး တစ္ခုခုကို အျမဲလုပ္ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ သူတို႕ရဲ႕ စြမ္းအင္ေတြအခ်ိဳ႕ကို ေျပးလႊား ေဆာ့ကစားတဲ့ေနရာမွာ အသံုးျပဳလုိက္တယ္ဆုိရင္ ျငိမ္ျပီး လုပ္ရမယ့္အလုပ္၊ အာရံု စူးစိုက္ရတဲ့အလုပ္ေတြမွာ ပိုျပီး တိုးတက္လာပါလိမ့္မယ္။
အခ်ဳပ္မွာ ကၽြန္မ မွ်ေဝခ်င္တာကေတာ့ ကၽြန္မတို႕တစ္ေတြနဲ႕ သဘာဝပတ္ဝန္းက်င္ဟာ အျမဲ ထိေတြ႕ရမယ့္ အရာေတြ ျဖစ္တယ္။ ဒါေၾကာင့္ သဘာဝပတ္ဝန္းက်င္အေၾကာင္းနားလည္ဖုိ႕၊ သဘာဝပတ္ဝန္းက်င္ကို ခ်စ္ျမတ္နုိးျပီး တန္ဖိုးထားတတ္ေစဖုိ႕၊ အေရးၾကီးဆံုးကေတာ့ သဘာဝပတ္ဝန္းက်င္နဲ႕အတူ အျပန္အလွန္အႏၱရာယ္မျပဳဘဲ ေကာင္းမြန္စြာ ေနနုိင္ဖို႕ သင္ေပးဖို႕လိုပါ တယ္။ ပတ္ဝန္းက်င္အေၾကာင္းကေန ကၽြန္မတို႕သင္ေပးခ်င္တဲ့ ကၽြမ္းက်င္မွဳေတြ၊ စိတ္ေနသေဘာထားေတြ၊ ဘာသာရပ္ဆုိင္ရာ ဗဟုသုတေတြလည္း အမ်ားၾကီး ခ်ိတ္ဆက္ျပီး သင္ေပးလို႕ရပါတယ္။ ဆရာ၊မတို႕ ေမေမ၊ေဖေဖတို႕ အသံုးျပဳတဲ့ အျခား နည္းလမ္းေကာင္းေတြရွိရင္ လည္း မွ်ေဝေပးပါဦး။ အခု ျမင္တဲ့ ဓါတ္ပံုထဲမွာေရာ ဘာေတြ ေတြ႕မိလဲ။
ေမတၱာျဖင့္…
Sayarma-ဆရာမ
စာညႊန္းအေနနဲ႕ေတာ့မဟုတ္ပါဘူး၊ ထပ္ျပီးေလ့လာသူလိုသူေတြ စိတ္ဝင္စားရင္ ဖတ္လို႕ရေအာင္ အခ်ိဳ႕ လင့္ခ္ေတြ ရွာေပးထားတာပါ။